“Star Awards” ကနေ နုတ်ထွက်ကြောင်း သူတို့တွေပါ ကြေညာလိုက်ကြပြီ…

Star Awards 2018 ဟာ ရုပ်ရှင်နဲ့ ရုပ်သံထူးချွန်ဆု ပေးအပ်ချီးမြှင့်မယ့်ပွဲပါ။.ပေးအပ်မယ့် ဆုပေါင်း (၁၅)ဆု ရှိတ ယ်လို့ သိရပါတယ်။ ဒီအထဲမှာမှ ပရိသတ်ရဲ့ ရွေးချယ်မှု ၁၀၀% ဖြင့် ရရှိမည့် People Choice Award  ဆိုတဲ့ ဆု လည်း ပါဝင်ပါတယ်။ အဲ့ဒီဆုအတွက် Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ်ဆိုတဲ့ စနစ်တစ်ခု လည်း ပါဝင်လာတာကြောင့် ဒီစနစ်အပေါ် မကြိုက်တဲ့ အနုပညာရှင်တွေက သူတို့ သဘောဆန္ဒနဲ့ သူတို့ Star Award s ပွဲကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။ အစပိုင်းမှာတော့ နုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်တွေက ဇဏ်ခီ၊ ခရစ်စတီးနားခီ နဲ့ သက်မွန်မြင့်တို့ပါ။ သူတို့တွေ ထွက်ပြီး သိပ်မကြာခင်မှာတော့ Star Awards ရဲ့ Voting စနစ် ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တခြားအနုပညာရှင်တွေကပါ သူတို့လည်း ဒီပွဲမှာဆက်ပြီး မပါဝင်ဘဲ နုတ်ထွက်တဲ့ အကြောင်း fb မှာ Post တွေ တင်ခဲ့ကြပါတယ်။

# အလင်းရောင်လည်းနုတ်ထွက်

Star Awards ဆုရွေးချယ်ခြင်း ဇကာတင်စာရင်းတွင် ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် ဒါပေမဲ့ ကျွန်တော့်ရဲ့ အနုပညာဝါအရသော်လည်းကောင်း၊ သဘာအရသော်လည်းကောင်း အလွန်နုသေးတာကြောင့် ဝါရင့်သရုပ်ဆောင် များနှင့် ရင်ဘောင်တန်း၍ ပါဝင်ရွေးချယ်ခံရန် အချိန်ကာလအားဖြင့် မသင့်တော်သေးဘူးလို့ ခံယူမိတာအပြင် ကျွန်တော့် အနုပညာအပေါ် ပရိသတ်တွေရဲ့အားပေးခြင်းကို sms voting များဖြင့် ပရိသတ်တွေရဲ ငွေကြေးနဲ့ ပါဝင်ဆုံးဖြတ်စေခြင်းကို မဖြစ်စေချင်တဲ့အတွက်ကြောင့် ဒီနေ့ညနေပိုင်းကပဲ Star Award ရွေးချယ်ပွဲမှ နှုတ်ထွက်ခဲ့ပါကြောင်း အသိပေးအပ်ပါသည်…”

READ
အပြစ်ပြောစရာမရှိအောင်လှတဲ့ခန္ဓာကိုယ်အချိုးအစားတွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအိုင်ဒေါများ

# စိုင်းစိုင်းနုတ်ထွက်

“SMS Voting ဖြင့် ဆုရွေးချယ်မယ့်ပွဲမှာ ကျနော် မပါဝင်ပါဘူးခင်ဗျာ ပရိသတ်များ ကျနော့်ကို Vote ဖို့ မလိုပါဘူး Birthday Show အတွက် လုံးပန်းနေရလို့ ဒီရက်ပိုင်း Facebook လည်း သေချာမသုံးဖြစ်လို့ အခုမှ တွေ့တာပါ
ကျနော် ကြိုလည်းမသိထားပါဘူး Vote ပြီးသားလူတွေကိုလည်း အားနာပါတယ် ကျေးဇူးတင်ပါတယ် 
အားလုံးကိုလေးစားစွာဖြင့် စိုင်းစိုင်း…”

# ပြေတီဦးနဲ့ အူဝဲ

“ကျွန်တော်နှင့် အူဝဲ STAR AWARD , people’s choice မှာ ပါဝင်ခြင်းမရှိတော့ပါခင်ဗျာ.. ကျွန်တော်တို့ နှစ်ယောက်ကို ချစ်ခင်အားပေးကြသော ပရိသတ်များ ဆက်လက်ပြီး vote မလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါ တယ်ခင်ဗျာ…”

# မင်းသွေးနုတ်ထွက်ကြောင်း နေတိုးက ကိုယ်စားကြေညာအသိပေး

“popular choice award ​မှာ​ ပါဝင်ခြင်း မရှိ​တော့​​ကြောင်း မင်းသွေး ကိုယ်စားပရိသတ်​တွေကို အသိပေးအပ်ပါတယ်ခင်ဗျာ ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။..”

# ပိုင်ဖြိုးသု

“သုသု Star Awards မှ People Choice Award မှာ မပါဝင်တော့ပါရှင်…သုသုကို ဇကာတင်ထဲ ထည့်သွင်းပေးကြတဲ့ စာနယ်ဇင်းဆရာဆရာမများကိုလည်း အနူးအညွန့်တောင်းပန်ပါတယ်ရှင့် 🙏🙏🙏 သုသုက ပရိတ်သတ် အင်အားအဲဒီလောက်များပြားတဲ့ သရုပ်ဆောင်တစ်ယောက်မဟုတ်ပါဘူးရှင်…အဲဒီတော့ သုသုကို ချစ်ပေးကြတဲ့ အနည်းစုသောပရိတ်သတ်တွေမှာ သူတို့ချစ်တဲ့ သုသုဆုရပါစေတော့ဆိုပြီး ငွေကုန်ကြေးကျခံပြီး vote နေရတာကို အရမ်းအားနာလို့ပါ 🙏သုသုကို ချစ်ပေးကြတဲ့အတွက် သုသုကျေးဇူးအများကြီးတင်ပါတယ် 🙏 သုသုအတွက် အဲဒီလောက် ပိုက်ဆံအကုန်မခံကြပါနဲ့တော့ရှင် 🙏…”

# ထွန်းထွန်း

“ကျွန်တော်ကို ချစ်ခင်အားပေးတဲ့ အနယ်နယ်အရပ်ရပ်မှ ပရိသတ်အပေါင်းခင်ဗျာ။ People choice award ​အတွက် ​ကျွန်တော့်ကို ​အ​​ကြောင်းကြားခြင်း မရှိခဲ့သလို ကျွန်တော်ပါဝင်ပြီး ကျွန်တော့်ကို ချစ်တဲ့ ပရိတ်သတ်​တွေ ​ငွေကုန်​ကြေးကျ​ခံ vote လုပ်​​ပေးရတဲ့ စနစ်နဲ့ သွား​နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ Facebook စာမျက်​နှာ​ပေါ်​ရောက်မှ သိခဲ့ရတဲ့​အတွက်​ ​အစထဲက ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်​နေခဲ့ခြင်းမဟုတ်လို့ နှုတ်ထွက်​တယ်ဆိုတဲ့ စ​ကားမသုံးချင်​ပေမဲ့ ကျွန်တော့် ဒီ people choice award ​မှာ​ ပါဝင်ခြင်း မရှိ​တော့​​ကြောင်း ပရိတ်သတ်​တွေကို ​အသိ​ပေးပါရ​စေ.
အားလုံးပဲ ကျန်းမာရွှင်လန်းပါစေခင်ဗျာ။”

# ကျော်ထက်အောင်

“ကိုယ်ပွားများခင်ဗျာ……Star awards ရဲ့  People Choice Award မှာ ကျွန်တော့်လို သက်တမ်းနုသရုပ်ဆောင်တဦးအနေနဲ့ ထည့်သွင်းပေးခဲ့တဲ့အတွက် ၀မ်းသာရပါတယ် သို့ သော် ကျွန်တော့်ကို ချစ်ခင်အားပေးသော ပရိတ်သတ်များအနေနှင့် ငွေကြေး အကုန်ကြခံပြီးမှ ဆုရနိုင်မဲ့ အခွင့်အရေးတခုအတွက်ကိုတော့ဖြင့် ကျွန်တော် မလိုလားတဲ့အတွက် People Choice Award မှာ ပါဝင်တော့ မှာမဟုတ်ကြောင်း ကျွန်တော့ကို ချစ်သောပရိတ်သတ်ကြီးကို အသိပေးအပ်ပါတယ်ခင်ဗျာ ချစ်ခင်စွာဖြင့်…….”

 

READ
Priyanka လက်ထပ်ပွဲအကြောင်း မေးခွန်းကို လိမ္မာသုံးပြီး ရှောင်ခဲ့တဲ့ SRK

# လွှမ်းပိုင်

“Star awards people choice မှ ကျွန်တော် နှုတ်ထွက်ပါတယ်ခင်ဗျာ ကျွန်တော်ကို အခုလို people choice မှာ ဆန်ကာတင်စာရင်းထဲထိ ထည့်သွင်းစဉ်းစားပေးတဲ့ စာနယိဇင်းဆရာ ဆရာမများနဲ့ စီစဉ်သူများကိုလညိး ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 😇🙏….”

Source: အနုပညာရှင်များရဲ့ fb

SHARE