Victoria လေးအတွက် ၀န်းရံပေးခဲ့ကြတဲ့ အနုပညာရှင်များ

Image :အနုပညာရှင်များရဲ့ fb

နေပြည်တော်မူကြိုကျောင်းသူလေးရဲ့ အမှုကတော့ လက်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူပြော အများဆုံး ကိစ္စတစ်ခု ဖြစ်နေပါတယ်။ လိုတာထက်ပိုပြီး ကြန့်ကြာနေတဲ့ ဒီအမှုမှာ တရားခံ အမြန်ဆုံးပေါ် ပေါက်လာ စေဖို့ အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုလုံးမှာ လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။ ပိုများလာတဲ့ သက်ငယ်မုဒိမ်းမှုတွေ လျော့ ပါး အဆုံးသတ်ရေးအတွက် မုဒိမ်းကောင်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ ကိုလည်း အားလုံးက ၀ိုင်းပြီး တောင်း ဆိုနေကြပါတယ်။ သက္က မိုးညို   ဆိုတဲ့ fb အကောင့်မှာတော့ ဒီအမှုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် အသေးစိတ်တွေ နဲ့ လက်ရှိ အခြေအနေတွေကို ဆက်တိုက်ဆိုသလို ဝေမျှ ပေးနေပါတယ်။လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံ ကလည်း ဒီအမှု နဲ့ ပတ်သက်ပြီး အားတက်သရော ပါဝင် ပေးနေပါတယ်။

Image :Lin Lin’s fb
Image:သက္ကမိုးညိုရဲ့ fb
Image :Chit Thu Wai’s fb

လင်းလင်းရဲ့ အကောင့်မှာ ဇွန်(၃၀)ရက်နေ့က တင်ထားတဲ့ Post မှာတော့….

READ
Memes တွေရဲ့ ဟာသလုပ်စရာ ဖြစ်ခဲ့တဲ့ လေဒီဂါဂါရဲ့ Super Bowl ဖျော်ဖြေတင်ဆက်မှု

“ဗစ်တိုးရီယားလေးအတွက် ဗစ်တိုရီးယားများစွာက
ဝိုင်းဝန်းကြတာပါ။
ဝိုင်းတွန်းကြတဲ့ဒီအရွှေ့ ရွေ့ကို ရွေ့ရမယ်။

၃၇၆ နဲ့အတူ ၁၀၉ နဲ့ ၁၁၄ ပုဒ်မတွေထဲမှာ
မည်သည့်ပုဂ္ဂိုလ်ပါဝင်နေပါစေ ,,,,

နောက်ဆုံးကျွန်တော်တို့ကိုယ်တိုင် ဥပဒေဘောင်အပြင်ကနေ တရားစွဲခံပြီး စည်းလွတ်ဘောင်လွတ် ပြောရမယ့်အခြေအနေကြုံလာရင်တောင် လုပ်မယ် နောက်မဆုတ်ဘူး။

ကျွန်တော့်ရဲ့ပိုစ့်တွေဟာ တာဝန်ရှိသူတွေကိုဘဲ လက်ညှိုးထိုးပါသည်။
၁၀၉ ဟာ တရားခံကို အားပေးကူညီကာကွယ်သူများ ဖြစ်ပြီး
၁၁၄ ဟာ တရားခံပြစ်မှုကျူးလွန်ချိန်မှာ အနားမှာရှိပြီး သက်သေခံပစ္စည်းများဖုံးဖယ်၍ ယခုထိ တရားခံဘက်မှ ကာကွယ်သူများဟု အကြမ်းဖျင်းသိရပါတယ်။

‘ အမှန်တရားဟာ အမြဲလိုလိုနောက်ကျတတ်ပါတယ် ‘ တဲ့,,
နောက်ကျမှာပေါ့ စခန်းတစ်ခုခုထဲမှာ ချိန်ခွင်တရမ်းရမ်းနဲ့ သူပါ rape လုပ်ခံနေရတာ နေမှာပေါ့,,,…” ဆိုပြီး တင်ထားပါတယ်။

READ
ချစ်ဖို့ကောင်းတဲ့ပုံလေးတွေနဲ့ ပရိသတ်တွေအာရုံကို ဖမ်းစားလိုက်တဲ့ ပိုးမမှီသာ
Image :Chit Thu Wai’s fb
Image :Chit Thu Wai’s fb

မယ်လိုဒီရဲ့ အကောင့်မှာလည်း..”ကိုယ့်ကလေး၎နှစ်ကျော်
သားလေးပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ဘယ်နေရာတွေကမထိရမကိုင်ရ မနမ်းရ သားလေးကိုကိုင်ရင်ဆရာမတွေကိုပြော
မေမေတို့ကိုပြောလို့ သင်ပေးထားပါတယ်
အဲ့လိုဘဲ သားလေးကလည်း သူတစ်ပါးကိုမကိုင်ရဘူးနော်လို့သေချာဆုးံမထားပါတယ်
ကိုယ့်မိသားစုကိုကာကွယ်ပါ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းပါ
ကမ္ဘာကြီးပေါ်မှာ ကိုယ့်မိသားစုတစ်ခုဘဲကွက်ပြီးသာယာနေလို့မရဘူးလေ
ကိုယ်ခြင်းစာတရားထားကြပါ
ပညာတတ်ပေမယ့် အမှန်တရားဘက်မှာမရပ်တည်ရင်လူယုတ်မာပါဘဲ
အမှားအမှန်ဝေဖန်ပိုင်းခြားပြီး အမှန်တရားဘက်မှာရပ်တည်တဲ့ သူတော်ကောင်းဖြစ်ဖို့အရေးကြီးပါတယ်
အေးချမ်းသာယာတဲ့နိုင်ငံတော်ကြီးဖြစ်ဖို့ အပြစ်ကျူးလွန်သူ တွေကိုအပြစ်ပေးမှာ တရားမျှတာအေးချမ်းသာယာမှာပါ

#JusticeforVictoria..”

ဆိုပြီး Victoria အတွက် ၀န်းရံပေးထားပါတယ်။အေသင်ချိုဆွေ၊ဇဏ်ခီ၊တိုင်ရွန်၊မယ်လိုဒီ၊စိုင်းစိုင်းခမ်းလှိုင်…..အစရှိတဲ့ အနုပညာရှင်တွေ အများကြီးကပါ ၀န်းရံပေးခဲ့ကြပါတယ်။

Image :မယ်လိုဒီရဲ့ fb
Image:ဇဏ်ခီရဲ့ fb
Image:စိုင်းစိုင်းရဲ့ fb
Image:တိုင်ရွန်ရဲ့ fb

Source အနုပညာရှင်များရဲ့ fb

SHARE