ဆယ်စုနှစ်တစ်ခုကျော်ကြာ သခင်နဲ့ခွဲခဲ့ပြီးမှ ပြန်လည်တွေ့ဆုံနိုင်ခဲ့တဲ့ ကြောင်လေး

facebook/Dutchess County SPCA

နယူးယောက်နေ ကြောင်ကြီးတစ်ကောင်ဟာ (၁၁) နှစ်ကြာ သခင်နဲ့ ကွဲကွာပြီးနောက် ပြီးခဲ့တဲ့ အပတ်ကမှ သခင်နဲ့ ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။ ကြောင်ကြီးဟာ (၁၄) နှစ်သားဖြစ်ပြီး နာမည်ကတော့ တိုက်ဂါးဖြစ်ပါတယ်။ တိုက်ဂါးရဲ့ သခင်မ ကာရိုးလ်ကတော့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်။

တိုက်ဂါးဟာ လမ်းဘေးကြောင်တစ်ကောင်အဖြစ်နဲ့  ကားရိုးလ်ရဲ့ အိမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကြောင်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ မိုက်ကရိုချစ်ပ်ထည့်သွင်းထားတာ တွေ့ရပြီး ချစ်ပ်ကသိရတဲ့ အချက်အလက်အရ ၄င်းလမ်းဘေးကြောင်ကြီးဟာ လွန်ခဲ့တဲ့ (၁၁) နှစ်ကတည်းက ပျောက်သွားတဲ့ သူမရဲ့ ကြောင်ကြီးဆိုတာ ကာရိုးလ်က သိလိုက်ရတာပါ။

facebook/Dutchess County SPCA

တိုက်ဂါးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အပြင်မှာ လျှောက်သွားနေပေမယ့်လည်း ပုံသဏ္ဍာန်ကတော့ အရမ်းကြီးစုတ်ပြတ်မနေခဲ့ပါဘူး။ ကာရိုးလ်ကတော့ “တစ်နေ့တော့ ကျွန်မတို့ အိမ်တံခါးမကြီးကို ဖွင့်ထားမိခဲ့တယ်။ တိုက်ဂါးက အဲဒီကနေ ထွက်သွားတယ်ထင်တာပဲ။ သူ့ကို လိုက်ရှာတော့လည်း မတွေ့ဘူး။ တစ်နှစ်လောက်ကြာတော့ ကျွန်မတို့အိမ်သစ်ပြောင်းခဲ့ကြပါတယ်။ အရင်နေတဲ့အိမ်နဲ့ ဆယ်အိမ်ကျော်လောက် ဝေးတဲ့အိမ်ပေါ့။ ကျွန်မတို့အိမ်ပြောင်းကြတော့လည်း အသစ်ရောက်လာတဲ့ အိမ်ရှင်တွေကို မှာခဲ့ပါတယ်။ တိုက်ဂါးပြန်လာခဲ့ရင် ပြောပါဆိုပြီးတော့။ အခုတော့ တိုက်ဂါးက ဒီလောက် နှစ်အကြာကြီးနေမှ သူ့အိမ်သူ ပြန်ရှာပြီး ရောက်လာတာပဲ….” လို့ ဆိုပါတယ်။

READ
မိဘစွန့်ပစ်တာခံရပြီးလမ်းမှာ လျှောက်သွားနေတဲ့ ကလေးငယ်ကိုဖခင်မေတ္တာပေးခဲ့တဲ့ရဲသားကြီး
facebook/Dutchess County SPCA

ကာရိုးလ်ကတော့ တိုက်ဂါးကို အခုလို မိုက်ကရိုချစ်ပ်ရှိ၊ မရှိ မစစ်ဆေးခင်တုန်းက တိုက်ဂါးဟာ သူမတို့အိမ်နားမှာ ယောင်လည်ယောင်လည်နဲ့ လာလုပ်နေခဲ့သေးကြောင်း ဆိုပါတယ်။ နောက်ပိုင်းမသင်္ကာလို့ အိမ်ကြောင်များဖြစ်နေမလား စကန်နာနဲ့ချစ်ပ်ကို ဖတ်ကြည့်ရာမှ အိမ်က ပျောက်သွားတဲ့ကြောင်ဖြစ်နေမှန်း ကာရိုးလ်က သိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ်တော့ အခုလို တိုက်ဂါးကို ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ အိမ်ပြန်လာတာ တွေ့ရတဲ့အတွက် ၀မ်းသာမိကြောင်းလည်း ကာရိုးလ်က ပြောပြခဲ့ပါသေးတယ်။

facebook/Dutchess County SPCA

DCSPCA staff member Carol O'Connell did an amazing thing! It took her three years to get close enough to pet the stray…

Posted by Dutchess County SPCA on Thursday, August 22, 2019

လင်းလင်း (ShweMom)

SHARE