တွစ်တာပေါ်က လူတွေ စိတ်ဝင်စားနေကြတဲ့ မျက်ရည်ဥတွေနဲ့ ကြောင်ကလေး

twitter/DeanaAdziz

လူသားတွေကို မျက်ရည်ပေါက်ပေါက်ကျအောင် လုပ်နိုင်တဲ့ ကမ္ဘာပေါ်က ဟင်းသီးဟင်းရွက်တွေထဲမှာ ကြက်သွန်နီတွေလည်း ပါဝင်ပါတယ်။ ကြက်သွန်နီတွေဟာ လူကိုသာမကပဲ တိရစ္ဆာန်လေးတွေကိုပါ မျက်ရည်ယိုကျအောင်လုပ်နိုင်စွမ်း ရှိပါတယ်။ အခုတွေ့မြင်ရမယ့် ကြောင်လေးကတော့ ကြက်သွန်နီရဲ့ နှိပ်စက်တာကို ခံလိုက်ရတဲ့ကြောင်လေးတစ်ကောင် ဖြစ်ပါတယ်။

twitter/DeanaAdziz

တွစ်တာပို့စ်တစ်ခုအရ ဒီယာနာအက်ဒ်ဇစ်ဆိုသူ အမျိုးသမီးတစ်ဦးဟာ ကြက်သွန်နီတွေကို လှီးဖြတ်နေတုန်း တစ်စုံတစ်ခုကို သတိပြုမိလိုက်ပါတယ်။ အဲဒါကတော့ သူမရဲ့ကြောင်လေးက ကြက်သွန်နီအနံ့ကြောင့် မွှန်ထူပြီး မျက်ရည်တွေတောင် ကျလာတာကိုပါ။ ကြက်သွန်နီနံ့တွေ မွှန်ထူနေပေမယ့် ကြောင်လေးက ဘယ်မှ ထွက်မပြေးပဲ မျက်ရည် ပေါက်ပေါက်ကျတဲ့အထိ သခင်မအနား နေနေတာကတော့ အံ့သြစရာပါပဲ။

twitter/DeanaAdziz

အပြင်မှာ ကြောင်တွေငိုတာမျိုးဟာ တွေ့ခဲလှပါတယ်။ ဒါပေမယ့် ဒီယာနာကတော့ သူမရဲ့ ကြက်သွန်နီကြောင့် ငိုနေတဲ့ကြောင်လေးရဲ့ ပုံဟာ ရယ်စရာကောင်းနေတယ်ဆိုပြီး အွန်လိုင်းပေါ် မျှဝေခဲ့တာ ဖြစ်ပါတယ်။

twitter/DeanaAdziz
twitter/DeanaAdziz

တွစ်တာပေါ်မှာတော့ ဒီယာနာက …

ကြက်သွန်နီတွေ လှီးနေတုန်း ဘေးနားမှာ တစ်ယောက်ယောက် ငိုနေမှန်း သိလိုက်ရတယ်….” ဆိုပြီး ရေးသားတင်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် သူမအနေနဲ့ ရယ်နေရင်း ဓာတ်ပုံရိုက်ထားတာကြောင့် ဓာတ်ပုံတွေ ၀ါးသွားခဲ့ရင် တောင်းပန်ပါတယ်ဆိုပြီးလည်း ရေးသားထားပါသေးတယ်။ ဒီယာနာတင်ထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ကြက်သွန်နီတွေဟာ ကြောင်လေးကို တော်တော်ဒုက္ခပေးခဲ့ပုံရပါတယ်။ မျက်ရည်တွေက ကြောင်လေးရဲ့ မျက်လုံးအိမ်ထဲမှာ ဝေ့သီနေရုံတင်မကပဲ ပါးပေါ်ကိုတောင် စီးကျလျက်ရှိပါတယ်။ ကြက်သွန်ကြောင့် မွှန်ပြီးမျက်ရည်ကျနေတဲ့ ကြောင်လေးကို ဟားတိုက်ပြီး ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံရိုက်တင်ခဲ့တဲ့ ဒီယာနာကို အပြင်မစောလိုက်ပါနဲ့ဦး။ သူမက သူမရဲ့ ငိုနေတဲ့ကြောင်လေးကို မုန့်တွေကျွေးပြီး ဖြေသိမ့်ခဲ့ပါသေးတယ်။ ဒီယာနာရဲ့ ပို့စ်လေးကိုတော့ လူပေါင်း (၂၄,၀၀၀) ကျော်က ပြန်လည်မျှဝေခဲ့ကြောင်းလည်း worldofbuzz အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE