ဘုရားကျောင်းလာပြီး ၀တ်ပြုခဲ့လို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ကြောင်လေး

[email protected]

ကြောင်ကလေးတွေဆိုတာ ချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ လူသားတွေအတွက် အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ကြောင်ကလေးတွေဟာ ခွေးကလေးတွေနည်းတူ သခင်တွေအပေါ် သစ္စာရှိပြီး အရမ်းကို လိမ္မာရေးခြားရှိတဲ့ တိရစ္ဆာန်လေးတွေပါပဲ။ အမြဲလိုလို ချောင်တချောင်မှာ ခွေခေါက်နေတတ်ပြီး သူတို့လိုချင်တာ၊ သူတို့လုပ်ချင်တာရှိတဲ့ အခါမျိုးမှ သခင်တွေကို ပွတ်သီးပွတ်သပ် လာလာလုပ်တတ်တာလည်း ကြောင်ကလေးတွေပါပဲ။ အခုပြောပြချင်တာကတော့ ဘုရားကျောင်းကို သူ့ဟာသူလာပြီး ၀တ်ပြုခဲ့တဲ့ ထူးထူးခြားခြား  ကြောင်လေးတစ်ကောင် အကြောင်းပဲ ဖြစ်ပါတယ်။

[email protected]

အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲတဲ့ စနေနေ့(၂.၁.၂၀၂၁) တုန်းက ဂျပန်နိုင်ငံရှိ ဘုရားကျောင်းတစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ @nori22 လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်တစ်ဦးဟာ ကြောင်ကလေးတစ်ကောင် ဘုရားကိုရှိခိုးကြည်ညိုနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို သူ့ရဲ့ twitter အကောင့်မှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ ပုံထဲမှာ တွေ့ရတဲ့တိုင်း ကြောင်နက်လေးတစ်ကောင်ဟာ ဘုရားရှိခိုးရင် တီးရတဲ့ ခေါင်းလောင်းကို သူကိုယ်တိုင်တီးနေတဲ့ ပုံစံပြုလုပ်ပြီး လက်အုပ်ချီနေတဲ့ပုံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

READ
သင်မြင်ရင်လုံးဝအံ့သြသွားစေမဲ့ အရာဝတ္ထုတို့ရဲ့ အနီးကပ်ရိုက်ထားသောဓာတ်ပုံများ

 

အဆိုပါ ပို့စ်ဟာ ဂျပန်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး like ပေါင်း 250k အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဟာဆိုရင်လည်း ကြည့်ရှု့သူ 616k အထိ ရှိခဲ့ပြီး လူတော်တော်များများကလည်း အဆိုပါ ကြောင်နက်ကလေးရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အံ့သြမှင်သက်ခဲ့ရပါတယ်။ တစ်ချို့ကလည်း ဒီကြောင်ကလေးဟာ ဘုရားတရားကို အင်မတန်ကိုင်းရှိုင်းတဲ့ ကြောင်ကလေးတစ်ကောင်ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးမှုတွေ ရှိခဲ့တယ်လို့ Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Pyi Hein Kyaw

SHARE