မတူညီတဲ့အသိုင်းအဝိုင်းနဲ့ ဖူးစာဆုံခဲ့ကြတဲ့ သရုပ်ဆောင်တို့ရဲ့ဇာတ်လမ်းလေးများ

mattdamonteam, juliaroberts, juliaroberts, Instagram

အသိုင်းအဝိုင်းတူတဲ့ ပုဂ္ဂိုလ်ချင်း ချစ်ကြိုက်ကြဖို့ဆိုတာ တခြားအသိုင်းအဝိုင်းလောကသားက လူတွေနဲ့ ချစ်ကြိုက်ဖို့ထက် ပိုပြီး အခွင့်အလမ်းပိုများနေပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တချို့နဲ့ သူတို့ရဲ့သာမန်အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ ဖူးစာဖက်တို့ရေစက်ဆုံခဲ့ပုံလေးတွေကို Insider မှာ တွေ့မိတဲ့အတွက် စိတ်ဝင်စားစရာကောင်းလို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Tobey Maguire

ပထမဆုံး Spider-Man အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tobey Maguire ကတော့ သူ့သူဌေးရဲ့သမီးနဲ့ အကြောင်းပါခဲ့ပါတယ်တဲ့။ ၂၀၀၃ ခုနှစ်တုန်းက Seabiscuit ရုပ်ရှင်ရုက်ကူးနေစဉ်မှာတင် အဲဒီရုပ်ရှင်ကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ Universal Studios ရဲ့ သူဌေး Ronald Meyer ရဲ့ သမီး Jennifer နဲ့ တွေ့ဆုံခဲ့ပါတယ်။ Jennifer ဟာ ရတနာဒီဇိုင်းတွေ ဖန်တီးသူတစ်ယောက်ပါ။ နှစ်ယောက်သား ၄ နှစ်လောက် တွဲခဲ့ကြပြီးမှ လက်ထပ်ကာ လက်မထပ်ခင်မှာ ကလေးတစ်ယောက်ရခဲ့ပြီး မကြာခင်မှာပဲ နောက်ထပ် ကိုယ်ဝန်ကိုထပ်လွယ်ခဲ့ကြပါတယ်။

Joe Seer/Shutterstock
Meryl Streep

ဝါရင့်သရုပ်ဆောင်မင်းသမီး Meryl Streep ဟာ သူမရဲ့ခင်ပွန်း Don Gummer နဲ့ အစ်ကိုဖြစ်သူ Harry ကနေတစ်ဆင့် သိကျွမ်းခဲ့ပါတယ်။ Harry နဲ့ Don နဲ့က သူကယ်ချင်းတွေပါ။ အကြောင်းတစ်ခုကြောင့် Don Gummer မြို့ပြင်ရောက်နေစဉ် Meryl Streep ဟာ Don ရဲ့ တိုက်ခန်းမှာ ခဏတည်းခိုခဲ့ပေမယ့် မှန်းထားတဲ့ရက်ထက် စောကာ Don တစ်ယောက် တိုက်ခန်းကို ပြန်ရောက်လာချိန်မှာတော့ နှစ်ယောက်သား မြန်မြန်ဆန်ဆန်ပဲ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း ၃၃ နှစ်ရှိနေပြီဖြစ်ပြီး ရင်သွေး ၄ ယောက်လည်း ထွန်းကားခဲ့ပါတယ်။

READ
အမေရိကန် ပါပါရာဇီတွေတောင် မျက်စိလည်နေတဲ့ Deepika နဲ့ Priyanka
s_bukley/Shutterstock
Julia Roberts

Julia Roberts ဟာ ၂၀၀၁ ခုနှစ်တုန်းက The Mexican ဆိုတဲ့ ရုပ်ရှင်ကို Brad Pitt နဲ့ ရိုက်ကူးနေစဉ်မှာပဲ ကင်မရာမန်းတစ်ယောက်ဖြစ်တဲ့ Danny Moder နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကင်မရာမန်း Danny ဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေခဲ့ပြီး Julia Roberts ကတော့ Benjamin Bratt နဲ့ ဒိတ်နေခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၂ ခုနှစ်တုန်းက ကင်မရာမန်း Danny ဟာ သူ့ရဲ့ အိမ်ထောင်ဘက်နဲ့ အပြီးပြတ်ကွာရှင်းခဲ့ပါတယ်။ Juila နဲ့ Danny တို့ နှစ်ယောက်သား လက်ထပ်ကာ အခုဆိုရင်တော့ သားသမီး ၃ ယောက်ထွန်းကားနေခဲ့ပါပြီ။

READ
ဇာတ်ပို့ဇာတ်ရံတွေအတွက် အဝတ်အစားတွေ လှူပြီး ကြည်နူးပျော်ရွှင်နေတဲ့ အူဝဲ
Denis Makarenko/Shutterstock
Matt Damon

Matt Damon ကတော့ bartender အမျိုးသမီးတစ်ယောက်နဲ့ ၂၀၀၅ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပါတယ်။ Luciana Barroso တစ်ယောက် bartender လုပ်နေတဲ့ ဘားကို ရုပ်ရှင်ရိုက်နေတုန်း သူငယ်ချင်းတွေအတင်းဆွဲခဲ့လို့ Matt Damon တစ်ယောက် ရောက်လာရင်း အကြောင်းပါခဲ့ကြပါတော့တယ်။ အခုအချိန်မှာဆိုရင်တော့ သမီးလေး ၄ ယောက်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားကြပါပြီ။

Denis Makarenko/Shutterstock
Jeff Bridges

အော်စကာဆုပိုင်ရှင် Jeff Bridges ကတော့ Rancho Deluxe ရုပ်ရှင်ရဲ့ ရိုက်ကွင်းပေါ်မှာ ရုပ်ရှင်အဖွဲ့သွားတွေကို ဧည့်ခံရတဲ့ ၀ိတ်တာမလေး Susan Geston နဲ့ စတွေ့ခဲ့ကြပါတယ်။ သူမကို ဒိတ်ချင်တယ်လို့ပြောဖို့ တစ်နေကုန်သတ္တိမွေးလိုက်ရပါတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ နှစ်ယောက်သား အတူတူရှိနေခဲ့ကြတာ ၃၅ နှစ်တောင် ရှိနေခဲ့ကြပါပြီ။

Everett Collection/Shutterstock

Penny

SHARE