Twitter မှာ Zack King ဆိုတဲ့ account ကနေပြီး သူနဲ့ချစ်သူတို့မွေးထားတဲ့ ကြောင်လေးအကြောင်း ပိုစ့်တွ ဆက်တိုက်တင်နေခဲ့ပါတယ်။ လူတွေကလည်း အဲဒီပိုစ့်တွေကို စောင့်ဖတ်ရလောက်တဲ့အထိကို ကြောင်လေးက နာမည်ကြီးနေခဲ့တာပါ။
ပထမဆုံး ဇန်နဝါရီ ၃ ရက်နေ့တုန်းက ပိုစ့်လေးမှာတော့ သူတို့ရဲ့ကြောင်လေး Billy ဟာ ၂၀၂၀ ကိုဗစ်လလအတွင်းမှာ အလုပ်ရသွားခဲ့ပါတယ်တဲ့လေ။ အဲဒါကေတာ့ စာပို့သမားလေးပါ။ စာပို့သမားလေး Billy တစ်ကောင် စာပို့သမား ဘယ်လိုဖြစ်လာသလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
My cat Billy became a postman in 2020, a thread: pic.twitter.com/WLPcfQeCAy
— Zack King (@zacharyking) January 2, 2021
Billy ဟာ အိမ်လည်ရတာ အရမ်းကြိုက်တဲ့ကောင်လေးပါ။ တစ်နေကုန်ထွက်သွားပြီးရင် ညနေလောက်မှ အိမ်ကို ပြန်လာတတ်ပါတယ်တဲ့။ တစ်ရက် Billy ရဲ့ လည်ပတ်မှာ စာလေးတစ်စောင်ပါလာခဲ့ပါတယ်။ စာလေးအရ Billy ဟာ Zack တို့ နေတဲ့နားက အိမ်တစ်အိမ်ကို အမြဲတမ်း သွားသွားနေတတ်သတဲ့။ ရောက်တာနဲ့ တံခါးဝမှာ တံခါးမဖွင့်ပေးမချင်းကို တညောင်ညောင်နဲ့ အော်ခေါ်နေတတ်ပါသေးတယ်တဲ့လေ။
စာကိုတော့ Zack ရဲ့ ချစ်သူ Olga က တွေ့ခဲ့တာပါ။
A few months ago my girlfriend @ogildy noticed something on Billy’s collar – a folded note, wrapped in cling film and attached with a wire tie pic.twitter.com/J8DqRooqa0
— Zack King (@zacharyking) January 2, 2021
With no idea who or where the note had come from, she replied pic.twitter.com/xlQEmmb7Ha
— Zack King (@zacharyking) January 2, 2021
စာဖတ်ဖတ်ပြီးချင်းပဲမှာပဲ Billy တစ်ကောင် တစ်နေကုန်ဘယ်သွားနေလဲဆိုတာကို သိသွားခဲ့ပါတော့တယ်။ နောက် Olga လည်း ဘယ်ကမှန်းမသိတဲ့ အိမ်နီးချင်းကို စာပြန်ရေးပြီးတော့ Billy ရဲ့ လည်ပတ်မှာ ပြန်ပြီး ချိတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ အပြန်အလှန် စာတွေပို့၊ semi-lockdown မှာ ဘယ်လိုနေလဲ၊ ဘာညာနဲ့ စကားစမြည်ပြောကြတဲ့ အဆင့်အထိ Olga နဲ့ တစ်ဖက်ကအိမ်နဲ့ ဘော်ဒါတွေတောင် ဖြစ်သွားခဲ့ပါတယ်။ စာထဲ Billy လေးကို ဘာကျွေးလို့ရလဲ၊ မတည့်တာတွေရှိလားဆိုပြီး တစ်ဖက်အိမ်က မေးထားတဲ့အပြင် ဒီနေ့ Billy တစ်ကောင် တော်တော်ချွဲတာတို့ဘာတို့လိုမျိုး တွေပါ ထည့်ရေးထားခဲ့တာပါ။
He really was the last of the litter to be homed. Here’s a pic of him wonkily greeting us at @GoddardVets Plaistow back in September 2019 pic.twitter.com/Jc1tLb7u4C
— Zack King (@zacharyking) January 2, 2021
Twitter အသုံးပြုသူတွေကတော့ စာပို့သမားလေး Billy ရဲ့ နောက်ထပ် ခြေလှမ်းတွေနဲ့ စာအပြန်အလှန်ပို့တဲ့အကြောင်းအရာလေးတွေကို စောင့်ဖတ်ရတဲ့အဆင့်ထိတောင် ရောက်လို့နေခဲ့ပါပြီ။
Development 1: the neighbour had sorted him out with a proper mailbag pic.twitter.com/EHksj5Xr2R
— Zack King (@zacharyking) January 2, 2021
penny