လမ်းခွဲလိုက်ကြပြီဖြစ်ပေမယ့် အလုပ်အတူတူ တွဲလုပ်နေကြဆဲ Celebrity စုံတွဲ 6 တွဲ

ig/@stamon2020,@robertpattinsonua

လူတော်တော်များများကတော့ တစ်ချိန်က ချစ်ခဲ့ဖူးပေမယ့် လမ်းခွဲပြတ်စဲသွားတဲ့အချိန်မှာ မတွေ့ချင်မမြင်ချင်ကြတာ များပါတယ်။ လမ်းခွဲသွားပြီဆိုတာနဲ့ သူနဲ့ ပတ်သက်တဲ့ အရာတိုင်းကို delete လုပ်ပစ်တတ်ကြပြီး သူနဲ့လည်း ပတ်သက်စရာ မလိုကြတော့ပါဘူး။ ဒါပေမယ့် ဒီ cele စုံတွဲတွေကတော့ လမ်းခွဲသွားကြသည့်တိုင် အလုပ်အတူ တွဲလုပ်နေကြဆဲ ဖြစ်ပါတယ်နော်။

Johnny Galecki and Kaley Cuoco

 

 

View this post on Instagram

 

❤️❤️#johnnygalecki #leonardhofstadter #kaleycuoco #penny

A post shared by Johnny Galecki and Kaley Cuoco (@team.galecki_cuoco) on

Johnny Galecki နဲ့ Kaley Cuoco ဟာ ရိုက်ကူးရေးတစ်ခုမှာတော့ Penny နဲ့ Leonard အဖြစ် အရမ်းကို ချစ်ကြပြီး လက်ထပ်ကြသူတွေအဖြစ်တောင် သရုပ်ဆောင်ထားပါတယ်။ တကယ်တမ်း အဲဒီ့အချိန်မှာ သူတို့နှစ်ယောက်ဟာ နှစ်နှစ်လောက် တွဲခဲ့ကြပြီးတဲ့နောက်မှာတော့ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြပြီမှန်း ပရိတ်သတ်တွေက သိနေခဲ့ပါတယ်။

Ian Somerhalder and Nina Dobrev

 

Vampire Diaries ရိုက်ကူးနေတဲ့ အတောအတွင်းမှာ ချစ်ကြိုက်ခဲ့ကြတဲ့ Ian Somerhalder နဲ့ Nina Dobrev ဟာ သုံးနှစ်လောက် တွဲခဲ့ကြပေမယ့် ဒီရိုက်ကူးမှုပြီးလို့ နှစ်နှစ်လောက် ကြာတဲ့အခါမှာတော့ Nina က လမ်းခွဲဖို့ကို ရွေးချယ်ခဲ့ပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာ ex နဲ့ ဖန်သားပြင်ပေါ်မှာ တစ်ဖန်ရည်းစားအဖြစ် သရုပ်ဆောင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူးနော်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာလည်း Elena and Damon အရမ်းချစ်ကြတဲ့ သူတွေအဖြစ် ပြန်လည်သရုပ်ဆောင်ခဲ့ကြပါတယ်။

READ
Body Shamers တွေကို ပြန်တုံ့ပြန်လိုက်တဲ့ Rihanna

Chad Michael Murray and Sophia Bush

 

 

View this post on Instagram

 

#wedding#chadmichaelmurrayandsophiabush#sophiabush#chadmichaelmurry#lovethem#onetreehill#oth

A post shared by Catherine (@soper95) on

Chad Michael Murray နဲ့ Sophia Bush က လမ်းခွဲပြီးနောက်မှာတော့ အလုပ်တွေကို ဆက်လက်တွဲလုပ်ခဲ့ကြပါတယ်။ သူတို့လမ်းခွဲပြီးနောက်မှာ ရိုမက်တစ်ဆန်ဆန် ဇာတ်ကားကိုတောင် ရိုက်ကူးခဲ့ပါသေးတယ်။

Robert Pattinson and Kristen Stewart

 

သူတို့နှစ်ယောက်ရိုက်ကူးခဲ့တဲ့ Edward and Bella ကာရိုက်တာရိုက်ကူးနေစဉ်တုန်းမှာ Robert Pattinson နဲ့ Kristen Stewart က ချစ်ကြိုက်မိခဲ့ကြပါတယ်။ ဒါပေမယ့် Kristen က ရုတ်တရက် ဒါရိုက်တာ တစ်ယောက်နဲ့ လက်တွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Kristen က သူ့ကြောင့် နာကျင်ခဲ့ရတဲ့ သူတွေကို တောင်းပန်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

READ
“ချိမြိန်သောလက်စားချေခြင်း”မှာ သရုပ်ဆောင်ပိုင်းလိုအပ်ခဲ့ရင်ခွင့်လွှတ်ပေးပါဆိုတဲ့ ခင်ဝင့်ဝါ

Rachel Bilson and Adam Brody

 

Rachel Bilson နဲ့ Adam Brody ဟာ ဇာတ်ကားထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးပြီး နောက်ဆုံးမှာ လက်ထပ်ခဲ့ကြသူတွေအဖြစ် သရုပ်ဆောင်ထားကြပေမယ့် တကယ်တမ်းမှာတော့ သူတို့နှစ်ယောက်ဟာ လမ်းခွဲပြတ်စဲထားပြီးသား ဖြစ်နေခဲ့ပါတယ်။

Blake Lively and Penn Badgley

 

 

View this post on Instagram

 

Lindos #blakelively #pennbadgley #bestcouple #likeforlikes #likeforfollow #mgk#plake

A post shared by pennbadgleyfans (@blakelivelyandpennbadgley) on

Blake Lively နဲ့ Penn Badgley ဟာ ဇာတ်ကားအတူ ရိုက်ကူးနေစဉ်အတွင်းမှာ တိတ်တိတ်လေး ချစ်ကြိုက်ခဲ့ကြသလို သူတို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းကလည်း တိတ်ဆိတ်စွာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက အရမ်းကို ပိရိလွန်းခဲ့ကြပြီး သူတို့ရဲ့ အကြောင်းကို နောက်လပိုင်းလောက်ကြာမှ အားလုံးက သိခဲ့ကြတာ ဖြစ်ပါတယ်။

Khin

SHARE