ကိုဗစ်ကာလမှာ ကြောင်လေးတွေဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ကြောင်း တွေ့ရှိရ

Pixabay-Pexels

လက်ရှိအချိန်ဟာ COVID 19 ကာလဖြစ်နေဆဲ ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲ နေနေရပါတယ်။ အမြဲလိုလို အပြင်ထွက်နေကြတာမို့လို့ အိမ်မှာနေရတာကြာလာရင် ဘယ်သူမဆို အနည်းနဲ့အများ အထီးကျန်လာကြမှာပါပဲ။ ဒီလို COVDI 19 ကာလတစ်လျှောက် အိမ်မှာနေနေရတဲ့အချိန်မှာ ကြောင်လေးတွေဟာ လူသားတွေ အထီးမကျန်အောင် အနားမှာ ရှိနေပေးနိုင်ဆုံးနဲ့ အကောင်းဆုံးအဖော်မွန်ဖြစ်တယ်လို့ လေ့လာချက်တစ်ခုအရ သိရှိရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-buffalobrian

Royal Canin လို့ အမည်ရတဲ့ ကုမ္ပဏီကြီးဟာ ကြောင်စာတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပကြီးတစ်ခု ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီကနေပြီးတော့ အမေရိကန်ကြောင်ပိုင်ရှင် အယောက် ၂,၀၀၀ ကို COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ကာလတစ်လျှောက် အိမ်မှာနေနေရတုန်း အချိန်တွေမှာ ကိုယ်မွေးထားတဲ့ ကြောင်လေးတွေနဲ့ သခင်တွေကြားက ဆက်ဆံရေးတွေနဲ့ ပတ်သတ်ပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ စစ်တမ်းရဲ့ ရလဒ်ကတော့ ၇၆ ရာခိုင်နှုန်းသော ကြောင်ပိုင်ရှင်တွေဟာ အိမ်မှာရှိနေတဲ့ အချိန်ကာလအတွင်း မွေးထားတဲ့ ကြောင်ကလေးတွေနဲ့ ပိုမိုရင်းနှီးခဲ့ရပြီး သူတို့လေးတွေနဲ့ အတူတူရှိနေရင် အထီးကျန်စိတ်ခံစားရတာမျိုး လုံးဝမရှိကြောင်း သိရပါတယ်။

READ
သင့်အပေါ်အမျိုးမျိုးဒုက္ခပေးခဲ့သူတစ်ယောက်ကို ဘာကြောင့်ခွင့်လွှတ်ပေးသင့်သလဲ
Pixabay-zavtrak92

“အရင်ကဆိုရင် ကျွန်တော်က မနက်မိုးလင်းတာနဲ့ အလုပ်သွားတယ်။ အိမ်မှာ ကျန်နေခဲ့တဲ့ မိဘဖြစ်သူတွေကပဲ ကျွန်တော့်ကြောင်ကလေးကို အစာကျွေးတယ်။ ပြီးတော့ ကျွန်တော် အလုပ်ကနေပြန်ရောက်လာရင်လည်း ညစာစား၊ အလုပ်လုပ်စရာရှိတာလုပ်ပြီး အိပ်တာပဲ။ ကိုယ်မွေးထားတဲ့ ကြောင်ကိုတောင်မှ ကိုယ့်ဟာကိုယ်သေချာ ဂရုမစိုက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် COVID 19 ကာလမှာ အလုပ်ကနေ နားလိုက်ရတယ်။ အိမ်မှာနေတဲ့ အစ ၁ ရက် ၂ ရက်လောက်ကတော့ တော်တော် အထီးကျန်ပါတယ်။

အဲဒီအချိန်ကတည်းကကျွန်တော့်ကြောင်လေးကို ကျွန်တော်ဂရုစိုက်ဖြစ်တယ်။ ကျွန်တော်ပျော်လာတယ်။ တစ်ရက်တစ်ရက် သူနဲ့ ကစားလိုက်၊ သူ့ကို သန့်ရှင်းရေးလုပ်ပေးလိုက်၊ ဓာတ်ပုံတွေအတူရိုက်လိုက်နဲ့ အချိန်တွေကုန်တာ တော်တော်မြန်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်နဲ့ကျွန်တော့်ကြောင် အရင်ကထက် တော်တော်လေးကို ရင်းနှီမှုရခဲ့ပါတယ်”လို့ ကြောင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
HIV ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်မယ့် ကာကွယ်ဆေးသစ်တစ်မျိုး တွေ့ရှိ
Pixabay-Hans

Pyi Hein Kyaw

SHARE