သခင်ဖြစ်သူအလစ်မှာ ipad နဲ့ ဆယ်လ်ဖီပုံတွေတောက်လျှောက်ရိုက်နေခဲ့တဲ့ ကြောင်လေး

[email protected] Aierniu

ကြောင်ကလေးတွေဆိုတာ သခင်အပေါ်မှာ ပွတ်သီးပွတ်သပ်လုပ်ပြိး ချွဲနေတတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ များသောအားဖြင့် ချောင်တစ်ချာင်မှာ ခွေနေတတ်ပြီး အစာစားချင်တဲ့အချိန်တွေ၊ အပြင်ထွက်ချင်တဲ့ အချိန်မျိုးမှာပဲ သခင်ဖြစ်သူအနားကို ရောက်လာပြီး ပွတ်သပ်ချွဲနေတတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေမှာလည်း သခင်ဖြစ်သူတွေရဲ့ အလစ်မှာ သူတို့လုပ်ချင်တာတွေကို ခိုးခိုးပြီး လုပ်နေတတ်တဲ့ ကောင်လေးတွေပါ။ အခုဆိုရင်လည်း ကြောင်ကလေးတစ်ကောင်ဟာ သခင်ဖြစ်သူရဲ့ အလစ်မှာ ကြောင်ကလေးတစ်ကောင်ဟာ သခင်ဖြစ်သူရဲ့ ipad နဲ့ ဆယ်လ်ဖီပုံတွေ တောက်လျှောက်ရိုက်ခဲ့ပြီး ပို့စ်မျိုးစုံပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Aierniu

အဆိုပါကြောင်ကလေးကတော့ အသက် ၇ လ အရွယ်သာ ရှိသေးတဲ့ ကြောင်ကလေး Er Niu ပဲ ဖြစ်ပါတယ်။ Er Niu ရဲ့ သခင်ကတော့ Xiao Aierniu အမည်ရှိ တရုတ်ကျောင်းသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Xiao ကျောင်းသွားတဲ့အချိန် သူမအခန်းထဲရှိ စားပွဲပေါ်မှာ ipad ကို မေ့ပြီး ထားခဲ့မိပါတယ်။ ဒီလိုနဲ့ Xiao တစ်ယောက် ကျောင်းကနေ အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမ ipad ပေါ်ရှိ ကြောင်အမွှေးတွေကြောင့် Er Niu တစ်ကောင် တစ်ခုခု လုပ်ထားပြီဆိုတာ သိလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ Gallery ထဲ ဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အတောမသတ်ရယ်နေခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ Er Niu တစ်ကောင်ဟာ Xiao ရဲ့ ipad နဲ့ စိတ်ကြိုက်ဆယ်လ်ဖီပုံတွေ ရိုက်ထားတာ ကြောင့်ပါပဲ။

READ
သင်္ချာမှာ ချာတူးလန် ညံ့သူလေးများသာ နားလည်နိုင်မယ့် အခက်အခဲ (၁၁) မျိုး
[email protected] Aierniu
[email protected] Aierniu

“ကျွန်မကလည်း ဆယ်လ်ဖီဆွဲရတာ ဝါသနာပါတယ်။ မကြာခဏ အဲဒီ ipad နဲ့ ဓာတ်ပုံတွေ ရိုက်နေတာ Er Niu တစ်ကောင် မြင်မယ်ထင်တယ်။ အဲဒါကြောင့် ကျောင်းသွားတဲ့အချိန် ipad က စားပွဲပေါ်မှာ ကျန်ခဲ့တာနဲ့ စိတ်ကြိုက်ကို ipad နဲ့ ဓာတ်ပုံတွေ ရိုက်နေတော့တာပါပဲ။ အခန်းထဲဝင်လိုက်ကတည်းက ipad ပေါ်မှာ ကြောင်မွှေးအဖြူရောင်တွေ တွေ့လိုက်ကတည်းက Er Niu တစ်ကောင်မွှေထားပြီဆိုတာ သိလိုက်တယ်။ ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ”လို့ Xiao Aierniu က ပြောကြားခဲ့ပါတယ်။

[email protected] Aierniu

Pyi Hein Kyaw

SHARE