သခင်ဖြစ်သူကို အရမ်းကပ်လွန်းလို့ သခင့်ရဲ့ဇနီးကပါ မနာလိုဖြစ်နေရတဲ့ ကြောင်လေး

[email protected] Hami

ကြောင်ကလေးတွေဆိုတာ သခင်အပေါ်ကို အရမ်းပွတ်သီးပွတ်သပ်လုပ်တတ်ပြီး အရမ်းချွဲတတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင့် ကြောင်ကလေးအများစုကတော့ ချောင်တစ်ချောင်မှာ အမြဲလိုလိုခွေနေတတ်ပြီး အစာစားချိန်၊ အပြင်ထွက်ချင်တဲ့ အချိန်ရောက်မှ သခင်ဖြစ်သူထံ လာပြီးပွတ်သပ်နေတတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောချင်တဲ့ ကြောင်ကလေးကတော့ သူ့သခင်ဖြစ်သူအနားမှာ အချိန်ပြည့်ကပ်နေတတ်ပြီး သခင်ဖြစ်သူရဲ့ ဇနီးကပါ အဆိုပါကြောင်ကလေးကို မနာလို ဖြစ်နေရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Nasrin Hami

အဆိုပါကြောင်ကလေးကတော့ Jarvis လို့ အမည်ရတဲ့ ကြောင်ထီးကလေးပဲ ဖြစ်ပါတယ်။ Jarvis လေးဟာ Scottish Fold cat ကြောင်အမျိုးအစားဖြစ်ပြီး သခင်တွေနဲ့ အရမ်းပွတ်သီးပွတ်သပ်နေတတ်တဲ့ ကြောင်ကလေးဆိုလည်း မမှားပါဘူး။ အမှန်တော့ Jarvis လေးကို သခင်မဖြစ်သူ Nasrin Hami လို့ အမည်ရတဲ့ အမျိုးသမီးက မွေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်ထီးလေး Jarvis ဟာ သူ့ရဲ့ သခင်မ Nasrin ကို ပွတ်သီးပွတ်သပ်နေရမယ့်အစား Nasrin ရဲ့ အမျိုးသားဖြစ်သူကိုပဲ အချိန်ပြည့် ပွတ်သီးပွတ်သပ်နေနေတ်ပါတယ်။

READ
အဖွဲ့ဝင် (၂)သိန်းကျော်အထိ ရှိလာတဲ့ တရုတ်နံနံ မုန်းတီးသူများရဲ့ Facebook Page
Nasrin Hami

Nasrin ရဲ့ အမျိုးသားဖြစ်သူ ရုံသွားတဲ့အချိန်ဆိုရင် တစ်နေကုန်အိပ်နေတတ်ပြီး ပြန်ရောက်တာနဲ့ လုံးဝ အနားကကို မခွာတော့ပါဘူး။ ဒါ့အပြင် Nasrin ရဲ့ အမျိုးသားဖြစ်သူ ရေချိုးတဲ့အချိန်၊ အိမ်သာဝင်နေတဲ့အချိန်ဆိုရင်လည်း တံခါးအရှေ့မှာ သူ့သခင် မထွက်လာချင်း ထိုင်စောင့်နေတဲ့သူကတော့ Jarvis ပါပဲ။ Nasrin နဲ့ သူ့အမျိုးသား ထမင်းစားရင်လည်း ထမင်းစားပွဲဝိုင်းပေါ် တက်ထိုင်နေပြီး သခင်ဖြစ်သူကျွေးသမျှကို စားလေ့ရှိပါတယ်။ Nasrin တစ်ယောက် က သူ့အမျိုးသားကို ဟင်းခပ်ပေးတို့၊ ကြက်သားအရိုးနွှင်ပေးတာတို့ လုပ်ရင်လည်း Nasrin ကို မျက်မှောင်ကြီးကြုံ့ပြီး ထိုင်ကြည့်နေတတ်တာလည်း Jarvis ပါပဲ။

Nasrin Hami
Nasrin Hami

“Javis ကတော့ တစ်ကယ့်ကောင်ပါပဲ။ ကျွန်မဆို ဘယ်တော့မှ အဖတ်မလုပ်ဘူး။ ကျွန်မအမျိုးသားဆိုရင်တော့ သူ့ကို နှစ်ခါခေါ်စရာတောင်မလိုဘူး။ တော်တော်လေးကို ပူးပူးကပ်ကပ်နေရတာ ကြိုက်တဲ့ပုံပါပဲ။ တော်တော်လည်း အဆော့သန်တယ်။ အိမ်လာလည်တဲ့လူမှန်သမျှနဲ့လည်း တည့်အောင်နေတတ်တယ်။ ကျွန်မကိုတော့ သူ့သခင်ရဲ့ မိန်းမဖြစ်တော့ သိပ်ကြည်ပုံမရဘူး။ သူ့သခင်၊ ကျွန်မအမျိုးသားကိုတော့ တော်တော်လေးကို ဂရုစိုက်ပါတယ်။ Jarvis က တော်တော်မနာလိုဖို့ကောင်းတဲ့ ကြောင်ထီးတစ်ကောင်ပါပဲ” လို့ Nasrin က ပြောကြားခဲ့ပါတယ်။

เมียหลวงบอกว่า.. อยากมีหนมแมวเลียกิน หัดอยู่ให้เป็น 💬อ่ะๆอ้อนกะด้าย แถมนวดให้ด้วย พอใจยัง⁉️ 😼

Posted by Nasrin Hami on Wednesday, September 9, 2020

Pyi Hein Kyaw

SHARE