ကြိတ် Crush နေတဲ့ ဆယ်လီတွေကို တရားဝင် ထုတ်ဖော်ပြောခဲ့ဖူးတဲ့ နာမည်ကျော်များ

Twitter/Billboard

ဘယ်သူမဆို ကိုယ့်စိတ်ထဲမှာ တိတ်တခိုး ကြိတ်ပြီး သဘောကျနေတဲ့ Celebrity Crush ဆိုတာ ရှိကြမှာပါ။ ကိုယ်တွေသဘောကျတဲ့ A – List Celebrity တွေကလဲ လူတွေထဲက လူတွေဖြစ်တဲ့အတွက် Crush ကိုယ်စီရှိကြတဲ့ လူသားတွေပါပဲ။ ကိုယ်တွေလိုပဲနော်။ အဲ့ဒီထဲကမှ နာမည်ကြီး လူသိများတဲ့ Celebrity တွေရဲ့ Crush လေးတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

Josh Hutcherson and Emma Watson

 

Hunger Games ရုပ်ရှင်တွေရဲ့မင်းသားချောလေး Josh Hutcherson ဟာ Harry Potter ရုပ်ရှင်တွေရဲ့ မင်းသမီးဖြစ်သူ Emma Watson ကို သဘောကျကြောင်းကို 2013 တုန်းက Bang Showbiz Interview မှာ ပြောကြားခဲ့ပါတယ်။ Josh ဟာ သူရဲ့မန်နေဂျာဖြစ်သူကိုတောင် Emma ရဲ့မန်နေဂျာဆီဖုန်းဆက်ခိုင်းပြီး သူတို့ နှစ်ယောက်ဒိတ်လို့ရအောင် အကူအညီတောင်းခိုင်း ခဲ့ဖူးပါတယ်။ အခုထိတော့ မဒိတ်ဖြစ်သေးပေမယ့် တစ်နေ့တော့ ဖြစ်လာမှာပါဆိုပြီး အားမလျှော့သေးပါဘူး။

Lucy Hale and Steve Carell

 

Pretty Little Liars TV Series ရဲ့ မင်းသမီးချောလေး Lucy Hale ကတော့ ဦးနဲ့သမီးဇာတ်လမ်းကို စိတ်ဝင်စားသူလို့ ပြောရမှာပါ။ သူမထက် အသက်(၂၇) နှစ်ကြီးတဲ့ ၀ါရင့်မင်းသားတစ်ဦးဖြစ်သူ Steve Carell ကို အရမ်းဆွဲဆောင်မှုရှိသူပါဆိုပြီး Lucky Magazine နဲ့ အင်တာဗျူးမှာ (၂၀၁၃)ခုနှစ်က ပြောကြားခဲ့ပါတယ်။ Lucy က သူမရဲ့ Twitter မှာလည်း Steve Carell ဟာ သူမရဲ့ အိပ်မက်ထဲက ယောင်္ကျားတစ်ယောက်ပါပဲ ဆိုပြီး တင်ခဲ့ပါသေးတယ်။

 

Noah Schnapp and Zandaya

READ
ငွေစက္ကူ(၇)ရွက် ရိုက်ကွင်းပုံရိပ်လေးတွေကို ဝေမျှ လိုက်တဲ့ မြနှင်းရည်လွင်

Stranger Things စီးရီးထဲက မင်းသားလေး Will ကတော့ Spider-Man:Homecoming ထဲက မင်းသမီးဖြစ်သူ Zandaya ကို သဘောကျကြောင်း မဖုံးကွယ်ပဲ ၀န်ခံခဲ့ပါတယ်။။ 2018 MTV Movie and TV Awards မှာတော့ Will က Zandaya ကို ချစ်ကြောင်း အရမ်းလှကြောင်း ရွှန်းရွှန်းဝေအောင် ပြောခဲ့တာပါ။ Best Scared Performance Award ကို လက်ခံရရှိလို့ ကျေးဇူးတင်စကား ပြောတဲ့အချိန်မှာတောင် Zandaya အကြောင်း မဆီမဆိုင် ပြောခဲ့ပါသေးတယ်။

Ariana Grande and Jim Carry

 

7 rings, Thank you, Next စတဲ့ သီချင်းတွေရဲ့ အဆိုတော် Ariana Grande ကတော့ သူမရဲ့ငယ်ချစ်ဦးဟာ The Mask  ရုပ်ရှင်မင်းသား Jim Carry ဖြစ်ကြောင်း (၂၀၁၅)ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။

သူတို့နှစ်ဦးဟာ (၂၀၁၄)ခုနှစ်တုန်းက ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးခဲ့တာဖြစ်ပါတယ်။ Ariana ကတော့ Jim နဲ့ မတွေ့ခင်မှာ အရမ်းကြောက်ခဲ့ပြီး သူမထင်ထားသလို သဘောမကောင်းမှာ စိုးရိမ်ခဲ့ပေမယ့် Jim က အပြင်မှာ သူမထင်ထားတာထက်ပိုပြီးတောင် သဘောကောင်းသဖြစ်ကြောင်း၊ သူမအရမ်းပျော်ခဲ့ရပြီး Jim ကို လဲ အရမ်းချစ်ဖို့ကောင်းတယ်လို့ ဖွင့်ပာခဲ့ပါတယ်။ Ariana က Jim ရဲ့ show ဖြစ်တဲ့ Carry’s Show Time မှာ ဧည်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး သူမဘ၀အတွက် တန်ဖိုးမဖြတ်နိုင်ဆုံး အချိန်တွေပါလို့လည်း ၀န်ခံခဲ့ပါတယ်။

READ
ပုဂံမှာ ဘုရားဖူးနေတဲ့ ဇာနည်နဲ့ကြည်လဲ့လဲ့ဦးတို့ စုံတွဲ

Selena Gomez and Chris Evans

Justin Bieber ရဲ့အချစ်ဟောင်းဖြစ်သူ အဆိုတော်၊ သရုပ်ဆောင် Selena Gomez ကတော့  သူရဲ့ Celebrity Crush ဟာ  Captain America ဇာတ်ကောင်နဲ့ လူကြိုက်များတဲ့ မင်းသား Chris Evans ပါဆိုပြီး “ Watch What Happens Live” ရဲ့ Host စြဖ်သူ Cohen ကိုပြောကြားခဲ့ပါတယ်။

“ ကျွန်မကတော့သူ့ကို သဘောကျတယ် သူကလဲအရမ်းလဲချစ်ဖို့ကောင်းတယ်” လို့ ပြောခဲ့ပြီး Cohen ကလဲ သူနဲ့သဘောတူခဲ့ပါတယ်။

Cole Spouse and Jennifer Aniston

Imdb/Friends

အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူးဆိုတာကို သက်သေပြနိုင်ခဲ့သူကတော့ Jennifer Aniston ပါပဲ။ Friends TV Series မှာ David Shwimmer ရဲ့သားဖြစ်သူ Ben နေရာမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပြီး Riverdale TV Series ရဲ့ မင်းသားဖြစ်သူ Cole Spouse ကတော့ Jennifer ကသူ့ရဲ့ Crush ပါဆိုပြီး “ The Late Show With Stephen Colbert” မှာပြောကြားခဲ့ပါတယ်။ Cole လိုမျိုးပဲ Jennifer ကို သဘောကျနေကြောင်း  ထုတ်ဖော်ပြောခဲ့သူ နောက်တစ်ယောက်ကတော့ Riverdale ရဲ့မင်းသားတစ်ဦးဖြစ်သူ KJ Apa ပဲဖြစ်ပါတယ်။

YouTube/The Late Show With Stephen Colbert

Sam Smith and Shia LaBeof

“မာမီဆမ်” ဆိုပြီး မြန်မာပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် Sam Smith ကတော့ Transformers ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့  မင်းသားဖြစ်သူ Shia LaBeouf ကိုသဘောကျကြောင်း 2019 မှာ Sirius XM Interview မှာပြောကြားခဲ့ပါတယ်။

“ သူကတော့ လိင်တူကြိုက်တဲ့သူ မဖြစ်လောက်ဘူး။ ဒါပေမယ့် ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ပထမဆုံးချစ်သူ ဖြစ်ချင်ပါတယ်” လို့ Sam ကပြောကြားခဲ့ပါတယ်။

TPS

SHARE