ဂေဟာက ခိုကိုးရာမဲ့တိရစ္ဆာန်လေးတွေကို ကြင်နာစွာခေါ်ယူမွေးစားခဲ့ကြတဲ့ ဆယ်လီများ

instagram/priyankachopra www.billboard.com

အဆိုတော် Miley Cyrus ဟာ သူမရဲ့ခွေးလေး Mary Jane သေသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေကြောင်းကို ကြာသပတေးနေ့တုန်းက အင်စတာဂရမ်ပေါ်တင်သွားခဲ့ပါတယ်။ Mary Jane ဟာ တစ်နှစ်လောက်ကင်ဆာရောဂါခံစားရပြီး သေသွားခဲ့တာပါ။ Mary Jane ဟာ တိရစ္ဆာန်ဂေဟာကနေ ခေါ်ယူမွေးစားခံရတဲ့ခွေးလေးတစ်ကောင်လည်းဖြစ်ပါတယ်။ သူမရဲ့ခွေးလေးအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ Miley က MARY JANE 5EVER ဆိုပြီး သီချင်းတောင်ဆိုခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)

အောက်ဘက်မှာတော့ Miley အပြင် ခိုကိုးရာမဲ့တိရစ္ဆာန်လေးတွေကို ခေါ်ယူမွေးစားတတ်တဲ့ ကမ္ဘာကျော်ဆယ်လီတွေအကြောင်း Insider ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

၂၀၀၁ခုနှစ်မှာ Whoopi Goldberg ဟာ ကြောင်ပေါက်လေးတစ်ကောင်ကို ကယ်ခဲ့ပါတယ်။ ကြောင်ပေါက်လေးဟာ The View တီဗီရှိုးမှာ Goldberg နဲ့တွေ့ခဲ့တာပါ။ Goldberg ဟာ ကြောင်မလေးကို မြင်မြင်ချင်းချစ်သွားခဲ့ပြီး မွေးစားခဲ့တာဖြစ်ပါတယ်။ ကားတစ်စီးဟာ Verrazano တံတားပေါ်မှာ ကားမောင်းနေတုန်း ကြောင်လေးကို ပြတင်းပေါက်ကနေပစ်ချကာ စွန့်ပစ်သွားခဲ့တာပါ။ သူ့ကိုတော့ Goldberg က မွေးစားလိုက်ကာ Vinny လို့ အမည်ပေးထားပါတယ်။

READ
ဝေဖန်မှုတွေကို ဖြေရှင်းရင်း အိမ်စည်ရဲ့ အတွင်းရေးတွေကိုပါ Miss Golden Land Myanmar ဖွင့်ချ

Ariana Grande ဟာ ခွေးလေး၁၀ကောင်ကို မွေးစားထားပါတယ်။ Grande ဟာ သက်သက်လွတ်စားသူတစ်ယောက်ဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေကိုချစ်တတ်သူဖြစ်ပြီး ပရဟိတအရေးတွေမှာလည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားလေ့ရှိသူပါ။ သူမဟာ ခွေးတွေအပြင် Piggy Smalls လို့အမည်ပေးထားတဲ့ ဝက်တစ်ကောင်ကိုပါ မွေးထားပါတယ်။

instagram/billboard

Priyanka Chopra နဲ့ Nick Jonas တို့ဟာ ကိုဗစ်အတွင်းမှာပဲ ၄င်းတို့အတွက် တတိယမြောက်ခွေးတစ်ကောင်ကို မွေးစားခဲ့ပါတယ်။ ခွေးလေးကို Panda လို့အမည်ပေးထားပါတယ်။ သြဂုတ်လ၈ရက်နေ့မှာတော့ Priyanka ဟာ သူတို့ရဲ့မိသားစုဝင်အသစ်ကလေးကို အင်စတာဂရမ်ပေါ်မှာ ပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါသေးတယ်။

၂၀၁၇ခုနှစ်မှာ Gifted အမည်ရတဲ့ ရုပ်ရှင်ရိုက်တုန်းက Chris Evans ဟာ တိရစ္ဆာန်ဂေဟာတစ်ခုမှာ ရှုတင်ရိုက်ခဲ့ပါတယ်။ အဲ့ဒီကနေ Chris ဟာ Dodger အမည်ရတဲ့ခွေးလေးတစ်ကောင်ကိုတွေ့ပြီး မွေးစားဖြစ်ခဲ့ပါတယ်။ Dodger နဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကိုတောင် Chris က အခုလို တွစ်တာပေါ်တင်ခဲ့ပါသေးတယ်။

ShweMom

SHARE