မိုးလေဝသ သတင်းကြေညာနေချိန်မှာ ဝင်နှောင့်ယှက်ခဲ့တဲ့ ကြောင်လေးတစ်ကောင်

ဒီကြောင်လေးကတော့ မိုးလေဝသသတင်းကြည့်ရတာကို ပျော်စရာကောင်းအောင် လုပ်ပေးခဲ့ပါတယ်။ “ဟေ့လူ ကျွန်တော့်ကို ဂရုစိုက်ပါ။ ကျွန်တော်က ခင်ဗျားလုပ်နေတာတွေထက် ပိုအရေးပါတယ်” ဆိုတဲ့ပုံနဲ့ ကြောင်လေးတွေပြုမူနေကျအတိုင်း မိုးလေဝသသတင်းကြေညာနေသူကို လာချီခိုင်းခဲ့တာပါ။

agiogmxde/Youtube

ဂျာမန်ရုပ်သံလိုင်းတစ်ခုမှာ အစီအစဉ်တင်ဆက်သူ Jorg Kachelmann က မိုးလေဝသသတင်းကြေညာနေစဉ်မှာ အောက်ဘက်ကနေ ကြောင်အမြီးတစ်ချောင်းပေါ်လာခဲ့ပါတယ်။ ကြောင်လေးက Jorg ရဲ့ ခြေထောက်တွေကို အတင်းပွတ်သပ်ပြီး ချီခိုင်းနေခဲ့တာကြောင့် Jorg လည်း ကောက်ချီခဲ့ရပါတော့တယ်။ Jorg လည်း ကြောင်တွေရဲ့ အထာကိုသိစွာ အေးအေးဆေးဆေး ဆက်တိုက်ချီထားနိုင်ခဲ့ပြီး သတင်းဆက်ကြေညာခဲ့ပါတယ်။

agiogmxde/Youtube

Lupin ဆိုတဲ့ ၎င်းကြောင်လေးက ၎င်းစတူဒီယိုက ပိုင်တဲ့ ကြောင်လေးဖြစ်ပြီး သတင်းကြေညာခြင်းပြီးဆုံးတဲ့အထိ Joerg ပေါ်မှာ နေနေခဲ့ပါတယ်။ အောက်မှာ ဗီဒီယိုလေးထည့်ပေးထားတယ်နော်။

White (Shwemom)

Ref: Cats My Life

SHARE