Face Recognition System ထည့်သွင်းထားတဲ့ ကြောင်များအတွက်နားခိုရာအိမ်လေး

အိမ်ယာမဲ့နေတဲ့ လမ်းဘေးကြောင်လေးတွေ ခိုနားဖို့အတွက် ဆောက်ပေးထားတဲ့အဆောက်အအုံသေးသေးလေးမှာ face recognition system ပါတယ်ဆိုပြောရင် သိပ်ကို ခမ်းနားသွားမယ်ထင်ပါတယ်။ တရုတ်နိုင်ငံရဲ့ လမ်းဘေးမှာချထားတဲ့ ကြောင် shelter တွေကတော့ ကြောင်တစ်မျိုးတည်းရဲ့မျက်နှာကိုပါ ဖတ်နိုင်တဲ့ စနစ်တစ်ခုပါရှိပါတယ်။

Elin

ကြောင်များအတွက် shelter ကို ဖန်တီးတည်ဆောက်ပေးသူကတော့ ကွန်ပြူတာအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Wan Xi ပါ။ Wan ဟာ ဘေကျင်းမှာနေထိုင်ပြီး နေ့စဉ်လမ်းကြားတွေ၊ အမှိုက်ပုံးတွေထဲမှာ တိုးဝှေ့နေထိုင်နေတဲ့ လမ်းဘေးကြောင်များအတွက် နားခိုရာတစ်ခုကို ဆောက်ပေးထားပါတယ်။

YouTube

အခုအချိန်ဟာ တရုတ်နိုင်ငံမှာ ရာသီဥတုအေးနေတာကြောင့် လမ်းမပေါ်မှာ အကာအယံမရှိဘဲနေရတဲ့ ကြောင်လေးများဖို့ အန္တရာယ်ရှိပါတယ်။ မှတ်တမ်းအရ ကြောင် (၁၀) ကောင်မှာ (၄) ကောင်သာ ဆောင်းတွင်းအချိန်အခါကို အသက်ရှင်လျက်ဖြတ်ကျော်နိုင်တယ်လို့ဆိုပါတယ်။ ဒီအပြင် ဘေကျင်းမှာတော့ လမ်းဘေးကြောင်တစ်ကောင်ဟာ ရောဂါပိုးတွေကိုမကာကွယ်နိုင်တာကြောင့် (၂) နှစ်ထက်ပိုပြီး အသက်မရှင်နိုင်ကြပါဘူး။

READ
ပန်းခြံထဲနေဆာလှုံနေတုန်း အမှိုက်သိမ်းစက်ခေါင်းကိုကြိတ်ခံလိုက်ရသူ
Elin

ဒါကြောင့်ပဲ Wan ဟာ ကြောင်ဂေဟာနဲ့ပူးပေါင်းပြီး အခုလိုကြောင်လေးတွေအတွက် shelter ကိုတည်ဆောက်ပေးခဲ့တာပါ။ Shelter လေးမှာ သောက်ရေနဲ့ ကြောင်စာတွေကို ချပေးထားပြီး အတွင်းပိုင်းမှာ နွေးထွေးနေအောင် အမြဲတမ်း 27°C ရှိစေတဲ့ အပူပေးစနစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။

Elin

Face recognition ထည့်သွင်းထားခြင်းဟာ ကြောင်မဟုတ်တဲ့ အခြားသောတိရိစ္ဆာန်များ shelter တွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပြီး shelter ထဲ ဝင်သမျှကြောင်တိုင်းရဲ့ ကျန်းမာရေးကိုပါ စစ်ဆေးပေးနိုင်တဲ့ စနစ်ပါဝင်တာကြောင့် နာမကျန်းဖြစ်နေတဲ့ ကြောင်များကို အလွယ်တကူသိနိုင်ပါတယ်။

Elin

ကျန်းမာရေးချို့တဲ့နေတဲ့ကြောင်များကို ကျန်းမျာရေးစောင့်ရှောက်ကုသမှုပေးရန်အတွက်ကိုလည်း ကြောင်ဂေဟာများနဲ့ချိတ်ဆက်ပေးထားပါတယ်။

 

Penny
Ref : Boredpanda
SHARE