ဓာတ်ဆီကို ပလက်စတစ် အိတ်နဲ့လာဝယ်တဲ့အမျိုးသမီးရဲ့ဗီဒီယို နာမည်ကြီးနေ

Facebook/Jason DjJruda Rudison

အမေရိကန် တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မြို့က Kroger အမည်ရ ဆီပန့်ဆိုင်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရဲ့  ဉာဏ်ကောင်းပုံကို ဗွီဒီယိုမှတ်တမ်း ရယူနိုင်ခဲ့ပြီး၊ လူမှုကွန်ရက်မှာ ပြန်လည်ဖြန့်ဝေခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်မှာ အဲဒီကာယကံရှင်အမျိုးသမီးဟာ ကားကိုဆီဖြည့်ဖို့ ဆီဆိုင်မှာ ရပ်လိုက်တာပါဘဲ။

သူမဟာ ကားကို ဆီပန့်နဲ့တိုက်ရိုက်မထည့်ဘဲ ဆီကို ပလက်စတစ်အိတ်အကြီးထဲကို အရင်ထည့်ပါတယ်။ အဲဒီနောက် ဆီတွေတင်းကားနေတဲ့ အိတ်ကြီးကို မနိုင်မနင်းမပြီးနောက်၊ ကားနောက်ခန်းဆီကို ထည့်ပြီး၊ မောင်းထွက်သွားပါတယ်။ အိတ်ထဲကိုဆီထည့်နေချိန်မှာ တစ်ခြား ကာစတမ်မာတစ်ဦးဖြစ်တဲ့ Jason DjJruda Rudison က ဒီဖြစ်စဉ်ကို အစအဆုံး မှတ်တမ်း တင်လိုက်နိုင်ပါတယ်။

Facebook/Jason DjJruda Rudison

Jason က ဒီဖြစ်စဉ်ကို ဖုန်းနဲ့မှတ်တမ်းရယူပြီး လူမှုကွန်ရက်မှာ ပြန်လည်ဖြန့်ဝေခဲ့ရာ ကြည့်ရှုသူ (၁၄)သန်း ရှိခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေသူ (၃၁၉၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူ (၄၇၀၀၀)နဲ့ Reaction ပြုလုပ်သူကတော့ (၃၇၀၀၀) အထိ ရှိခဲ့ပါတယ်။

တစ်ချို့ကလည်း Jason အနေနဲ့ ဒီလုပ်ရပ်ကို မှတ်တမ်းတင်မယ့်အစား တားမြစ်သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းက ဆီဆိုင်ကိုယ်တိုင်က ဒီလိုလုပ်ရပ်မျိုးကို ခွင့်ပြုတာမို့၊ ဆီဆိုင်အနေနဲ့ ဒီလို အလွန်အန္တရာယ်များတဲ့လုပ်ရပ်မျိုးကို ဘယ်တော့မှ မလုပ်သင့်တဲ့အကြောင်း မှတ်ချက်ရေးသူတွေ ရှိခဲ့ပါတယ်။

Facebook/Jason DjJruda Rudison

အဆိုပါအမျိုးသမီးဟာ ဆီယိုစိမ့်မှုမရှိအောင် နောက်ထပ်အိတ်တစ်လုံးယူပြီး သေချာအောင် ထုပ်ပါတယ်။ အဲဒီနောက် အိတ်ကို သေသေချာချာ မယူပြီး ကားနောက်ခန်းထဲကို ထည့်လိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအမျိုးသမီးဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်ကို လုပ်လိုက်တာပါဘဲ။

ဓာတ်ဆီဆိုတဲ့အမျိုးဟာ အလွန် မီးလောင်လွယ်ပါတယ်။ ပုံးတွေ၊ ပုလင်းတွေနဲ့ ထည့်တယ်ဆိုရင်တောင် အခုလောက်တော့ အန္တရာယ်ရှိမှာ မဟုတ်ပါဘူး။ ပုံးတွေပုလင်းတွေနဲ့ထည့်ရင်လည်း အငွေ့မလုံတဲ့ ပုံးတွေပုလင်းတွေဖြစ်နေရင် အချိန်မရွေး ပြင်ပအပူချိန်ကြောင့် မီးလောင်ပေါက်ကွဲနိုင်လို့ ကားသမားတွေ သတိထားဖို့ သင့်ပါတယ်။

Jason ကတော့ ဒီလိုကိစ္စမျိုး အန္တရာယ်ရှိတာ သိနေရက်နဲ့ မတားမြစ်ခဲ့လို့ သူ့ကို တာဝန်မဲ့သူတစ်ယောက်အဖြစ် အပြစ်ဖို့နေသူတွေ ရှိပါတယ်။ သူကတော့ အဲဒီလို အပြစ်တင်သူတွေနဲ့ပတ်သက်ပြီး ဘာမှ မတုန့်ပြန်ထားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရှေ့မှာ ဒီလိုအဖြစ်မျိုး ကြုံလာရင် မှတ်တမ်းတင်မယ့်အစား တားမြစ်ကြဖို့ မမေ့နဲ့နော်။

Sorry for my bad video but what in the hell is this lady doing. https://youtu.be/XRjNdgAetQE

Posted by Jason DjJruda Rudison on Tuesday, December 10, 2019

လင်းသုတ

SHARE