ပြည့်ဖြိုးတေဇရဲ့မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတဲ့ ဆယ်လီများ

fb/ kyaw phyo tun & lwin moe & m seng lu

ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကိုတော့ မြန်မာနိုင်ငံရဲ့ပန်းမြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့ ပြင်ဦးလွင်ရဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ဇန်န၀ါရီလ ၁၉ ရက်နေ့က ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲရဲ့ကြီးကျယ်ခမ်းနားလွန်းတဲ့အပြင်အဆင်တွေကြောင့် ပရိသတ်တွေကြားမှာရေပန်းစားပြီး မြန်မာနိုင်ငံရဲ့အလှဆုံးနဲ့အခမ်းနားဆုံးမင်္ဂလာပွဲတစ်ခုလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ မင်္ဂလာပွဲကိုတော့ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဆယ်လီများလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံ

ပရိသတ်ကို အမိုက်စားဖက်ရှင်တွေအမြဲချပြလေ့ရှိပြီး တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ပြီး ယခုတိုင် ပရိသတ်ရဲ့လက်ခံအားပေးခြင်းခံရတဲ့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံလည်း မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

fb/nunandar than

အကယ်ဒမီ လွင်မိုးနဲ့ဇနီးမေသူ

အကယ်ဒမီလွင်မိုးကတော့ သူရဲ့ပိုင်နိုင်တဲ့ရုပ်ရှင်သရုပ်ဆောင်စွမ်းရည်တွေကြောင့် အကယ်ဒမီဆုတွေအများကြီး ရရှိထားပြီး ပရိသတ်ရဲ့လက်ခံအားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ ၀ါရင့်မင်းသားကြီးတစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကျယ်သွားပြီး စီးပွားရေးကိုပဲ ဦးစားပေးလုပ်နေပါတယ်။ အကယ်ဒမီ လွင်မိုးနဲ့ဇနီးဖြစ်သူ မေသူလည်း မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။

fb/ lwin moe

ဒေါ်ဝေသစ်လွင်

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ bella ကိုစတင်တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ ဒေါ်ဝေသစ်လွင်ကလည်း ဒီမင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။

fb page/Burmese Fashion Closet

ပြင်ဦးလွင်ထင်ရှူးတောထဲက မြူတွေဆိုင်းနေတဲ့ မင်္ဂလာဆောင်ထဲက သူမ Astrid Lwin in Mogok Pauk Pauk at Crazy Rich Burmese…

Posted by Burmese Fashion Closet on Monday, January 20, 2020

Ah boy နဲ့ဇနီး မြတ်ရတနာကျော်

Ah boy နဲ့ သူ့ရဲ့ဇနီးမြတ်ရတနာကျော်လည်း မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ “ဘဝမှာ တက်ရောက်ဖူးသမျှ မင်္ဂလာဆောင်တွေထဲမှာ တကယ်ကို အခမ်းနားဆုံးနှင့် အလှပဆုံးပါပဲ။ ❤️ ” ဆိုပြီး သူ့ရဲ့ကိုယ်ပိုင်ဖေ့ဘွတ်အကောင့်နဲ့ သူတို့ရဲ့ခရီးသွား blog တွေရေးတဲ့ page မှာချီးကျူးခဲ့ပြီး သတို့သားနဲ့သတို့သမီးအတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ပါသေးတယ်။

READ
စက်တင်ဘာ(၂၇)မှာ ကျရောက်ခဲ့တဲ့ မခိုင်လေးရဲ့ မွေးနေ့
fb/ Kyaw Phyo Tun
fb/Kyaw Phyo Tun

I swear to god that this was the most beautiful wedding I had ever been in my whole entire life!Big congratulations to…

Posted by Kyaw Phyo Tun on Monday, January 20, 2020

ဝိုင်းစုခိုင်သိန်း နဲ့ အောင်လ

အဆိုတော်သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းနဲ့  အဆိုတော် အောင်လတို့ အတွဲလည်း မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ ၀ိုင်းစုနဲ့အောင်လကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။

fb/Kyaw Phyo Tun
fb/ wyne su khaing thein

မနေ့က သူငယ်ချင်းweddingမှာ❤️💕

Posted by Wyne Su Khaing Thein on Sunday, January 19, 2020

M Seng Lu

M Seng Lu ကတော့ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ပါ။ သူမရဲ့နိုင်ငံခြားသူမလေးတယောက်လို ညှို့ချက်အားကောင်းတဲ့အလှအပတွေကြောင့် ပုရိဿတွေကြားမှာ နာမည်ကြီးသူလေးတစ်ယောက်ပါ။ M seng lu ကလည်း မင်္ဂလာပွဲကို ပျော်ပျော်ရွှင်ရွှင်တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။

READ
တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အလှကို ပြသလိုက်တဲ့ မိုးဟေကို
fb/M Seng Lu

made it to this beautiful wedding 🤍From 31’ 🌞 to 13’ ❄️ #Thethningottayzed Wearing Ahlatt Lumyang

Posted by M Seng Lu on Monday, January 20, 2020

Christina Lim & Thu Rayn Kyaw Moe 

ဖေ့ဘွတ်မှာနာမည်ကြီးပြီး ပရိသတ်တွေအားကျအတုယူနေရတဲ့ ဆယ်လီ blogger အတွဲတစ်တွဲဖြစ်တဲ့ Christina Lim နဲ့ Thu Rayn Kyaw Moe တို့ကလည်း ဒီမင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ 

fb/ Christina Lim

Wedding ကလဲအရမ်းလှ 🤍🤍🤍🤍Weather ကလဲအရမ်းအေး 🌬️🌬️🌬️ဒါနဲ့ ဒီ scarf အဖြူလေးကိုတစ်ညလုံးလက်ဆင့်ကမ်းလိုက်တာ နောက်ဆုံးဘယ်သူ့စီပါသွားလဲမသိဘူးနော် 🤔#ThetHninGotTayzed

Posted by Christina Lim on Sunday, January 19, 2020

Source : အနုပညာရှင်များ fb & fb page

 

SHARE