ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာမခံထားကြတဲ့ အနုပညာရှင်များ

instagram/craigdanielbond instagram/mileycyrus

နာမည်ကြီးဆယ်လီတွေထဲက အချို့ဟာ သာမန်လူတွေအဖို့ နားမလည်နိုင်တဲ့အရာတွေကို ပြုလုပ်လေ့ရှိပါတယ်။ ရေလို ငွေဝင်ကြသူတွေဖြစ်တဲ့အတွက် ရေလို ငွေသုံးနိုင်သူတွေလည်း ဖြစ်ပါတယ်။ Thethings သတင်းစာမျက်နှာကနေတဆင့် အခုဖော်ပြမှာကတော့ ထူးထူးဆန်းဆန်း မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာမခံထားထားကြတဲ့ ဆယ်လီတွေပဲဖြစ်ပါတယ်။

Kim Kardashian

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian)


စာဖတ်သူအားလုံးပဲ Kim Kardashian လို့ပြောလိုက်တာနဲ့ သူမရဲ့ထူးခြားချက်တွေထဲက အထင်ရှားဆုံးထူးခြားချက်တစ်ခုကို သိကြပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီအရာကို ကာကွယ်တယ်ဆိုတာ သဘာဝတော့ကျပါတယ်။ အဲ့ဒါကတော့ သူမရဲ့အဖိုးတန်ဆုံးတင်ပါးပဲဖြစ်ပါတယ်။ သူမရဲ့တင်ပါးကို အရင်က ဒေါ်လာ၂၁သန်းနဲ့ အာမခံပေါ်လစီယူထားပြီး အခုတော့ ဒီထက်ပိုတန်ဖိုးများတဲ့ အာမခံယူထားတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

Daniel Craig


Daniel Craig ကိုတော့ James Bond ဇာတ်ကောင်အဖြစ် သိကြပါတယ်။ ဟောလီးဝုဒ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ James Bond အဖြစ် သရုပ်ဆောင်ရတာဟာ အကြီးအကျယ်ဂုဏ်ယူစရာတစ်ခုဖြစ်သလို ဒီလိုအခွင့်ထူးမျိုးကို သရုပ်ဆောင်အနည်းစုလောက်ပဲ ရကြတာဖြစ်ပါတယ်။ Casino Royale ထဲမှာသရုပ်ဆောင်တုန်းက သူဟာ Bond အနေနဲ့ စတန့်အများစုကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့ရတာပါ။ ဒါကြောင့် သူ့ကိုယ်သူ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကာကွယ်ဖို့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ဒေါ်လာ ၉.၅သန်းတန် အာမခံပေါ်လစီယူခဲ့ပါတယ်။

READ
ချစ်သူရဲ့ (၂၃)နှစ်ပြည့် မွေးနေ့ ပွဲကို ကျင်းပပေးခဲ့တဲ့ Leonardo DiCaprio

Cristiano Ronaldo

 

View this post on Instagram

 

A post shared by Cristiano Ronaldo (@cristiano)


ကမ္ဘာပေါ်က အတော်ဆုံးဘောလုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ Cristiano ဟာ သူ့ရဲ့ခြေထောက်တွေကို အာမခံထားထားပါတယ်။ သူ့ခြေထောက်တွေကြောင့်သာ မဟုတ်ရင် ကမ္ဘာကျော်ဖြစ်လာစရာလည်း မရှိတာကြောင့် သူတန်ဖိုးထားမယ်ဆိုလည်း ထားသင့်ပါတယ်။

Keith Richards

 

View this post on Instagram

 

A post shared by Keith Richards (@officialkeef)


သူဟာ ဂီတာပညာရှင်တစ်ဦးဖြစ်ပြီး The Rolling Stones တီးဝိုင်းကို တည်ထောင်သူအဖွဲ့သားလည်း ဖြစ်ပါတယ်။ သူ့လက်တွေကြောင့်သာမဟုတ်ရင် Keith Richards ဆိုတာ ဒီနေ့ဒီအချိန်မှာ အခုလိုနေရာကိုရောက်လာမှာမဟုတ်ပါဘူး။ သူ့ရဲ့အလုပ်အောင်မြင်မှုဟာ သူ့လက်တွေအပေါ်မှာ မူတည်နေတယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ ဒါကြောင့် Keith Richards ဟာ Lloyd’s of London မှာ သူ့လက်တွေအတွက် ဒေါ်လာ ၁.၆သန်းတန် အာမခံပေါ်လစီယူခဲ့ပါတယ်။

READ
နှစ်ဦးသား စတွေ့ဆုံခဲ့ပုံကို ကြည်နူးစွာ ပြောပြလာတဲ့ ရော်နယ်ဒိုရဲ့ရည်းစား ဂျော်ဂျီယာ

Miley Cyrus

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)


Miley ကတော့ အခွင့်အရေးရတိုင်း လျှာထုတ်ပြတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Miley ကို လျှာတစ်လစ်နဲ့မြင်ရတာများလွန်းလို့ အခုဆိုရင် လျှာထုတ်တာက Miley ရဲ့ trademark pose တောင်ဖြစ်နေပါပြီ။ ဒါကြောင့် သူမ၊ သူမရဲ့တေးဂီတနဲ့အတူ ကျော်ကြားလာတဲ့ သူမလျှာကို အာမခံထားဖို့ Miley ကစိတ်ကူးရခဲ့ပါတယ်။ ဒေါ်လာ ၁သန်းနဲ့ အာမခံထားထားတယ်လို့ သိရပါတယ်။

ShweMom

SHARE