အိမ်မွေးတိရစ္ဆာန်လေးတွေ ကွယ်လွန်သွားချိန်မှာ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရတဲ့ ဆယ်လီများ

Instagram/OrlandoBloom

တိရစ္ဆာန်ချစ်သူတိုင်းမှာ အသည်းပေါက်မတက် ငိုကြွေးရတဲ့ အချိန်တစ်ချိန်ရှိပါတယ်။ အဲတာကတော့ ကိုယ်မွေးထားတဲ့တိရစ္ဆာန်လေးကို ဆုံးရူံးလိုက်ရတဲ့အချိန်ပဲဖြစ်ပါတယ်။ သက်ရှိတိုင်းသွားရမယ့် လမ်းဆိုပေမယ့် တကယ်ကြုံလာရင်တော့ ဘယ်သူမှ မခံစားနိုင်ကြပါဘူး။ နာမည်ကြီး celebrity တွေမှာလဲ အဲဒီလိုမျိုး အခိုက်အတန့်တွေ ရှိကြပါတယ်။ သူတို့ကကော ဘယ်လိုမျိုးတွေ ဖြတ်သန်းခဲ့လဲဆိုတာလေး ဆက်လက်ကြည့်ရူကြမယ်နော်။

Orlando Bloom & Mighty

 

View this post on Instagram

 

Mighty’s on the other side now. After 7 days of searching from sunrise to sunset and into the wee hours, today, the 7th day ~the number of completion~ we found his collar… I have wept more this week than I thought possible, which has been very cathartic and healing… I left no stone unturned, crawled thru all the man holes, under the roads, searched every back yard and creek bed. Had two separate sniffer dogs do their best as well. I feel so grateful to have learned from my little Mighty man that love is eternal and the true meaning of devotion. I feel sure he was looking down on me whistling in every back yard and knowing that I was doing all I possibly could to respect our bond. He was more than a companion. It was a soul connection for sure. I’m sorry. I love you. Thank you. RIP my MIGHTY HEART my little fellow A ♠️’s ❤️Thank you to the community for allowing me to search through their yards for him and supporting my midnight walks. It was reassuring to see the best of people even in the worst of times. To the angels of @dogdayssar I’m forever in your debt. You ladies are heaven sent. Lastly thank you to @scottcampbell for the ink. I love you brother❤️l

A post shared by Orlando Bloom (@orlandobloom) on

Orlando Bloom ကတော့ သူရဲ့ အိမ်မွေးခွေးလေး Mighty သေဆုံးသွားတာနဲ့ ပတ်သက်ပြီး Instagram မှာ တဖွဲ့တနွဲ့ကို ပို့စ်တင်ခဲ့ပါတယ်။ Mighty ဆိုတဲ့ နာမည်လေးအောက်မှာ အသည်းပုံလေးထဲမှာ Spade သင်္ကေတလေးနဲ့သူ့ခွေးလေးကို ဂုဏ်ပြုတဲ့သဘောနဲ့ ရင်ဘတ်မှာ Tattoe ထိုးခဲ့ပါတယ်။ Mighty ဟာ ပျောက်ဆုံး သွားခဲ့တာဖြစ်ပြီး (၇) ရက်မြောက်နေ့မှာ Mighty ရဲ့ လည်ပတ်လေးကို ရှာတွေ့ခဲ့တာပဲ အလောင်းကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ Bloom က Mighty ဟာ သူ့အတွက် အိမ်မွေးခွေးထက်ပိုတဲ့ သူရဲ့မိသားစုဝင်တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သူ့ကိုကောင်းကင်ပေါ်ကနေ ကြည့်နေမှာ သူသိပါတယ်လို့လဲ ဝမ်းနည်းစွာ ပြောကြားခဲ့ပါသေးတယ်။

Jennifer Aniston & Dolly 

READ
Instagram မှာ အလွမ်းသည်နေကြတဲ့ G Fatt နဲ့ နန်းဆု

 

နာမည်ကျော် Friends sitcom ရဲ့ မင်းသမီးဖြစ်သူ Jennifer Aniston ကတော့ သူရဲ့ခင်ပွန်းဟောင်းဖြစ်တဲ့ Justin Theroux နဲ့ တူတူမွေးခဲ့တဲ့ ခွေးလေး Dolly ပုံကို Locket လေး လုပ်ပြီး အမြဲလည်ပင်းမှာ ဆွဲထားလေ့ရှိပါတယ်။ Dolly က German Shepherd အမျိုးအစားဖြစ်ပြီး (၂၀၁၉)ခုနှစ် ဇူလိုင်လမှာ သေဆုံးသွားခဲ့တာပါ။

Sophie Turner & Waldo Picasso

 

View this post on Instagram

 

👩🏻❤️🐶❤️👦🏻 .. @joejonas @sophiet Thank you so much guys. See you again!

A post shared by DRAGON 🗽 (@drag_ink) on

Jonas Brother အဖွဲ့ဝင်ဖြစ်တဲ့ Joe Jonas နဲ့The Games Of Thrones သရုပ်ဆောင် Sophie Turner တို့ကတော့ ဟန်နီးမွန်းက ပြန်ရောက်ရောက်ချင်းမှာပဲ ဝမ်းနည်းစရာ ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ Alaskan Klee Kai အမျိုးအစားဖြစ်တဲ့ ခွေးလေး Waldo က သူရဲ့ ခွေးကျောင်းသူနဲ့ အတူလမ်းလျှောက်ထွက်ရင်း ကားတိုက်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ Waldo ရဲ့ပုံလေးကို Tattoe ထိုးပြီး Joe ကတော့ သူရဲ့ Instagram မှာ R.I.P My Little Angel ဆိုတဲ့ Caption နဲ့တင်ခဲ့ပါတယ်။

Demi Lovato & Buddy

Instagram/DemiLovato

အဆိုတော် Demi Lovato ရဲ့အချစ်တော်ခွေးလေး Buddy ကတော့ (၂၀၁၅)ခုနှစ် မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ Buddy ကို အမြဲအမှတ်ရဖို့အတွက် Demi က သူမရဲ့ ခြေကျင်းဝတ်မှာတော့ Buddy Was Here ဆိုပြီး Buddy ပုံတူလေးကို Tattoo ထိုးခဲ့ပါတယ်။ Tatto0 ထိုးပေးခဲ့သူကတော့ Celebrity တွေရဲ့ လက်စွဲတော် Tattoo Artist ဖြစ်ပြီး Dr Woo လို့ လူသိများတဲ့ Brian Woo ပဲဖြစ်ပါတယ်။

Sandra Bullock & Poppy & Ruby

မင်းသမီး Sandra Bullock ဟာ ဖခင်ဖြစ်သူကို September မှာ ဆုံးရူံးခဲ့ရပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ အချစ်တော် ခွေးလေး နှစ်ကောင်ဖြစ်တဲ့ Poppy နဲ့ Ruby ကိုလဲ ထပ်မံဆုံးရူံးခဲ့ရပါတယ်။  Bullock ကတော့ အဲ့ဒီအချိန်ဟာ သူမဘဝရဲ့အခက်ခဲဆုံး အချိန်တစ်လို့ ပြောကြားခဲ့ပါတယ်။ Poppy နဲ့ Ruby က သာမန်ခွေးလေးတွေလို မဟုတ်ပဲ Ruby မှာ ခြေထောက် နှစ်ချောင်းသာရှိပြီး Poppy မှာတော့ သုံးချောင်းသာရှိပါတယ်။  Ruby က အရှေ့ခြေထောက် နှစ်ချောင်းမရှိပေမယ့် သာမန်ခွေးလေးတွေလိုပဲ လမ်းလျှောက်ပြီး အိမ်သာကအစ သာမန်ခွေးလေးတွေလိုပဲ သွားတက်ကြောင်း Bullock က Elle Show မှာ  ပြောပြခဲ့ပါတယ်။

Pink & Frangelica ‘Nanni’ Moore

READ
ပရိသတ်တွေကို အပြုံးချိုချိုလေးနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ပန်းရောင်ခြယ်

 

(၂၀၁၈)ခုနှစ် စက်တင်ဘာလအတွင်း Pink က သူမရဲ့ Instagram မှာ သူမရဲ့ ၁၆ နှစ်အရွယ် ခွေးလေး Nanni သေဆုံးကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။ သူမရဲ့ ခွေးလေးက Pink ရဲ့ Beautiful Trauma World Tour ကအပြန်ကို စောင့်ပြီးမှ ဆုံးသွားခဲ့တာမို့ Pink က သူမရဲ့ instagram မှာ “ Rest In Sunshine Pretty Girl. Thanks for waiting for me to get home” လို့ ရေးပြီး သူမရဲ့ဓာတ်ပုံနဲ့အတူ ပို့စ်တင်ခဲ့တာပါ။

Khloe Kardashian & Gabbana

 

Kardashian မိသားစုဝင်ဖြစ်တဲ့ Khole ရဲ့ Black Lab Gabanna ကတော့ (၂၀၁၈)ခုနှစ် ဇန်န၀ါရီလမှာ သေဆုံးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ … Khole ရဲ့ခွေးလေး သေဆုံးချိန်မှာ Khole က ကိုယ်ဝန်ဆောင်နေပြီ ဖြစ်ပါပြီ။ Khole ကတော့ Gabbana က သူမရဲ့ခွေးလေးဆိုတာထက် သူမရဲ့ကလေးဆိုပိုမှန်ကြောင်း ၊ ဘယ်သူမှအနားမှာ မရှိခဲ့တဲ့အချိန်မှောတောင် သူမအနားမှာ ရှိပေးခဲ့ကြောင်း ၊ (၁၄) နှစ်ကြာ အတူတူနေခဲ့တဲ့ ခွေးလေးကို ဆုံးရူံးလိုက်ရတာဟာ သူမဘဝရဲ့အကြီးမားဆုံး ဆုံးရူံးမှုတစ်ခုဖြစ်ကြောင်း ရေးသားပြီး Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။

TPS

SHARE