အိမ်မှာ မွေးထားတဲ့ ကြောင်က အဝတ်တွေ လိုက်ခိုးနေလို့ တောင်းပန်နေရတဲ့ အိမ်ပိုင်ရှင်

www.facebook.com/Heather Bardi

ကြောင်တွေကို လိုက်ခိုးနေတဲ့ အကြောင်း မဟုတ်ဘဲ လိုက်ခိုးနေတဲ့ ကြောင်ကလေးအကြောင်းကို boredpanda ကနေ ရေးသားထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကလေးတော့ အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်၊ Metairie မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ရောဂါတွေဖြစ်လို့ အိမ်တွင်းပုန်း လုပ်နေရတဲ့ ကွာရာတင်းကာလမှာ Heather Bardi တို့ မိသားစုက ကြောင်ကလေးကလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ပိုင်ရှင်နဲ့အတူ အိမ်တွင်းပုန်းလုပ်နေရတာကြာလို့ ကြောင်ကလေး ငြီးငွေ့လာလို့ သူ့သခင်ကို အိမ်ပြင်ထွက်ဖို့ ခွင့်တောင်းနေတာကြောင့် သူ့သခင်ကလည်း နောက်ဆုံး ခွင့်ပြုခဲ့လိုက်ပါတယ်။

I legit just had to reach out to my neighborhood to let them know my cat is stealing their laundry. Sigh. At least it’s not a reverse burglar.

Posted by Heather Bardi on Friday, 26 June 2020

ကြောင်လေးကို အိမ်ပြင်လွှတ်ခွင့်ပေလိုက်တဲ့နေ့က စပြီး အိမ်မှာ ထူးခြားတာတွေက ဖြစ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အိမ်က မဟုတ်တဲ့ အဝတ်တွေကို အိမ်ရှေ့ဆင်ဝင်မှာ အမြဲ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ပထမတော့ သခင်ဖြစ်တဲ့ Heather က ဘယ်ကဘယ်လို ရောက်လာသလဲဆိုတာကို ထူးဆန်းနေခဲ့ပါတယ်။ သူ့ကြောင်က တစ်ခုခုများ ဖြစ်ဖြစ်လာသလားလို့လည်း စိုးရိမ်နေခဲ့တာပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို လာများ နောက်နေသလားဆိုပြီး ဒွိဟတွေ ဖြစ်နေခဲ့ရပါတယ်။ တစ်နေ့ထက် တစ်နေ့ ပစ္စည်းတွေက အမျိုးစုံလင်လာတဲ့အခါမှာတော့ သူမက ကင်မရာတွေ တပ်ဆင်ခဲ့ပါတော့တယ်။

"GATO ‘PRESENTEIA’ DONOS COM ITENS ROUBADOS DOS VIZINHOS.Uma moradora de Metairie, região localizada no estado…

Posted by Se Liga com Tiozinho e Tiozão – Dumont FM on Friday, 10 July 2020

ဒီတော့မှ တရားခံက သူ့ကြောင်ဖြစ်နေပြီး သူ့ကြောင်က တကယ်ပဲ အဝတ်တွေ ခိုးခိုးလာနေတာကို cctv ကနေ တွေ့ခဲ့ပါတယ်။

READ
အချိန်ခဏရပ်သွားတယ်ထင်ရအောင် အဓိပ္ပါယ်ပီပြင်လွန်းနေတဲ့ ဓာတ်ပုံများ

ဒါကြောင့် ပိုင်ရှင်တွေကို ပြန်ပေးဖို့အတွက် လုပ်ခဲ့ပါတယ်။ သူမက ဒီအတွက် Fb Group တစ်ခုကနေ သူ့ရဲ့ အိမ်နီးချင်းတွေကို ဆက်သွယ်ခဲ့သလို အိမ်နီးချင်းတွေ သိအောင် သုံးတဲ့ Next In လို့ ခေါ်တဲ့ လူမှုကွန်ယက်မှာလည်း သူ့ကြောင် ခိုးယူလာတဲ့ ပုံတွေကို တင်ပြီး ဆက်သွယ်ခဲ့ရပါတယ်။ ဒီလို ဆက်သွယ်ရတဲ့အပြင် သူ့ကြောင်ရဲ့ အခုလို လုပ်ရပ်ကြောင့် ရှက်မိကြောင်းနဲ့ တောင်းပန်ကြောင်းကိုပါ ပြောခဲ့ပါတယ်။

Kham

SHARE