ဗိုက်ဆာနေတဲ့အကြောင်းကို ပီယာနိုတီးပြီး အချက်ပေးလေ့ရှိတဲ့ ကြောင်ကလေး

[email protected]

ကြောင်ကလေးတွေဆိုတာ သခင်တွေအပေါ် ပွတ်သီးပွတ်သပ် အလုပ်နိုင်ဆုံးနဲ့ ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ ခွေးကလေးတွေ၊ ကြောင်ကလေးတွေဟာ လူတွေအပေါ် အသိတတ်ဆုံးနဲ့ လူတွေအပေါ် သံယောဇဉ်အရှိဆုံး၊ နားလည်နိုင်ဆုံး တိရစ္ဆာန်လေးတွေပါပဲ။ အခုလည်း ကြောင်ကလေးတစ်ကောင်ဟာ သူဗိုက်ဆာလာပြီဆိုတာနဲ့ အစာခွက်နားမှာရှိတဲ့ ပီယာနိုအသေးစားလေးကို တီးပြီး သခင်မဖြစ်သူကို အချက်ပေးလေ့ရှိကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

IAmKateNyx

အပေါ်မှာတွေ့ရတဲ့ ကြောင်ကလေးကတော့ အသက် ၇ နှစ်အရွယ် Winslow လို့ အမည်ရတဲ့ ကြောင်ကလေးပဲ ဖြစ်ပါတယ်။ Winslow လေးရဲ့ ထူးခြားချက်ကတော့ ဗိုက်ဆာပြီဆိုတာနဲ့ သူ့ရဲ့ အစာခွက်နားမှာရှိတဲ့ ပီယာနို သေးသေးလေးကိုတီးပြီး သခင်မဖြစ်သူကို အချက်ပေးလေ့ရှိပါတယ်။ ဒီလိုပုံစံနဲ့ အစာတောင်းတာကိုလည်း Winslow ရဲ့ သခင်မဖြစ်သူ Kate Nyx ကိုယ်တိုင် သင်ပေးထားတာပဲ ဖြစ်ပါတယ်။

READ
သတင်းကြေညာနေစဉ် ဘောင်းဘီဝတ်ဖို့ မေ့ခဲ့တဲ့ သတင်းကြေညာသူ အမျိုးသား

 

Winslow ရဲ့ သခင်မဖြစ်သူ Kate ဟာလည်း ဂီတပညာရှင်တစ်ဦးပါပဲ။ ဒါ့ကြောင့်လည်း Kate ဟာ သူ့ရဲ့ အိမ်မွေးကြောင်ကို တူရိယာတစ်ခုခု တီးတက်စေချင်ခဲ့ပုံပါပဲ။ အစာစားချင်ရင် ပီယာနိုတီးပြီး အစာတောင်းရမယ့်ပုံစံကို Kate က Winslow ကို သေချာသင်ပေးခဲ့ပါတယ်။ ဒီလို Winslow တစ်ကောင်ကတော့ နောက်ပိုင်း အစားစားချင်ရင် အစာခွက်နားလေးမှာ ထားထားတဲ့ ပီယာနိုလေးကို တီးပြီး အစာတောင်းလာ ပါတော့တယ်။ Kate တင်ခဲ့တဲ့ Winslow တစ်ကောင် ပီယာနိုတီးပြီး အစာတောင်းတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ လူသိများလာခဲ့ပြီး ကြည့်ရှု့သူ ၁ သန်းနီးပါး ရှိလာခဲ့ပါတယ်။

READ
ကမ္ဘာကျော်မော်ဒယ် Kendell ရဲ့ဓာတ်ပုံတွေထဲ ပါချင်တိုင်းပါခွင့်ရနေသူ Kirby
IAmKateNyx

“Winslow ဟာ တော်တော်တော့ ဥာဏ်ကောင်းသလို အင်မတန် အဆော့သန်တဲ့ ကောင်ပါ။ နောက်ပိုင်း အစာစားချင်တဲ့အချိန်အပြင် ကျွန်မဆီက အာရုံစိုက်ခံချင်တာတို့၊ အပြင်ထွက်ပြီး လမ်းလျှောက်ချင်ရင်တို့ဆို အဲဒီ ပီယာနိုလေးကို တီးတီးပြီး အချက်ပေးလေ့ရှိပါတယ်။ တစ်ကယ့်ကို ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါ” လို့  Kate က ပြောကြားခဲ့ပါတယ်။

IAmKateNyx

Pyi Hein Kyaw

SHARE