ကိုယ်ဝန်ဖျက်ချဖူးခဲ့ကြတဲ့ နယ်ပယ်အသီးသီးမှအောင်မြင်ကျော်ကြား မိန်းမသားများ

လတ်တလော တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းဆိုတဲ့ အကြောင်းအရာဟာ လူမှုကွန်ယက်စာမျက်နှာတွေနဲ့ သတင်းမီဒီယာတော်တော်များများရဲ့ အရေးတယူလုပ်ပြိး ဖော်ပြပြောဆိုနေရတဲ့ ခေါင်းစဉ်တစ်ခုဖြစ်လို့နေပါတယ်။

မေလ ၇ ရက်နေ့တုန်းက ဂျော်ဂျီယာရဲ့အကြီးအကဲ Brian Kemp ဟာ ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်လုပ်ရပ်တစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်တာကို သဘောတူကြောင်း လက်မှတ်ထိုးကာ အဆိုပြုခဲ့ပါတယ်။ အကယ်၍ ကိုယ်ဝန်ဖျက်ချခဲ့သည်ရှိသော် ဒါဟာ မေလ ၇ ရက်နေ့နောက်ပိုင်းမှစကာ တရားမဝင်ကိစ္စတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကာယကံရှင်အမျိုးသမီးရော၊ ပံ့ပိုးကူညီတဲ့ မည်သူမဆိုရော တရားဥပဒေအရ အရေးယူမှာဖြစ်တယ်လို့လည်း အတိအလင်းပြောကြခဲ့ပါတယ်။ ဒီအပြင် အလာဘားမားမှာလည်း ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်မပြုဘူးဆိုပြီး ဥပဒေကိုအဆိုပြုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာအနှံ့မှ အမျိုးသမီးတွေကတော့ သူတို့ရဲ့လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ပါဝင်စွက်ဖက်ကာ အချိုးဖောက်ခံနေတယ်ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ လှုပ်ရှားမှုတွေပြုလုပ်နေခဲ့ပါတယ်။ #youknowme ဆိုတဲ့ key word နဲ့ အမျိုးသမီးပေါင်း ထောင်နဲ့ချီဟာ သူတို့ရဲ့ကိုယ်ဝန်ဖျက်ချပစ်ခဲ့တဲ့ အကြောင်းအရင်းတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်ပြကာ ကိုယ်ဝန်ဖျက်ချခွင့်ကို တစ်ကမ္ဘာလုံးမှာ တရားဝင်အဖြစ် သတ်မှတ်ပေးသင့်တယ်ဆိုပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ ထောက်ခံသူအမျိုးသမီးတွေထဲ ကမ္ဘာကျော်မောဒယ် Gigi Hadid တို့လည်း ပါဝင်နေပြီး ကိုယ်တွေ့ကိုယ်ဝန်ဖျက်ချပစ်ခဲ့တဲ့အကြောင်းတွေကို ဖွင့်ထုတ်ပြောပြခဲ့တဲ့ နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူအမျိုးသမီးများလည်း ရှိနေပါသေးတယ်။ သူတို့တွေအကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။

READ
အဟောင့်ဟက်ခံလိုက်ရတဲ့ ဆုအိမ့်စံ

အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Busy Philipps ဟာ သူမ အသက် ၁၅ နှစ်တုန်းက ကိုယ်ဝန်ဖျက်ချဖူးတယ်ဆိုပြီး ရုပ်သံအစီအစဉ်တစ်ခုမှာ ဖွင့်ပြောပြခဲ့ပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို သူတို့သာပိုင်ဆိုင်ထားတာမို့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုဥပဒေမျိုးကမှ မချုပ်ချယ်သင့်ဘူးလို့လည်း ဂျော်ဂျီယာရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေနဲ့ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေစည်းစည်းလုံးလုံးနဲ့ ဘယ်လိုကျဉ်းထဲကြပ်ထဲရောက်ခဲ့တဲ့ အခြေအနေကြောင့်ကိုယ်ဝန်ဖျက်ချခဲ့ရသလဲဆိုတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို စတင်ထုတ်ပြဖို့လိုအပ်နေပြီလိုလည်း ပြောခဲ့ပါသေးတယ်။ ဒီရဲ့ #youknowme ရဲ့ လှုပ်ရှားမှုကို သူမကစတင်ခဲ့တယ်လို့တောင် ဆိုလို့ရမှာပါပဲ။

Instagram

Resident Evil မင်းသမီး Milla Jovovich ကလည်း သူမရဲ့အရေးပေါ်ကိုယ်ဝန်ဖျက်ချခဲ့ရတဲ့ အကြောင်းကို ဖွင့်ဟပြောခဲ့ပါတယ်။ သူမကတော့ ဒီလိုမျိုး ဥပဒေအရတားမြစ်လိုက်တဲ့အတွက်ကြောင့် တရားမဝင်နည်းလမ်းတွေနဲ့ ခိုးချောင်ခိုးဝှက်ဖျက်ချမှုတွေ ပိုများလာပြီး နောက်ဆက်တွဲအနေနဲ့ မသန့်ရှင်းတာကြောင့် ရောဂါပိုးဝင်တာ၊ ပိုဆိုးလာရင် အသက်ပါပေးရမယ့် အမျိုးသမီးငယ်တွေ အများကြီးရှိလာနိုင်တာမို့ စိုးရိမ်မိတယ်လို့ သိရပါတယ်။

Evan Agostini_Invision_AP

အဆိုတော် Nicki Minaj ကတော့ သူမဟာ အထက်တန်းကျောင်းသူဘဝတုန်းက မထင်မှတ်ဘဲကိုယ်ဝန်ရခဲ့တဲ့အတွက် သေမလောက်အောင် ခေါင်းနပန်းကြီးသွားခဲ့တယ်လို့ ပြောပြထားပါတယ်။ ဆယ်ကျော်သက်လည်းဖြစ်ပြီး ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချကာ ကိုယ်ဝန်ဖျက်ချပစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆင်းရဲဒုက္ခတွေကြား ကလေးကို ဆွဲမသွင်းချင်သလို ကလေးလေးကိုပြုစုပျိုးထောင်ဖို့အတွက် သူမဆီမှာလည်း ဘာအင်အားမှမရှိသေးတာကြောင့်ပါတဲ့။

READ
မြင်သူတကာငေးစေမယ့် ကျော့ရှင်းလှပလွန်းတဲ့ ဖက်ရှင်နဲ့ ပွဲတက်လာခဲ့တဲ့ မိုးဟေကို
Instagram

နောက်ထပ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jameela Jamil ကလည်း သူမငယ်စဉ်တုန်းက မမျှော်လင့်ဘဲ ကိုယ်ဝန်ရခဲ့တဲ့အတွက် ငယ်ရွယ်စဉ်မှာ မိခင်တစ်ဦးမပီသနိုင်တာ၊ ငွေကြေးအခက်အခဲတွေ ကလေးကို မခံစားစေချင်တာကြောင့် သေချာစဉ်းစားကာ ကိုယ်ဝန်ဖျက်ချဖူးတယ်လို့ဆိုပါတယ်။ ဒါဟာသူမရဲ့ဘဝမှာ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုလို့လည်း ပြောခဲ့ပါသေးတယ်။ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်လိုက်တဲ့အတွက် ကလေးတွေကတော့ မိဘမဲ့ဂေဟာတွေဆီပိုရောက်ကြတော့မှာ မြင်ယောင်သေးတယ်ဆိုပြီး သူမရဲ့အမြင်ကို ပြောထားပါတယ်။

Instagram

Whoopi Goldberg ဟာ အသက် ၁၄ နှစ်အရွယ်တုန်းက မထင်မှတ်ထားဘဲ ကိုယ်ဝန်လွယ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှလည်းမပြောရဲတာကြောင့် သူငယ်ချင်းတွေကို စပ်စုသလိုနဲ့ ကိုယ်ဝန်ဖျက်ချနည်းတွေ လိုက်မေးကာ အရက်တွေလည်းသောက်၊ ရေနွေးထဲမှာလည်း ရေတွေချိုးပြီး ကိုယ်ဝန်ပျက်ကျစေမယ့် အစားတွေလည်း စားပြီး နောက်ဆုံးမှာတော့ အကုန်လုံးစုံကာ တကယ်ကိုယ်ဝန်ပျက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နာကျင်မှုတွေကို ပြန်စဉ်းစားလိုက်မယ်ဆိုရင် တကယ့် အိပ်မက်ဆိုးဖြစ်ခဲ့တာကြောင့် ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားမဝင်ဖြစ်သွားခဲ့ရင် အမျိုးသမီးတွေဟာ သူမလိုပဲ ပေါက်ပန်းလေးဆယ်အကုန်လျှောက်လုပ်ကုန်ပြီး အန္တရာယ်ဖြစ်ကုန်မှာစိုးမိတယ်လို့ပြောထားပါတယ်။

Christopher Polk

Source: Insider

Penny

SHARE