(၆၂)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို မတက်ရောက်ခဲ့တဲ့ နာမည်ကြီး အဆိုတော် (၁၁)ဦး

YouTube_CBS/Instagram_BillieEllish

(၂၀၁၉)ခုနှစ်အကောင်းဆုံးသီချင်းတွေကို ဆုချီးမြှင့်တဲ့  (၆၂)ကြိမ်မြောက် Grammy ဆု ပေးပွဲကို လော့အိန်ဂျလိစ်မြို့ Staples စင်တာမှာ ဇန်န၀ါရီလ(၂၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း နာမည်ကျော် ဂီတအနုပညာရှင်တက်ရောက်ခဲ့ကြပေမယ့်၊ ဒီနှစ်မှာတော့ Grammy ဆုစာရင်းဝင်ပေမယ့်ဆုပေးပွဲကို မတက်ခဲ့ကြတဲ့ နာမည်ကြီးအဆိုတော်(၁၁)ဦးကို တင်ဆက်ပေးလိုက်ပါတယ်။

Beyoncé နဲ့ Jay-Z

 

 

View this post on Instagram

 

A post shared by Beyoncé (@beyonce) on

Beyoncé က ဒီနှစ်ဂရမ်မီဆုပေးပွဲမှာ best pop solo performance ၊best pop vocal albumအပါအ၀င် ဆုသုံးဆု ဇကာတင်စာရင်းဝင်ခဲ့ပေမယ့် ဆုပေးပွဲကိုတက်ရောက်ခြင်းမရှိခဲ့ပါဘူး။ Beyoncéအပြင်Jay-Zပါ စုံတွဲလိုက် မတက်ခဲ့ကြတာဖြစ်ပြီး၊ သူတို့နှစ်ဦးက ဒီနှစ်မှမဟုတ်ဘဲ ရှေ့နှစ်ဂရမ်မီပွဲတုန်းကလည်း တက်ရောက်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။

Lady Gaga

 

“A Star is Born”အယ်ဘမ်အတွက်ဆုအများကြီးဇကာတင်စာရင်းဝင်ခဲ့ပေမယ့် လေဒီဂါဂါလည်း ဒီနှစ် ဂရမ်မီပွဲကိုမတက်ရောက်ခဲ့ပါဘူး။ သူမအတွက်ဒါဟာ ငါးနှစ်အတွင်းပထမဆုံးပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဂရမ်မီမှာ လေဒီဂါဂါရဲ့ Always Remember Us This Wayဆိုတဲ့ ရုပ်ရှင်သီချင်းက song of the year အတွက်နာမည်ထွက်နေပေမယ့်၊ Billie Eilishရဲ့ “Bad Guy.” ရရှိသွားခဲ့ပါတယ်။ လေဒီဂါဂါကတော့ သူမရဲ့ပျက်ကွက်မှုအတွက် ဘာမှပြောကြားခြင်းမရှိပါဘူး။

Taylor Swift

 

View this post on Instagram

 

Miss Americana January 31 on @netflixfilm

A post shared by Taylor Swift (@taylorswift) on

Taylor Swiftရဲ့ “Lover,” သီချင်းက best pop vocal album၊ You Need to Calm Downသီချင်းကbest pop solo performance နဲ့  “Lover.”က song of the year ဆိုပြီး ဒီနှစ်ဂရမ်မီဆုပေးပွဲမှာ ဇကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဆုပေးပွဲကို တေလာလည်း မတက်ခဲ့ပါဘူး။ Lover အယ်ဘမ်အတွက် အလုပ်တွေများနေလို့ လို့ဆိုပေမယ့် တရားဝင်ပြောဆိုခြင်းတော့မရှိပါဘူး။ ဒါပေမယ့်Utah ပြည်နယ် Park City မှာပြုလုပ်တဲ့ Sundance Film Festivalပွဲက သူမရဲ့ Miss Americana” မှတ်တမ်းရုပ်ရှင်အကြိုပြပွဲကိုတော့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

Selena Gomez

 

View this post on Instagram

 

Well..

A post shared by Selena Gomez (@selenagomez) on

မကြာသေးခင်ကမှ”Rare” သီချင်းအယ်ဘမ်ထွက်ထားတဲ့ Selena Gomezကလည်း ဒီနှစ်ဂရမ်မီပွဲကို မတက်ရောက်ဘဲ အိမ်ကနေပဲ အားပေးခဲ့တယ်လို့သိရပါတယ်။ ဆယ်လီနာက ပွဲအတွင်း Demi Lovatoရဲ့ဖျော်ဖြေတင်ဆက်မှုဟာ ဆွဲဆောင်မှုရှိပြီး၊ ပြည့်စုံလွန်းတယ်ဆိုပြီး သူမရဲ့အင်စတာဂရမ်အကောင့်မှာ ချီးကျုးပြောဆိုထားပါတယ်။

Halsey

 

View this post on Instagram

 

@marcjacobs with the POWER SUIT hunnnny. @nbcsnl posting all these cause @maryellenmatthewsnyc is too amazing for her own good. A legend!

A post shared by halsey (@iamhalsey) on

Halseyရဲ့သီချင်းကတော့  ဒီနှစ်ဂရမ်မီပွဲမှာ ဇကာတင်စာရင်းပါဝင်ခဲ့ခြင်းမရှိပါဘူး။ သူမရဲ့”Without Me”သီချင်းက အောင်မြင်ခဲ့ပေမယ့် ဆန်ကာတင်စာရင်းမှာ မပါလာခဲ့တဲ့အတွက် သူမဖန်တွေ အတော်စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ ဒီကိစ္စကပဲ သူမ ဆုပေးပွဲကို မတက်ခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

Rihanna

Rihanna ကတော့ (၂၀၁၆)ခုနှစ်က နာမည်ကြီးဆုံးဖြစ်ခဲ့တဲ့”Anti” တေးအယ်လ်ဘမ်ထွက်ပြီးနောက်ပိုင်း သီချင်းအသစ်တွေ မထွက်လာသေးပါဘူး။ ဒါပေမယ့် အယ်ဘမ်အသစ်ထွက်ဖို့ ကြိုးစားနေတယ်လို့ပြောထားပါတယ်။သူမအနေနဲ့ဇကာတင်သီချင်းလည်းမရှိ၊  ပွဲမှာ ဖျော်ဖြေပေးဖို့လည်းမရှိတာကြောင့် ဆုပေးပွဲကို မတက်ဘဲနေခဲ့တာဖြစ်လိမ့်မယ်လို့ဆိုပါတယ်။

Maren Morris

Country အဆိုတော် Maren Morris ရဲ့ Brandi Carlileနဲ့ပူးပေါင်းဖန်တီးထားတဲ့”Common.”သီချင်းက best country duo/group performance အဖြစ် ဇကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူမကိုယ်ဝန်ကြောင့် ဆုပေးပွဲကို မတက်ဘဲ ကျေးလက်မှာ အနားသွားယူနေတယ်လို့သိရပါတယ်။ သူမသီချင်း ဇကာတင်ဝင်ခဲ့တဲ့အတွက် ၀မ်းသာကြောင်းတွစ်တာမှာ ရေးသားထားပါတယ်။

Miley Cyrus

 

View this post on Instagram

 

Watt The Fuck Is Happening ?!?! by @majidjordan

A post shared by Miley Cyrus (@mileycyrus) on

ပွဲတိုင်းကျော်  Miley ကလည်း ဒီနှစ်ဂရမ်မီပွဲကို မတက်ခဲ့ပါဘူး။ ဒီနှစ်မှာ သူမသီချင်းတစ်ပုဒ်မှာ ဇကာတင်မ၀င်ခဲ့သလို၊ Mileyကို ဒီနှစ်မှာ ဆုပေးပွဲကို တက်ရောက်ဖို့ အဖိတ်မခံရဘူးလို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

Adele

ဂရမ်မီဆု တော်တော်များများကို သိမ်းပိုက်ရရှိထားတဲ့ Adeleကလည်းဒီနှစ်မှာ ပွဲကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါကလည်း သူ(၂၀၂၀)မှာ ထွက်ရှိမယ့်သီချင်းအတွက် အလုပ်တွေများနေတာကြောင့်လို့ သူမရဲ့မန်နေဂျာကေ ပြောပါတယ်။

Jennifer Lopez

 

View this post on Instagram

 

✨ #BronxGirlMagic ✨

A post shared by Jennifer Lopez (@jlo) on

အဆိုတော်နဲ့သရုပ်ဆောင် Jennifer Lopezကတော့ ပြီးခဲ့တဲ့လက Golden Globes, Critics’ Choice Awards, Screen Actors Guild Awards စတဲ့ရုပ်ရှင်နဲ့ဆိုင်တဲ့ဆုပေးပွဲတွေကိုတက်ရောက်ခဲ့ပေမယ့်၊ ဂရမ်မီဆုပေးပွဲကိုတော့မတက်ရောက်ခဲ့ပါဘူး။  သူမအနေနဲ့လည်း ဒီနှစ်ဆုပေးပွဲမှာ ဇကာတင်သီချင်းမရှိသလို၊ ဖျော်ဖြေပေးဖို့လည်းမရှိဘူးလို့ သိရပါတယ်။

Khaing Sandar

SHARE