သိုးသားနေရာမှာအစားထိုးဖို့ ကြောင်တွေကို အရေခွံခွာ၊ရေလုံပြုတ်ရောင်းချနေတဲ့အိန္ဒိယ

အိန္ဒိယနိုင်ငံရဲ့ Chennai မြို့ရဲ့ လမ်းတစ်နေရာမှာ ကြောင်တွေကို အရှင်လတ်လတ် အရေခွံခွာ၊ ရေလုံပြုတ်ပြီး ရောင်းချ
နေတဲ့ ဈေးကွက်တစ်ခု အခိုင်အမာရှိနေခဲ့တာကို တာဝန်ရှိသူတွေ သိရှိခဲ့ပါတယ်။ အဆိုပါ ဈေးကွက်ရဲ့ တစ်စိတ်တစ်ဒေသကို ဖော်ပြတဲ့ ဗွီဒီယိုဖိုင်လည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး တိရစ္ဆာန်ချစ်သူတွေနဲ့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်
ရှောက်သူတွေအတွက် အလွန်ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

ဗွီဒီယိုဖိုင်တစ်ခုထဲမှာတော့ ကြောင်တွေကို ရက်ရက်စက်စက် အရေခွံခွာနေတာမျိုး ပါဝင်ခဲ့ပြီး အခုအခါမှာတော့ တိရစ္ဆာန်
အခွင့်အရေး လှုပ်ရှားသူတွေက ဒီကိစ္စတွေကို မြန်မြန်ဖော်ထုတ် အရေးယူဖို့ ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။ ဒေသခံရဲအရာရှိ တစ်ဦးကလည်း ဒီကိစ္စကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

၎င်းရဲအရာရှိက ” ဒီလို ကြောင်တွေကို ရက်ရက်စက်စက် ပြုမူတာမျိုး ကျွန်တော်တို့မှာ တိုင်ကြားချက်အများကြီး လက်ခံရရှိထားပါတယ် … ဈေးကြီးတဲ့ သိုးသားအစား ဒီကြောင်တွေကို ဈေးချိုချိုနဲ့ ရောင်းချနေတာပါ … သံသရှိတဲ့ စားသောက်ဆိုင်တစ်ခုကို ၀င်ရောက် စစ်ဆေးတဲ့အခါမှာ ဒန်ပေါက်ထဲကို ပေါပေါများများ ထည့်ပြီး ရောင်းချနေတာကို တွေ့ခဲ့ရပါတတယ် “လို့ ပြောပါတယ်။

READ
စတုတ္ထမြောက်အမျိုးသမီးနဲ့ မင်္ဂလာပွဲစီစဉ်နေတဲ့အမျိုးသား

လက်ရှိအချိန်မှာတော့ ကြောင် 16 ကောင်နဲ့ လှောင်အိမ်ငယ် တစ်ခုကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိထားတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိရစ္ဆာန်ညှင်းပန်းနှိက်စက်မှု ကာကွယ်ရေးအသင်းမှ ဒေါက်တာ Shiranee Pereira ကလည်း ပြင်းပြင်းထန်ထန်း ဝေဖန်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒန်ပေါက်အလွန်အမင်း စားတဲ့နိုင်ငံတစ်ခုဖြစ်ပြီး၊ ၎င်းဒန်ပေါက်ထဲကို ထည့်ပြီး ချက်ပြုတ်တဲ့ သိုးသားဟာ တဖြည်းဖြည်း ရှားပါးလာပြီဖြစ်တဲ့အပြင် ဈေးနှုန်းကလည်း အလွန်ကြီးမြင့်နေပါတယ်။ ဒါကြောင့် ရောင်းချသူတွေဟာ
ကြောင်တွေကို အသုံးချခဲ့ပြီး၊ အ၀ယ်ဒိုင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ကြောင်တစ်ကောင်ရဲ့ အသားတစ်ကီလိုကို 60 ပဲနိနဲ့ ရောင်းချတယ်လို့ သိရပြီး၊ ကြောင်ရောင်းဝယ်ရေး လုပ်သူတွေမှာ
တစ်လကို ပေါင် 200 လောက် အသားတင်အမြတ် ရရှိတယ်လို့လည်း သိရပါတယ်။ Narikurvar Community ဥက္ကဋ္ဌBalan Manchari John Rajkumar က ဒါဟာ ပြည်သူပြည်သားတွေ တဖြည်းဖြည်း ဆင်းရဲလာတာရဲ့ နိမိတ်တစ်ခုဖြစ်
ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

READ
တောခွေးရိုင်းတွေ တိုက်ခိုက်လို့ နားရွက်တစ်ဖက်နဲ့ မေးရိုးတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE