တခြားသူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်ဘဲ ကိုယ့်ဖြစ်တည်မှုအတိုင်း အောင်မြင်ကြသူများ

J.Lo, J.Law တို့ဟာ အားလုံး စံထားထားတဲ့ အလှတရားတွေနဲ့ ကွဲထွက်တဲ့ ခန္ဓာကိုယ် အလှတရားတွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်ပါတယ်။ ၄င်းတို့ဟာ အားလုံးထားတဲ့ စံမှာ ကိုယ့်ကိုကိုယ် ထားပြီး အောင်မြင်ဖို့ မလိုကြောင်း ကိုယ့်အစွမ်းကိုယ့်အစနဲ့ ကိုယ့် အသွင်အပြင်ကို ပြောင်းလဲနိုင်ကြောင်း သက်သေပြကြသူတွေလည်းဖြစ်တယ်။

သဘာဝကျကျ အလှတရားဆိုတာ တကယ်ကို ထူးခြားတဲ့အရာပါ။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်အတိုင်း နေထိုင်ပြီး တကယ်ကိုပဲ အောင်မြင်မှုရှိနေတဲ့ နာမည်ကြီး တစ်ချို့ရဲ့ အလှအပနဲ့ ပတ်သက်တဲ့ ခံယူချက်တွေကို လေ့လာကြည့်ကြရအောင်။

Jennfier Lopez

Jennifer Lopez ဟာ အောင်မြင်တဲ့ အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးနဲ့ အကသမားတစ်ယောက်လည်းဖြစ်တယ်။ ကမ္ဘာတစ်ဝှမ်း ရီကော့ဒ်ပေါင်း ၇၅ သန်းကျော် ရောင်းချခဲ့ပြီးပြီ။ မကြာသေးခင်ကပဲ J.Lo ကို၂၀၁၉ ရဲ့ စတိုင်လ်အကျဆုံး အမျိုးသမီးအဖြစ် The Council of Fashion Designers of America က ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jennifer Lopez (@jlo) on

သူမရဲ့ အနုပညာ ခရီးလမ်းအစမှာ သူမကို ကိုယ်အလေးချိန် အနည်းငယ်လျှော့ဖို့ လူတော်တော်များများက အကြံပေးခဲ့ကြတယ်လို့ InStyle နဲ့ အင်တာဗျူမှာ J.Lo ကပြောခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ သူများတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ဘဲ သူမ အယူအဆနဲ့ သူမ မှန်ကန်ကြောင်း အချိန်တွေကပဲ ဖော်ပြသွားခဲ့ပါတယ်။

Kelly Clarkson

Kelly Clarkson ဟာဆိုလည်း အမြဲတမ်းမှာ ၀၀ဖြိုးဖြိုးပဲ တွေ့ရတယ်။ သမီးလေးမွေးပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် အနည်းငယ်တက်လာခဲ့တယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ ကြမ်းတမ်းတဲ့ ဝေဖန်မှုတွေကိုတောင် ရင်ဆိုင်ရတာတွေ ရှိခဲ့တယ်။ Katie Hopkins ဆိုတဲ့ ဗြိတိန် ဂျာနယ်လစ်က အပျက်သဘောဆောင်တဲ့ ကောမန့်ပေးတာ အများဆုံးပဲ။ ဒါပေမယ့် Kelly ဟာ သူမ ဘ၀ကို ထိခိုက်မယ့် အထင်အမြင်၊ အယူအဆတွေကို လက်မခံထားဘဲ သူမဟာ လွတ်လပ်တဲ့ ကမ္ဘာမှာ ရှင်သန်ကြောင်း သူမရဲ့ ၀ိတ်နဲ့ ပတ်သက်ပြီး တခြားသူတွေ ဘယ်လိုထင်ကြလဲ ဂရုမစိုက်အားကြောင်း ပြန်လည်ချေပခဲ့တယ်။

 

View this post on Instagram

 

A post shared by Kelly Clarkson (@kellyclarkson) on

၂၀၁၈ ခုနှစ်မှာ Kelly ဟာ သိုင်းရွိုက်ဝေဒနာခံစားရပြီး ကုသရင်း ၄၅ ပေါင်လောက်ကျသွားခဲ့တယ်။ အဲ့ဒီ့နောက် ကျန်းမာရေးကို ပိုအထောက်အကူဖြစ်စေမယ့် အစားအသောက်တွေကို ပို အလေးထားလာခဲ့တယ်။ ဒါပေမယ့် Kelly က လေ့ကျင့်ခန်းလုပ်ရတာကို မနှစ်သက်ပါဘူး။ သူမ gym သွားတာကိုလည်း ဘယ်သူကမှ မမြင်ဖူးကြဘူး။

READ
Avengers: Endgame ရဲ့ စံချိန်တင် ရုံဝင်ငွေနဲ့ ပတ်သတ်ပြီး ချီးကျူးခဲ့တဲ့ ဒါရိုက်တာကြီး

Jennifer Lawerence

 

View this post on Instagram

 

A post shared by Jennifer Lawrence (@jenniferlawrence_) on

Jennifer Lawrence ကတော့ ၀တယ်ဆိုတာ အသုံးအနှုန်းကို မုန်းတဲ့ သူဖြစ်ပါတယ်။  များစွာသော နာမည်ကြီး ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့တိုင် သူမဟာ အစားအသောက်ကို ကန့်သတ်ပြီး မစားသလို၊ စံထားရလောက်တဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို မနှစ်သက်ပါဘူး။ အမျိုးသမီးတွေ curvy ဖြစ်နေတဲ့အချိန်က ပုံမှန် ၀ိတ်ရှိနေချိန်ပဲလို့ J.Law က Harper’s Bazaar နဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ TV ပေါ်မှာ တစ်စုံတစ်ယောက်ကို ၀တယ်လို့ ခေါ်ဝေါ်သုံးနှုန်းတာ တရားမ၀င်ဘူးလို့လည်း တွေးထင်တဲ့ သူဖြစ်ပါတယ်။

READ
လူတိုင်းကို ကြွေဆင်းသွားအောင် လုပ်လိုက်ပြန်တဲ့ လျှောက်လှမ်းပေါ်က အောန်ဆိုင်း

Tyra Banks

 

View this post on Instagram

 

A post shared by Tyra Banks (@tyrabanks) on

Tyra Banks ဟာ နာမည်ကြီး မော်ဒယ်၊ မင်းသမီး၊ အဆိုတော်နဲ့ ရုပ်သံ တင်ဆက်သူတစ်ယောက်ဖြစ်တယ်။ သူမဟာလည်း တစ်ချိန်တုန်းက မီဒီယာတွေရဲ့ ကြမ်းတမ်းတဲ့ စော်ကားမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ Tyra ရဲ့ ရေကူးဝတ်စုံနဲ့ ပုံက မဂ္ဂဇင်းတစ်ခုက Tyra Porkchop ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြတာခံရဖူးတယ်။ မီလန်မှာ ရှိုးလျှောက်တုန်းကလည်း သူမက ၀တဲ့သူလို့ ခေါ်ဝေါ်ခဲ့ကြတယ်၊ သူမရဲ့ ခါးအနေအထားကြောင်း ဖက်ရှင် ဒီဇိုင်နာတွေကတောင် အလုပ်တွဲလုပ်ဖို့ လျှော်ချသွားကြတယ်လို့ ပြန်လည်ပြောပြပါတယ်။

ဒီနေ့မှာတော့ Tyra ဟာ လူအားလုံးကို စေ့ဆော်မှုတွေပေးဖို့ ကြိုးစားနေပါတယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ရေကူးဝတ်စုံနဲ့ ဖိုတိုရှု့တစ်ခုကိုလည်း စီစဉ်ခဲ့တယ်။ အဲ့ဒီပုံတွေက ကိုယ်အလေးအချိန်၊ အသက်အရွယ်၊ ဆံပင်ပုံစံ စတာတွေနဲ့ ပတ်သက်ပြီး မကောင်းပြောခံရသူအားလုံးအတွက် ရည်ညွှန်တယ်လို့ Tyra က ဆိုပါတယ်။

Matthew (ShweMOM)

 

SHARE