အချစ်တော်ကြောင်လေးကို သုံးပြီး TikTok ဗီဒီယို ဖန်တီးခဲ့တဲ့ ကောင်မလေးနာမည်ကြီးနေ

Twitter "Pooter"

ကနေဒါနိုင်ငံ၊ အွန်တာရီယို မှာနေထိုင်တဲ့ အသက် (၁၇)နှစ်အရွယ် ဂျိဒ် ဆိုသူ ကောင်မလေးကတော့ Tiktok ဗီဒီယိုဖိုင်လေးတစ်ခုကြောင့် နာမည်ကြီးသွားခဲ့ရသူပါ။ သူမက အချစ်တော်ကြောင်ကလေး အက်ဒ် ကို အဲဒီ Tiktok ဗီဒီယိုလေးမှာ သရုပ်ဆောင်စေခဲ့တာဖြစ်ပြီး အဲဒီကြောင်လေးကြောင့်ပဲ သူမရဲ့ Tiktok ဗီဒီယို ဟာ မုန်တိုင်းတစ်ခုလို လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ရတာပါ။

ဂျိဒ်မှာ အက်ဒ် ဆိုတဲ့ ကြောင်လေးတစ်ကောင်ရှိပြီး သူမက သူမကြိုက်တဲ့အဆိုတော် အက်ဒ်ရှီယန် နဲ့ နာမည်ချင်းဆင်အောင်လို့ သူမရဲ့ကြောင်လေးကို အက်ဒ် လို့ နာမည်ပေးခဲ့တာပါ။

တစ်နေ့မှာတော့ ဂျိဒ်က Tiktok ပေါ်မှာ နာမည်ကြီးနေတဲ့ “Mr.Sandman” ဆိုတဲ့ သီချင်းအပိုင်းအစလေးနဲ့ ဗီဒီယိုဖိုင်တစ်ခု ဖန်တီးခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်သရုပ်မဆောင်ပဲ သူမရဲ့ကြောင်ကလေး အက်ဒ်ကို သရုပ်ဆောင်စေခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက ဆိုရှယ်မီဒီယာတွေပေါ်မှာ ခဏလေးနဲ့ နာမည်ကြီးသွားခဲ့ပြီး တခြားသူတွေကပါ သူတို့ရဲ့ကြောင်လေးတွေနဲ့အတူ Tiktok ဗီဒီယိုလေးတွေ ဖန်တီးခဲ့ကြလို့ “Mr.Sandman” သီချင်းဟာ ကြောင်တွေရဲ့ပြိုင်ပွဲလိုတောင် ဖြစ်သွားခဲ့ရပါတယ်။

(၁၂)စက္ကန့်သာကြာတဲ့ အဲဒီ ဗီဒီယိုဖိုင်လေးမှာ အက်ဒ်ရဲ့ ချစ်စရာလှုပ်ရှားမှုလေးတွေကို တွေ့ရမှာဖြစ်ပြီး သူက သီချင်းနဲ့ လိုက်ဖက်အောင် လှုပ်ရှားလို့နေခဲ့တာပါ။

READ
မူးယစ်/လိင်ကျွန်ဝယ်-ရောင်းမှ ရရှိတဲ့ငွေတွေနဲ့ နိုင်ငံခြားမှာ သူဌေးဂိုက် ဖမ်းခဲ့ကြသူများ

ဂျိဒ်ကတော့ သူမရဲ့မိတ်ဆွေတွေကို အက်ဒ်တစ်ကောင်ဟာ အဲဒီလို လုပ်ရတာကို ပျော်နေခဲ့ပြီး လွယ်လွယ်လေး လုပ်နေခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

ဂျိဒ်ရဲ့Tiktok ဗီဒီယိုလေးက ကြည့်ရှုသူ (၂၂.၅)သန်းအထိ ရှိခဲ့လို့ တကယ့်ကို အံ့သြစရာပဲလို့ ပြောလို့ရပြီး သူမရဲ့ ပရိသတ်တွေကလည်း (၆)သန်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။

Linn

Source: buzzfeednews

SHARE