ကြောင်မွှေးတွေနဲ့ပြုလုပ်ထားတဲ့ ဦးထုပ်လေးတွေနဲ့တွေ့ရတဲ့ ချစ်စဖွယ်ကြောင်လေးများ

Instagram/rojiman

ကြောင်လေးတွေရဲ့ ချစ်ဖွယ်ကောင်းပုံအကြောင်းပြောရရင် ပြောလို့တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်နှာလေးတွေရယ်၊ စပ်စုတတ်တဲ့ သူတို့ရဲ့ မျက်နှာအမူအရာလေးတွေရယ်၊ ရယ်စရာကောင်းတဲ့ သူတို့ရဲ့တုံ့ပြန်ပုံလေးတွေရယ်က ချစ်လို့တောင် မ၀နိုင်ဖွယ်ရှိပါတယ်။

အခုအခါမှာဆိုရင် ဂျပန်ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ရိုယာမာဇာကီဟာ ဇနီးသည် ဟီရိုမိနဲ့အတူ ချစ်စရာကောင်းတဲ့ သူတို့ အိမ်မွေးကြောင်လေးတွေကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ရိုယာမာဇာကီဟာ သူ့ကြောင်(၃) ကောင်ရဲ့ အိမ်ထဲကျွတ်ကျကျန်ရစ်ခဲ့တဲ့ အမွှေးတွေကိုစုဆောင်းပြီး သူတို့လေးတွေအတွက် ဦးထုပ်လေးတွေ ပြန်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ဗိုက်ကင်းဟဲလ်မက်၊ လေယာဉ်မှုးဦးထုပ်၊ ထရမ့်ပ်ရဲ့ ဆံပင်ပုံစံမျိုး အပါအ၀င် အခြားဦးထုပ်ပုံစံမျိုးစုံကိုဆောင်းထားပြီး ဂိုက်ပေးခဲ့ကြတဲ့ ကြောင်လေးတွေကိုတော့ Boredpanda ကနေ အခုလို တွေ့ရပါတယ်။

Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman
Instagram/rojiman

လင်းလင်း (ShweMom)

SHARE