ကိုယ့်စံချိန်ကို ဖျက်ပြီး စံချိန်အသစ်ကိုပါ ထပ်တင်လိုက်တဲ့ GOT စတား လူသန်ကြီး

ကမ္ဘာအသန်ဆုံး လူသားလဲဖြစ်တယ်၊ Game of Thrones စတားလည်း ဖြစ်တဲ့ Hafpor Julius Bjornsson ဟာ သူတင်ထားတဲ့ အလေးမ စံချိန်ကို သူကိုယ်တိုင်ပဲ တဖန် ချိုးဖျက်ပြခဲ့ပါတယ်။၇

သူက စံချိန်အသစ်ကို အိုဟိုင်ယိုးပြည်နယ် ကိုလံဘတ်စ်မြို့မှာ ကျင်းပတဲ့ ၂၀၁၉ Arnold Strong Classic ပွဲမှာ တင်ခဲ့တာဖြစ်ပါတယ်။ ၄၉၄ ကီလို (၁၀၄၄.၉) ပေါင် အလေးဘားကို မပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။

instagram

ဒီလို အောင်မြင်မှုနဲ့ ပတ်သက်ပြီး မိတ်ဆွေတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေ၊ အားပေးကြတဲ့သူ အားလုံးနဲ့ အထူးသဖြင့် ဇနီးသည်တို့ကို အင်စတာဂရမ်မှာ ပိုစ့်တင်ပြီး ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

မနှစ်က ပြိုင်ပွဲမှာ Bjornsson က ၄၇၄ ကီလိုနဲ့ စံချိန်တစ်ခု ရေးထိုးခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်စံချိန်ကို ချိုးဖျက်ပြီး နောက်ထပ် ချိုးဖျက်နိုင်ဖို့လည်း ကြိုးစာမှာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ တင်အားမရသေးတဲ့အတွက် Husafell Stone Carry နဲ့ the Austrian Oak ဆိုတဲ့ ပြိုင်ပွဲတွေကို ထပ်ပြိုင်ခဲ့ပြီး ပထမဆုချည်း သိမ်းပိုက်ခဲ့သေးပါသတဲ့။

READ
အမျိုးသမီး အတွင်းခံအင်္ကျီထဲက ပိုက်ဆံတွေကိုလက်မခံဘူးဆိုတဲ့ အမေရိကန်စတိုးဆိုင်တွေ
instagram

လူသန်ကြီးက ဇနီးဖြစ်သူကိုတော့ သိပ်ချစ်ပုံရတယ်။ သူတို့ဟာ မနှစ်က အောက်တိုဘာမှာ လက်ထပ်ခဲ့ကြတယ်။ သူ့ရဲ့ ဇနီး အတူတူရှိနေရင် သူ ဘယ်ပြိုင်ပွဲကိုမှ ရှုံးစရာအကြောင်းမရှိပါဘူးတဲ့… သူမက ကံကောင်းခြင်း အဆောင်လေး ဖြစ်နေလို့ပါ ဆိုပြီး အချစ်တွေပိုပြခဲ့တယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။

Ref: Lad Bible

Matthew (ShweMOM)
SHARE