ကြောင်အကောင်ရေ ရာနဲ့ချီပြီးနေထိုင်တဲ့ ထိုင်ဝမ်က ကြောင်ရွာကလေး

ထိုင်ဝမ်မြောက်ပိုင်း တောင်ကုန်းတွေကြားမှာရှိတဲ့ သတ္တုတွင်းတူးဖော်တဲ့ ဟူတွန်အမည်ရှိ ရွာကလေးတစ်ရွာမှာ ရာနဲ့ချီတဲ့ကြောင်ကလေးတွေ ရှိပါတယ်။ ဟူတွန်ရွာကလေးမှာရှိနေတဲ့ ကြောင်အကောင်ရေပေါင်းဟာ ရွာနေလူဦးရေထက် များပြားနေပါတယ်။ ရွာမှာရှိနေတဲ့ သတ္တုတွင်းတွေကိုတော့ လွန်ခဲ့တဲ့ (၁၉၉၀)ခုနှစ်ကတည်းက ပိတ်သိမ်းခဲ့ပြီးပါပြီ။

julienboey (Instagram)

ကြောင်ရွာကလေးကို Jian Peiling ဆိုသူက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Mrs. Kitten အမည်နဲ့ကြောင်လေးတွေကို ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာဖြစ်လာပါတယ်။  Peiling ဟာ ရွာမှာကြောင်လေးတွေ အများကြီးကိုတွေ့ခဲ့ရတာကြောင့် စေတနာနဲ့ ပါဝင်လုပ်အားပေးမယ့်သူတွေကို စုစည်းပြီး ကြောင်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်ခဲ့ပါတယ်။

style.ling.design

(၂၀၀၈)ခုနှစ်မှာတော့ ဒေသခံကြောင်ချစ်သူ Peggy Chien ကနေ သူမတို့ရွာက ကြောင်ကလေးတွေကို စောင့်ရှောက်နေတဲ့ဓာတ်ပုံတွေ တင်ပေးခဲ့ပါတယ်။ အဲဒီကနေစပြီး တစ်စနဲ့တစ်စ ရွာမှာကြောင်ကလေးတွေ အများကြီးဖြစ်လာပါတယ်။ အခုဆိုရင် ရွာကလေးမှာ ကြောင်အကောင်ရေ(၂၀၀)လောက် ရှိနေပြီးနိုင်ငံခြားသားခရီးသွားတွေအတွက် ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်၊  စားသောက်ဆိုင်တွေနဲ့ပါ အပြည့်ဖြစ်နေပါပြီ။

READ
ပန်းချီကားချပ်လေးတွေသဖွယ် တွေ့မြင်ရတဲ့ ကမ္ဘာတစ်လွှားက ဆောင်းဦးရာသီဓာတ်ပုံများ
catvillagetaiwan (Instagram)

လောလောဆယ်မှာတော့ ကြောင်လေးတွေဟာ ရွာလူဦးရေရဲ့ (၂)ဆဖြစ်နေပါတယ်။ ယင်းကြောင်ရွာကလေးကို တစ်နှစ်တစ်နှစ်မှာ လူပေါင်းသန်းချီပြီး လာရောက်လည်ပတ်ကြပါတယ်။ အခုနောက်ဆုံးတွေ့ရမယ့်ပုံကလေးတွေကတော့ Kei Oumawatari ဆိုသူက ကြောင်ရွာကလေးဆီလာရောက်လည်ပတ်ရင်း ကိုယ်တိုင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ တွေ့ရမယ့်ကြောင်ကလေးတွေကတော့ အမျိုးမျိုးပါပဲ။ အ၀ါကျားလေးတွေ၊ အနက်ရောင်လေးတွေအပြင် အရောင်စပ်ထားတာလေးတွေရော အစုံတွေ့ရမှာပါ။

catvillagetaiwan (Instagram)

သူတို့တွေဟာ တစ်နေ့တစ်နေ့ကို ရွာရိုးကိုးပေါက်လျှောက်လည်သွားလာပြီး အချိန်ကုန်ကြပါတယ်။ ကြောင်တွေအရမ်းများတဲ့အတွက် ကြောင်လေးတွေအစာရေစာ ငတ်ပြတ်မှာကို ပူစရာမရှိပါဘူး။ ကြောင်လေးတွေကို ကာကွယ်ဆေးထိုးတာ၊ ဆေးကုသမှုပေးတာနဲ့ သင်းပေးတာတွေကိုလည်း စေတနာလုပ်အားပေးတွေက လာရောက်လုပ်ကိုင် ပေးကြပါတယ်။

catvillagetaiwan (Instagram)

ရွာမှာရှိနေတဲ့ ကြောင်လေးတွေအများစုက လမ်းပျော်လေးတွေဖြစ်တာကြောင့် ကြောင်ရိုင်းလေးတွေလို့ ယူဆဖွယ်ရှိပေမယ့် ကြောင်လေးတွေအကုန်လုံးက သန္ဓေကောင်းကြတယ်လို့ သိရပါတယ်။ ရွာထဲမှာလည်း ကြောင်စာဝယ်လို့ရတဲ့ ဈေးဆိုင်တွေရှိနေတာကြောင့် ကိုယ်သာကြောင်ချစ်သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အစာစားချင်လို့ကိုယ့်နား ပွတ်သီးပွတ်သပ်လာလုပ်နေတဲ့ကြောင်ကလေးတွေကြောင့် ပီတီဖြာရဦးမှာဖြစ်ပါတယ်။

READ
ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာကြီးကို ဖျက်ဆီးနေပြီဆိုတာ ပြနေတဲ့ ဓာတ်ပုံများ
catvillagetaiwan (Instagram)
catvillagetaiwan (Instagram)
catvillagetaiwan (Instagram)

လင်းလင်း (ShweMom)

Source: Metro

SHARE