အောင်မြင်မြင်ပြီးချင်းမှာပဲ မိဘတွေအတွက် အိမ်အရင်ဆုံးဝယ်ခဲ့ပေးတဲ့ အနုပညာရှင်များ

celebrities's Instagram

အနောက်နိုင်ငံတွေရဲ့ ဓလေ့အရ အသက် ၁၈ နှစ်ပြည့်တာနဲ့ မိဘအိမ်က ခွဲထွက်သွားကြတာဆိုတော့ နောက်ပိုင်း သားသမီးတွေအနေနဲ့ ဘယ်လောက်ပဲ အောင်မြင်လာလာ၊ ချမ်းသာလာလာ မိဘနဲ့အတူတော့မနေကြဘဲ တစ်အိုးတစ်အိမ်သီးသန့်နေကာ ငွေးကြေးအရ ထောက်ပံ့မှုတွေ တော်ရုံမလုပ်ပေးတတ်ကြပါဘူး။ ဒါပေမဲ့လည်း Insider မှ ကိုးကားပြီးဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ အချီကြီးအောင်မြင်ပြီးပြီးချင်းမှာပဲ မိဘတွေအတွက် အိမ်တွေအသီးသီးဝယ်ပေးခဲ့ကြပါတယ်တဲ့။ သူတို့တွေကတော့..

Michael B.Jordan

California မှာရှိတဲ့ Sherman Oaks ရဲ့ တစ်နေရာမှာ အိမ်ကောင်းကောင်းကြီးကြီးတစ်လုံးကို မိဘတွေဖြစ်တဲ့ Donna Jordan နဲ့ Michael A. Jordan တို့ကို ၂၀၁၅ ခုနှစ်တုန်းက အနုပညာကြေးအကုန်လုံးပေးကာ ဝယ်ပေးခဲ့ပါတယ်တဲ့။

https://www.instagram.com/p/BxYV5BYFJNN/

Dwayne “The Rock” Johnson

The Rock ကတော့ သူ့ရဲ့မိခင်ကို အိမ်တစ်လုံးထဲမဟုတ်ဘဲ WWE နပန်းသမားဘဝကတည်းကိုက အိမ်ပေါင်းများစွာဝယ်ပေးခဲ့တဲ့ သားလိမ္မာလေးပါ။

Rihanna

Rihanna ကတော့ သူမရဲ့မိခင်ကို The Oprah Winfrey Show မှာ အိမ်ဝယ်ပေးခဲ့တာကို surprise လုပ်ခဲ့တာပါ။ Barbados မှာ အိပ်ခန်း ၅ ခန်းတောင်ပါတဲ့ အိမ်ကြီးတစ်အိမ်ကို ဝယ်ပေးခဲ့ပါတယ်တဲ့။ ဒီလိုအမေကို အိမ်ကောင်းကောင်းဝယ်ပေးချင်ခဲ့တာ ဟိုးအရင်ကတည်းက စိတ်ကူးလေးပါတဲ့လေ။

READ
"ရည်းစားရွေးနည်း"ရုပ်ရှင်ကားရိုက်ကွင်းပေါ်က မြင့်မြတ်နဲ့ ဖွေးဖွေး

Nicki Minaj

https://www.instagram.com/p/B9CuF8hHYJS/

ငယ်ငယ်လေးကတည်းက အမေဖြစ်သူကို အိမ်ဝယ်ပေးချင်တယ်ဆိုတဲ့စိတ်ကူးလေးနဲ့ ဘုရားသခင်ထံမှာ ဆုတောင်းနေခဲ့ရတာပါတဲ့။ ၂၀၁၀ ခုနှစ်တုန်းက ပထမဆုံအကြိမ်အိမ်ဝယ်ပေးနိုင်ခဲ့ပါတော့တယ်။ သူမရဲ့ Pink Friday album ပေါက်ပြီးနောက်မှာပေါ့။

Chris Hemsworth

Instagram- @chrishemsworth

Thor မင်းသားကတော့ သူ့ရဲ့ပထမဆုံးအနုပညာကြေးနဲ့ မိဘနှစ်ယောက်ရဲ့ အကြွေးနဲ့ဝယ်ထားတဲ့အိမ်ကို ဆပ်ပေးခဲ့ပြီး ထောက်ပံ့မှုတွေလည်း အမြဲတမ်းပုံမှန်လုပ်ပေးခဲ့ပါတယ်တဲ့။

Cardi B

View this post on Instagram

BUUUURRRRRR

A post shared by Cardi B (@iamcardib) on

ချို့တဲ့တဲ့ဘဝကလာခဲ့တဲ့အတွက်ကြောင့် Cardi B အနေနဲ့ သူမရဲ့အိပ်မက်တွေထဲ အိမ်ကောင်းကောင်းတစ်လုံးနဲ့ နေထိုင်ဖို့ကလည်း အဓိကပါပဲ။ ဒီအပြင် မိသားစုကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် အရင်ဆုံး သူမအောင်မြင်လာပြီးရခဲ့တဲ့ ပိုက်ဆံတွေနဲ့ သူမရဲ့မိခင်ကို စိတ်ကြိုက်အိမ်တစ်လုံး ဝယ်စေခဲ့ပါတယ်တဲ့။ အခုလည်း သူမရဲ့အိမ်မှာ မထင်ရင်မထင်သလို အမျိုးတွေကို ခေါ်ထားနေတုန်းပါ။

Chris Pratt

Guardians of the Galaxy မင်းသား Chris Pratt ကတော့ အသက် ၂၃ နှစ်အရွယ်မှာပဲ ခြစ်ကုတ်စုဆောင်းထားခဲ့တဲ့ ပိုက်ဆံလေးတွေနဲ့ မိခင်ကို အိမ်တစ်လုံးဝယ်ပေးခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့မှာ ပိုက်ဆံပေါနေတာမျိုး ချမ်းသာနေတာမျိုးမဟုတ်ဘဲနဲ့ စုထားသမျှအကုန်လုံးကို အိမ်ဝယ်လိုက်လို့ ငမွဲဖြစ်သွားခဲ့ဖူးတယ်လို့ Buzz Feed interview မှာ ပြောပြဖူးပါတယ်။

READ
သမ္မတကြီး Moon Jae In ဆီက ဖုန်း Call လက်ခံရရှိခဲ့တဲ့ Seohyun

Zayn Malik

View this post on Instagram

@BritishVogue

A post shared by Zayn Malik (@zayn) on

၂၀၁၃ ခုနှစ်တုန်းက ဗီဒီယိုတစ်ခုအရ Zayn သူ့ရဲ့မိခင်အတွက်ဝယ်ပေးခဲ့ပါတယ်။ အိမ်အသစ်ကြီးထဲ မိခင်ဖြစ်သူ ပထမဆုံးအကြိမ်ရောက်ဖူးတဲ့အချိန်မှာပဲ ပီတိဝမ်းသာဖြစ်ကာ မျက်ရည်တောင်ကျခဲ့ရပါတယ်။ သားလေးက အရမ်းကြိုးစားခဲ့ရတာတဲ့၊ ကျေးဇူးတောင် တင်လို့မဆုံးပါဘူးတဲ့လေ။ ဒါအပြင် အင်္ဂလန်၊ Bradford မှာလည်း ဒီထက်ကောင်းတဲ့အိမ်တစ်လုံး မိခင်ကို ထပ်ဝယ်ပေးခဲ့ပါသေးတယ်တဲ့။

Travis Scott

View this post on Instagram

Cyber

A post shared by flame (@travisscott) on

Travis Scott ကတော့ သူ့မိဘတွေကိုကို ၂၀၁၆ ခုနှစ်တုန်းက ခရစ်စမတ်လက်ဆောင်အဖြစ် အိမ်အကြီးကြီးတစ်လုံးကို ဝယ်ပေးခဲ့တာပါ။ အရင်တုန်းက စုတ်စုတ်ပြတ်ပြတ်နေခဲ့ရပေမယ့် အခုအချိန်မှာတော့ မိဘတွေဟာ marble ခင်းထားတဲ့ အိမ်ကြီးထဲ နေဖို့ သင့်ပါပြီတဲ့။

Penny

SHARE