ကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်ခဲ့တဲ့ နာမည်ကြီး ဆယ်လီများ

Image:IG & fb/cele

COVID-19 ကပ်ရောဂါဆိုးကြီး ကူးစက်ခံရတဲ့ အထဲမှာ အနုပညာရှင်တွေ လည်း ပါပါတယ်။အဲ့ဒီအထဲကမှ ကျန်းမာ ရေး အ ခြေ အ နေပြန် ကောင်းလာခဲ့ပြီး ရောဂါကို တွန်းလှန်နိုင်သူ စာရင်းကိုတော့ insider မှာ စုစည်း ဖော်ပြ ပေးထားပါတယ်။

Andy Cohen

 

View this post on Instagram

 

I’ve hosted reunions for years, but yesterday’s was the best one yet. ♥️

A post shared by Andy Cohen (@bravoandy) on

Andy Cohen  က  တော့ အမေရိကန် TV နဲ့ Radio  အစီအစဉ် တင်ဆက်သူ တစ် ယောက်ပါ။ရောဂါ ပြန်သက် သာလာလို့ အလုပ်ရော၊သားဖြစ်သူဆီကိုပါ ပြန်သွားနိုင်ခဲ့ပါပြီ။သူ့ရဲ့ IG မှာ ပါ ရောဂါ ပြန် ကောင်း လာတဲ့ အ ကြောင်းကို မတ် (၃၀)က Post တင်ခဲ့ပါတယ်။

Greg Rikaart

 

View this post on Instagram

 

❤️❤️

A post shared by Greg Rikaart (@gregrikaart) on

အသက် (၄၃)နှစ် အရွယ် မင်းသား Greg Rikaart ကလည်း ရောဂါကို အံတု နိုင်ခဲ့သူပါ။။(၉၅)ရာခိုင်နှုန်း လောက် ရောဂါ ပြန်ကောင်းလာခဲ့တာပါ။ဧပြီ (၁) ရက်နေ့က သူ့ရဲ့ IG မှာ ရောဂါ ပြန် ကောင်းလာတဲ့ အကြောင်းကို ဗီဒီယိုဖိုင် တင်ခဲ့ပါတယ်။

Prince Charles

Prince Charles  ရောဂါကူးစက်ခံရတဲ့ သတင်း က တော့ ကမ္ဘာတစ်ဝန်းကို တုန်လှုပ် သွားစေခဲ့ပါတယ်။ရောဂါ ကြောင့် self-isolation လုပ်နေခဲ့ ရပေမယ့် နောက်ပိုင်းမှာတော့ အ ခြေအ နေ ပြန် ကောင်းလာခဲ့တယ်လို့ Prince Charles ရဲ့ ပြောခွင့် ရှိသူက ဆိုပါတယ်။ရောဂါလက္ခဏာတွေ အစပိုင်းမှာ ပြခဲ့ ပေမယ့်လည်း နောက်ပိုင်းမှာ တော့ ပြန် သက်သာသွားတယ်လို့ လန်ဒန်ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ဆေးရုံ သစ်က နေ ကြေညာခဲ့ပါတယ်။

Pink  နဲ့ သူမရဲ့ သားလေး Jameson Moon Hart

 

View this post on Instagram

 

#cmaawards2019 what a fun way to end an era #grateful

A post shared by P!NK (@pink) on

Pink နဲ့ သူမရဲ့ (၃)နှစ်အရွယ်သား လေး ကလည်း အခုဆိုရင်တော့ နှစ်ယောက်လုံး COVID-19 Negative အ ဖြေ ထွက်ခဲ့ပါတယ်။အစပိုင်းတုန်းက တော့ ရောဂါ ကြောင့် စိုးရိမ်စိတ်ပူပြီး တငိုငိုတရယ်ရယ် ဖြစ်ခဲ့တဲ့ Pink ကတော့ အခု ပြန်ပြုံးနိုင်ပါပြီ။ Jameson လေးက တော့ ရောဂါပြန် နလန် ထူဖို့ သူမထက်ပိုပြီး အချိန်ယူ ရတယ်လို့ Pink က ပြောခဲ့ပါတယ်။

Laura Bell Bundy

 

View this post on Instagram

 

Throwback to simpler times… #tbt Photo credit: @joannadegeneres. #hucklife #motherhood

A post shared by Laura Bell Bundy (@laurabellbundy) on

Bundy   ကတော့ ဧပြီ (၉) ရက်နေ့မှာ Negative အ ဖြေ ထွက် ကြောင်း IG မှာ Post တင် ပြောခဲ့ပါတယ်။”No More Corona!”  ဆိုပြီး သူမ စစ်တာ Negative အ ဖြေ ထွက်တယ်လို့ ပြောခဲ့ပါတယ်။

Rita Wilson & Tom Hanks

နှစ်ယောက်လုံးက အသက် (၆၃)နှစ်အရွယ် လူကြီးပိုင်းတွေ ပါ။ရောဂါကူး စက်ခံ နေရ ကြောင်းကို တော့ သူ့ရဲ့ IG က နေ ကြေညာခဲ့ပါတယ်။Tom Hanks က တော့ ရောဂါလက္ခဏာတွေ ဆိုးဆိုးရွားရွား မခံ စား ရ ပေမယ့် Rita Wilson ကတော့ ရောဂါ လက္ခဏာ တွေကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ တော့ ရောဂါ ကို အံတု နိုင်ခဲ့ပါတယ်။

READ
ရင်သွေးလေးကို မဝေဖန်ကြဖို့ တောင်းဆိုလိုက်တဲ့ သင်ဇာနွယ်ဝင်း

Colton Underwood

American reality television personality တစ်ယောက်ဖြစ်တဲ့ Colton Underwood က တော့ COVID-19  က နေ ပြန်ကောင်းလာပြီလို့ သူ့ရဲ့ IG မှာ ဧပြီ (၇) ရက်နေ့က Post တင်ခဲ့ပါတယ်။သူကိုယ်တိုင် လည်း ပြန် ကောင်းလာသလို သူ့မိသားစုရဲ့ ကျန်းမာရေးလည်း ပြန်ကောင်းလာခဲ့ပါတယ်။အခုဆိုရင် တော့ ဆေးပညာ ရှင် တွေနဲ့ အတူ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အတွက် အကောင်းဆုံး ပံ့ပိုး ပေးနေတယ်လို့ လည်း IG မှာ ပြောခဲ့ပါတယ်။

J.K. Rowling

Image:twitter/J.K. Rowling

J.K. Rowling  က တော့ ကိုဗစ် ဟုတ်၊မဟုတ် မစစ်ဆေးလိုက်ရပါဘူး။ကိုဗစ်လက္ခဏာ နဲ့ ဆင်တူ တဲ့ နေရာဂါ လက္ခဏာ တွေကို နှစ်ပတ် လောက် ခံစားခဲ့ရတာပါ။ဧပြီ (၆)ရက်နေ့မှာ ပြန်ကောင်းသွားပြီလို့ သူမရဲ့ တွစ်တာ မှာ တင်ခဲ့ပါတယ်။

Daniel Dae Kim

Daniel Dae Kim  က တော့ ကပ်ရောဂါကို ကျော်ဖြတ်နိုင် အောင်ကူညီပေးတဲ့ ဆရာဝန် နဲ့ ဆိုပြီး သူ့ရဲ့ IG မှာ ဧပြီ  (၃)ရက်နေ့က Post တင်ခဲ့ပါတယ်။

READ
Fan Service အတော်ဆုံးမင်းသားလို့ သတ်မှတ်ခံရတဲ့ Park Seojoon

Olga Kurylenko

 

View this post on Instagram

 

In work mode! _______________________________________________________ #WorkingFromHome #WorkMode

A post shared by Olga Kurylenko (@olgakurylenkoofficial) on

အသက် (၄၀)အရွယ် မင်းသမီး Kurylenko ကလည်း  COVID-19  က နေ ပြန်ကောင်းလာတဲ့ အ ကြောင်း ဧပြီ (၈) ရက်နေ့က သူမရဲ့ IG မှာ Post တင်ပြီး အသိပေးခဲ့ပါတယ်။ကျမ အဆင်ပြေပါတယ်။စဖျားတည်းက Mask အမြဲ တပ် ထားတာမို့ တခြားသူကို ကျမဆီ က နေ မကူးလောက်ဘူးထင်တာ။အခုထိ လည်း အ ရေး အကြောင်းဆိုရင် Mask တပ်ထားတုန်းပါ..” လို့ ပြောခဲ့ပါတယ်။

Kristofer Hivju

ကိုဗစ်ဟုတ် မဟုတ် တော့ မစစ်လိုက်ရပါဘူး။ကိုဗစ်လို ရောဂါလက္ခဏာ တွေကိုတော့ ခံစား ခဲ့ရပါတယ်။ကံ ကောင်းစွာ နဲ့ပဲ သူရော သူ့ မိန်းမပါ ကျန်းမာရေး ပြန် ကောင်းလာတဲ့ အ ကြောင်းကိုတော့ ဧပြီ (၁၃) ရက်နေ့က IG မှာ Post တင်ပြီး ပြောခဲ့ပါတယ်။

Aaron Tveit

 

View this post on Instagram

 

We still have a few tickets left for @websterhall! It’s gonna be great night!

A post shared by A A R O N T V E I T (@aarontveit) on

အသက် (၃၅)နှစ်အရွယ် Tveit ကလည်း  COVID-19 ကို တွန်းလှန်နိုင်ခဲ့ပါတယ်။သူတို့ အ ဆောက်အအုံထဲမှာ နေတဲ့ လူ တစ်ယောက်က ရောဂါ ပိုးတွေ့ တယ်လို့ သူ့ရဲ့ ထုတ်လုပ်သူက ပြော ခဲ့ပါတယ်။ဒါကြောင့် ဒေါက်တာ နဲ့ ပြ ပြီး စစ်ဆေးခွင့်ရခဲ့ပါတယ်။ အခု တော့ ပြန်ကောင်းလာခဲ့ပါပြီ။

Sam Smith

 

View this post on Instagram

 

Behind the scenes at the 2020 Queer Olympics. ❤️ @sienree @leibi_carias @blaircaldwell #ImReady

A post shared by Sam Smith (@samsmith) on

ရောဂါ ရှိ မရှိ စစ်ဆေးမှု တော့ မလုပ်လိုက်ရပါဘူး။ကိုဗစ် ရောဂါ လက္ခဏာ တွေကို ခံစားခဲ့ရတာပါ။ဧပြီ (၁၇) မှာတော့ ပြန် ကောင်းသွားပြီလို့ ပြောခဲ့ပါတယ်။ရောဂါ ရှိ မရှိ မစစ်လိုက်ရ ပေမယ့် ကူးစက်ခံလိုက်ရတယ်ဆိုတာကို တော့ သူ သိ တယ်၊သေချာ ပေါက်ကူးစက်ခံခဲ့ရတယ်၊အခုတော့ ပြန်ကောင်းလာပြီလို့ ပြောခဲ့ပါတယ်။

Chris Cuomo

 

View this post on Instagram

 

I’m back in studio tonight #LetsGetAfterIt

A post shared by Christopher C. Cuomo (@chrisccuomo) on

American  ရုပ်သံ journalist Chris Cuomo  က တော့ Negative  အ ဖြေ ပြန်ထွက်လာပြီး ပြန် ကောင်း သွား ပြီ လို့ ကြေညာခဲ့ပါတယ်။

မျိုးကြီး

Image:Fb/Myo Gyi

မျိုးကြီး ကတော့ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရတဲ့ လူနာနံပါတ် (၄၆)ပါ။ဘာသာရေး အခမ်းအနား တစ်ခုကို  တက် ရင်းနဲ့ ကူးစက်ခံခဲ့ရတာပါ။အခု လက် တ လော တော့ Negative အ ဖြေ နှစ်ခါ ထွက်ထားပါတယ်။

နီတာ

Image:Fb/Ni Tar

အဆိုတော် နီတာ ကလည်း ရောဂါကူးစက်ခံရသူ တွေထဲက တစ်ယောက်ပါ။Negative အ ဖြေ ထွက်တာ နှစ်ကြိမ် ရှိပါပြီ။

အောင်ရင်

Image:Fb/Aung Yin

ပြည်ပ ရောက် နေတဲ့ ဦးအောင်ရင် ကတော့ ကိုဗစ်ပထမဆုံး ကူးစက်ခံရတဲ့ မြန်မာ အနုပညာရှင်ပါ။ရောဂါ ကူး မ ကူး ကတော့ မစစ်ဆေးလိုက်ရပါဘူး။ကိုဗစ်ရောဂါ လက္ခဏာ တွေ ခံစားခဲ့ရတာပါ။အခုတော့ ကျန်းမာရေး ပြန် ကောင်းသွားခဲ့ပါပြီ။

SHARE