ကမ္ဘာကျော် အနုပညာရှင် ဆယ်လီ တွေရဲ့ ဖောက်ပြန်မှု အရှုပ်တော်ပုံများ

Image:twitter/@barbyinCA/leoniimdb

အခုနောက်ပိုင်းမှာတော့ ပတ်ဝန်းကျင်မှာ အိမ်ထောင်ရေး ဖောက်ပြန်မှု တွေ က ပိုများလာပါတယ်။ အ နောက်နိုင်ငံ တွေ မှာ ကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု တွေ အပေါ် သိပ်ပြီး အကြီးအကျယ် ခံစားတာမျိုး မရှိ ပါဘူး။ အိမ် ထောင် ရေး ဖောက်ပြန်မှု ကို အပြစ်တစ်ခုလို မြင်ကြတာ ရှားပါတယ်။ဒါပေမယ့် အာရှနိုင်ငံ တွေ မှာ တော့ အိမ်ေ ထာင် ရေး ဖောက်ပြန်မှု တွေ ကို လူ့ အသိုင်းအ၀ိုင်းက ခါး ခါးသီးသီး ရှုတ်ချ ကြပါတယ်။ဟောလိဝုဒ် အနု ပညာ ရှင် စုံတွဲ တွေထဲမှာလည်း အိမ် ထောင်ရေး ဖောက်ပြန်ခဲ့ကြတဲ့ သူတွေ ရှိပါတယ်။အဲ့ဒီအ ထဲက တစ်ချို့ ကို တော့ ရှုတ်ချ ပြစ်တင်တာ မျိုး မရှိပဲ နှစ်ယောက် တွဲမှ ပရိသတ်အား ပေးမှု ပိုရ ပြီး စံ ပြ စုံ တွဲ လို့ တောင် သတ်မှတ်ခံ ရသူ တွေ ရှိပါတယ်။ဒီ အကြောင်းကိုတော့ womens healthmag မှာ စု ပေါင်း ဖော်ပြထားတာပါ။

Prince Charles and Camilla Parker Bowles


သူတို့ ကတော့ ဟောလိဝုဒ် ဆယ်လီ တော့ မဟုတ်ပါဘူး။ဒါပေမယ့် ကမ္ဘာ ကျော် အရှုပ်တော် ပုံ မို့ ထည့် ပေးလိုက် တာပါ။ Princess Diana နဲ့ လက်မထပ်ခင်တည်းက Camilla Shand  နဲ့ ချစ်သူတွေ အရင် ဖြစ်ခဲ့တာပါ။Prince Charles နဲ့  Camilla  တို့ က တော့ (၁၉၇၀)ခုနှစ်က ပိုလို ပွဲ မှာ တွေ့ ခဲ့ပြီး တွဲတာ က တော့ တစ်နှစ် လောက် တောင် မကြာ ခဲ့ပါဘူး။အိမ် ထောင်ကျပြီးတော့လည်း သူငယ်ချင်း အဖြစ် ဆက်ပြီး ရှိ နေခဲ့ရာ က နေ ဖောက်ပြန် ခဲ့ ကြတာပါ။ဒိုင်ယာနဲ့ အိမ် ထောင်ရေး အဆင် မ ပြေရတဲ့ အ ကြောင်းအရင်းတွေ ထဲမှာ Camilla Shand ကလည်း အ ကြောင်းအရင်းတစ်ခုပါ။သူငယ်ချင်းဆို တဲ့ ခေါင်းစဉ်အောက်မှာပဲ ဆက်ပတ် သက် နေခဲ့ ကြပြီး ဒိုင်ယာနာ သေ ပြီး နောက် (၂၀၀၅)မှာတော့ လက်ထပ်ခဲ့ကြပါတယ်။

Britney Spears and Kevin Federline

 

 

View this post on Instagram

 

A post shared by Britney Spears (@britneyspears) on

ရက်ပ်ပါ Kevin Federline က တော့ သူ့ရဲ့ ပါတနာ  Shar Jackson နဲ့ တွဲ နေတဲ့ ကြားကBritney Spears နဲ့ ဖောက်ပြန်ခဲ့တာပါ။  Shar Jackson မှာ ဒုတိယ က လေး ကိုယ်ဝန် ဆောင် ထား နေတဲ့ အချိန်မှာ ပဲ သူက Britney Spears နဲ့ ဇာတ်လမ်း စခဲ့တာပါ။ Britney နဲ့ စေ့စပ်ခဲ့ပြီး အိမ် ထောင်သက်က တော့ (၂၀၀၄-၂၀၀၇) အထိ ပဲ ကြာလိုက်ပါတယ်။

Angelina Jolie and Billy Bob Thornton

 

Angelina Jolie နဲ့ သူမရဲ့ ခင်ပွန်းဟောင်း  Billy Bob Thornton တို့ က တော့ Pushing Tin(1999) ဆိုတဲ့ ဇာတ်ကား ရိုက်ရင်းဆုံခဲ့ ပြီး အဲ့ဒီနှစ်မှာပဲ လက်ထပ်ခဲ့ပါတယ်။အဓိက ပြဿနာ ကတော့ မင်းသမီး Laura Dern နဲ့ Billy တို့ ပတ်သက် နေတဲ့ ကြားက ဒီလို ကိစ္စ ဖြစ်သွားတာပါ။” ကျ မတို့ အိမ် က နေ ကားရိုက် ကိစ္စ နဲ့ အပြင်  ထွက်  သွားရတယ်။ကျမ အ ဝေး ရောက်နေတဲ့ အချိန်မှာပဲ ကျ မ ချစ်သူက လက်ထပ် လိုက်တာ။သူ့ ဆီ က လည်း ဘာမှ ကို ထပ် မကြားရ တော့ဘူး…” ဆိုပြီး အ ဝေး ခဏ အတွက် မှာပဲ သူ့ ချစ်သူက Angelina Jolie   နောက် ပါ သွားခဲ့တာပါ။ဒါပေမယ့် လည်း ဂျိုလီနဲ့ Billy တို့က (၂၀၀၃)မှာ ကွာရှင်းခဲ့ပါတယ်။

READ
အက်ရှင်ဒရမ်မာကားသစ် ရိုက်ကူးမယ့် Rain

Brad Pitt & Angelina Jolie

Image:IG/vanity fair

ချစ်သူရှိပြီးသား(ဒါမှမဟုတ်) အိမ် ထောင်ရှိပြီးသား ယောက်ျားနဲ့ ဖောက်ပြန်ရင် စနိုက် ကြော် တယ်လို့ မြန်မာ ဗန်း စကား မှာ ပြော ကြပါတယ်။ဂျိုလီ ကတော့ တစ်ခါ တည်းပဲ စ နိုက် ကျော်ဖူးတာ မဟုတ်ပါဘူး။Laura Dern ဆီ က ရော Jennifer Aniston ဆီ ကပါ စနိုက် ကြော်ခဲ့ဖူးတာပါ။ဒါပေမယ့် ဂျိုလီ နဲ့ Brad တို့ ကိုတော့ ကမ္ဘာ ကျော် စံ ပြ စုံ တွဲ ဆိုပြီး သတ်မှတ်တာကို တောင် ခံခဲ့ရဖူးပါတယ်။ Jennifer Aniston နဲ့ လက်ထပ် ထားတဲ့ ကြားက ပဲ နှစ်ယောက် သား Mr. and Mrs. Smith ရိုက်ကွင်းမှာ တွေ့ ရာ က နေ ချစ်ခဲ့ ကြတာပါ။(၂၀၀၈) တုန်းက အင်တာ ဗျူး တစ်ခုမှာ Brad ကိုယ်တိုင် ဒါကို ၀န်ခံခဲ့ဖူးပါတယ်။ Mr. and Mrs. Smith ဇာတ်ကားရိုက်တဲ့ အချိန် (Jennifer Aniston နဲ့ ပေါင်း နေတဲ့ အချိန် )  မှာပဲ ဂျိုလီကို ချစ်မိသွားတာလို့ ၀န်ခံခဲ့ပါတယ်။သူတို့ ဖောက်ပြန် တုန်းက ဆိုရင် Jennifer Aniston  တစ်ယောက် မျက်ရည် နဲ့ မျက်ခွက် ဖြစ်ခဲ့ရတယ်ဆိုပြီး သတင်းတစ်ချို့ မှာ ဖော်ပြ ခဲ့ဖူး ပါတယ်။ (၂၀၁၆) မှာ တော့ ဂျိုလီ နဲ့ ဘရက်ပစ်တို့ ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။လက်ရှိမှာတော့ Jennifer Aniston  နဲ့ ဘရ က် ပစ်တို့ က ရင်းနှီးတဲ့ သူငယ်ချင်း အဖြစ် ဆက်ရှိ နေပါတယ်။

Jennifer Aniston & Justin Theroux

Image:IG/Justin Theroux

ဖောက်ပြန်မှု ဆိုတာ မဆန်းတော့တဲ့ သူတို့ဆီမှာတော့ Jennifer Aniston ကလည်း ဒီဇိုင်နာ Heidi Bivens  ဆီ က နေ စနိုက် ကြော်ဖူးပါတယ်။Jennifer Aniston နဲ့  Justin Theroux တို့ တွဲ နေပြီလို့ သတင်း တွေ စ ထွက် လာချိန်မှာ တော့ တစ်ဖက်မှာက Justin Theroux နဲ့ တွဲ နေတဲ့ အချိန်ပါ။သိပ် မကြာခင်မှာတော့ (၁၄)နှစ် ကြာ ချစ် ဇာတ်လမ်း အဆုံဒသတ်ခဲ့ပြီး Jennifer Aniston နဲ့  Justin Theroux တို့က (၂၀၁၅)မှာ လက်ထပ် ထပ်ခဲ့ ပါတယ်။(၂၀၁၈) ဖေ ဖော်ဝါရီမှာ ကွာရှင်းခဲ့ပါတယ်။အခုထိ မိတ် ဆွေ တွေ အ ဖြစ် ရှိ နေတုန်းပါ။

Julia Roberts & Daniel Moder

Image:IG/julia robert

Daniel Moder  ကတော့ makeup artist Vera Steimberg  နဲ့ လက်ထပ်ခဲ့တာပါ။ဒါပေမယ့် လည်း The Mexican ရိုက်ကွင်းပေါ်မှာ Julia Roberts နဲ့ တွေ့ ပြီးနောက် ( ၆)လ အကြာမှာတော့ ဇနီးနဲ့ ကွာရှင်းခဲ့ပါတယ်။

Jason Aldean & Brittany Kerr

Image:IG/Jason Aldean

Jason Aldean  က တော့ American Idol ပြိုင်ပွဲ ၀င် Brittany Kerr နဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။(၂၀၁၂) ခု နှစ် က  Bar တစ်ခု ပါ။အဲ့ဒီတုန်းက (၁၂)နှစ်ကြာ တွဲလာတဲ့ ဇနီးဖြစ်သူ Jessica Ussery နဲ့ ပတ်သက် နေတဲ့ အ ချိန် မှာပဲ  ဖောက်ပြန်ခဲ့တာပါ။Jason Aldea က အိမ် ထောင် ရေးကို အဖတ်ဆယ်ဖို့ ကြိုးစား ပေမယ့်  မ အောင်မြင် ခဲ့ပဲ လမ်းခွဲ ခဲ့ရပါတယ်။Jason Aldean က တော့ သူနဲ့ Brittany Kerr ရဲ့ Relationship ကို ဝေဖန် နေတာ မျိုး တွေကို စိတ်ကုန် နေပြီလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

READ
အတွင်းသားတွေဖော်လွန်းတဲ့ ကိုရီးယားရိုးရာဝတ်စုံကြောင့် ဝေဖန်ခံနေရတဲ့Miss Korea 2019

Alicia Keys and Swizz Beatz

Image:IG/Alicia Keys

သူတို့ နှစ် ယောက်ရဲ့ အချစ်ကလည်း ဆိုင်သူရှိ နေတဲ့ ကြားက စခဲ့တဲ့ အချစ်ပါ။ အ မေရိကန် Hip Hop အဆိုတော်  Swizz Beatz က Mashonda နဲ့ လက်ထပ် ထားတဲ့ အချိန်မှာပဲ မြန်မာ စကားနဲ့ ဆိုရင် တော့ ခြံခုန် ခဲ့တာပါ။ အဲ့ ဒီ နောက်မှာတော့ ကွာရှင်းခဲ့ပြီး (၂၀၁၀)မှာတော့ Alicia Keys နဲ့ လက်ထပ်ခဲ့တာပါ။

Jennifer Lopez  &  Marc Anthony

Image:IG/leoni

Jennifer Lopez နဲ့  Marc Anthony တို့ ကတော့ (၂၀၀၄)က စပြီး တွဲ ခဲ့တာပါ။Dayanara Torres  နဲ့ Marc Anthony တို့ ကွာရှင်းပြီး (၄) ရက်အကြာမှာပဲ Marc နဲ့  လက်ထပ်ခဲ့တာပါ။Dayanara Torres  နဲ့ Marc က တော့ (၂၀၀၀)မှာ လက်ထပ်ပြီး (၂၀၀၄)မှာ ကွာခဲ့တာပါ။Jennifer Lopez  နဲ့ Marc နဲ့ ကတော့ (၂၀၀၄)မှာ လက်ထပ်ပြီး (၂၀၁၄)မှာ ကွာခဲ့ကြပါတယ်။

David Beckham & Rebecca Loos

 

 

View this post on Instagram

 

Saturday sunshine walk but someone isn’t overly impressed with my hat I obviously love it @victoriabeckham

A post shared by David Beckham (@davidbeckham) on

တကယ်ဖောက်ပြန်ခဲ့ လားဆို တာ ကတော့ ကာယကံရှင်တွေ သာ အသိဆုံးပါ။David Beckham ဘက်က တော့ သေချာ ရေရာ မ ပြော ပေမယ့် အမျိုးသမီးဖြစ်သူက တော့ သူမဟာ David Beckham  ရဲ့ ဒုတိယ မိန်းမ ပါ ဆိုပြီး  အခိုင်အမာ ပြောခဲ့ပါတယ်။သူမ ကတော့ ဘက်ခမ်းရဲ့ personal assistant  ပါ။သူတို့ ကြားမှာ က လိင် ဆက်ဆံ မှု တွေ လည်းရှိခဲ့ဖူးပြီး သူမက ဒုတိယ မိန်းမ ပါလို့ ကို ပေါ် တင် ထုတ်ပြောခဲ့ဖူးပါတယ်။

Jude Law &  Sienna Miller

Image:twitter/@femininite

Sienna Miller လို အ ချော ကို ထားပြီး က လေး ထိန်းနဲ့ ဖောက်ပြန်ခဲ့ဖူးပါတယ်။(၂၀၀၅)မှာ သူ့ ရဲ့ ဇနီး လောင်း Sienna Miller အပေါ် ဖောက်ပြန် ခဲ့ဖူးတယ်လို့ ပွင့်ပွင့်လင်း ထုတ် ၀န်ခံ ခဲ့ပါတယ်။ Sienna ထိ ခိုက် ခံစား ရ အောင် လုပ်မိတဲ့ အတွက် ၀မ်းနည်း မိတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် သိပ် မကြာမှာခင်မှာပဲ နှစ်ယောက်သား လမ်း ခွဲ ခဲ့ပါတယ်။ကိုယ်တိုင် ဖောက်ပြန်ခံခဲ့ရဖူးတဲ့ Sienna က လည်း  လမ်းခွဲပြီးနောက် နှစ် အ တော်ကြာမှာပဲ က လေး လေးယောက် နဲ့ အိမ် ထောင် သည် Balthazar Getty နဲ့ ဖောက်ပြန်ခဲ့ပါတယ်။

Kristen Stewart, Rupert Sanders & Robert Pattinson

Image:twitter/@barbyinCA

(2012)ဇူလိုင်မှာတော့  Kristen Stewart တစ်ယောက် ချစ်သူ  Robert Pattinson ကို ဖောက် ပြန်ပြီး အဲ့ဒီ အချိန်တုန်းက Liberty Ross နဲ့ လက်ထပ်ထားတဲ့ အိမ် ထောင်သည် ဒါရိုက်တာ Rupert Sanders နဲ့ ဖောက်ပြန်တယ်လို့ သတင်းတွေ မှာ ဖော်ပြ ခံခဲ့ရ ဖူးပါတယ်။Stewart  က တော့ နောက်ပိုင်းမှာ Pattinson ကို ပြန် တောင်းပြန် ခဲ့ပြီး ပြန်တွဲ ခဲ့ ပေမယ့်  နောက်ဆုံး မှာတော့ လမ်းခွဲခဲ့ကြပါတယ်။

#SHWEMOM

SHARE