မီးလောင်နေတဲ့မြို့ပျက်ကြီးထဲကနေထွက်မသွားဘဲ တင်းခံနေတဲ့သစ္စာရှိဒေသခံတွေ

Tilbot "Twitter"

ပန်ဆယ်ဗေးနီးယားပြည်နယ်က Centraliaမြို့ဟာ ကျောက်မီးသွေးမိုင်းတွင်းမြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ လူပေါင်း(၁၀၀၀)ကျော်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြေအောက်မီးလောင်မှုတစ်ခုကြောင့်ဒေသခံတွေဟာ နှစ်(၆၀)နီးပါးကြာအဲ့ဒီမြို့ကနေစွန့်ခွာထွက်ပြေးသွားကြပါတယ်။ ဒါပေမယ့် လူတစ်စုကတော့ ထွက်မသွားဘဲ သစ္စာရှိရှိနေထိုင်နေကြဆဲဖြစ်တယ်လို့ insider က ဖော်ပြခဲ့ပါတယ်။

ဒီလောက်အချိန်ကြာတာတောင်မီးတွေက ဆက်လက်လောင်ကျွမ်းနေတာပါ။မီးတွေဟာ ယနေ့အထိ လမ်းတွေမှာ တစ်ငွေ့ငွေ့နဲ့လောင်ကျွမ်းရင်းအခုဆို ပိုမို ကျယ်ပြန့်လာပါတယ်။လူသွားစင်္ကြတွေအက်ကွဲပြီး၊ပက်ကြားအပ်နေတဲ့မြေကြီးရာနဲ့ချီကနေ အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေလေထုထဲပျံ့နှံ့နေတဲ့အတွက်သစ်ပင်တွေကတော့ခမ်းခြောက်သေဆုံးနေပါပြီ။

 

(၁၉၆၂)ခုနှစ်က အမှိုက်ပုံတစ်ခုမှ မီးစလောင်ရာကနေ မြို့ရဲ့မြေအောက်ပိုင်းမှာရှိတဲ့ ကျောက်မီးသွေးတွင်းတွေကို ကူးစက်ပျံ့နံ့သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကနေ ကြီးမားတဲ့မြေအောက် တောမီးကြီးဖြစ်ခဲ့ပြီး၊ မြေပြင်ပေါ်ကနေ မမြင်ရပေမယ့် မြေအောက်ပိုင်းမှာတော့အခုထိ တစ်ငွေ့ငွေ့လောင်ကျွမ်းနေဆဲဖြစ်ပါတယ်။

အမေရိကန်အစိုးရက အဲ့ဒီမြို့မှာ နေထိုင်တဲ့ဒေသခံတွေရဲ့နေအိမ်တွေကို ၀ယ်ယူခဲ့ပြီး၊ နေရာအသစ်ကိုပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ပြောရခက်တဲ့လက်ပေါက်ကပ်တဲ့လူနည်းစုတစ်စုကတော့ တင်းခံပြီးနေရစ်ခဲ့ပါတယ်။သူတို့ဟာ အံ့သြသင့်စွာ သူတို့မြို့သူတို့အိမ်ဆိုပြီး ဆယ်စုနှစ်ကြာ ဒုက္ခခံနေထိုင်နေခဲ့ကြတာပါ။

 

ဒါပေမယ့်မီးဟာ နောက်ထပ်အနည်းဆုံးနှစ်(၁၀၀)လောက်အထိဆက်လက်လောင်ကျွမ်းနေအုံးမယ်လို့ပြောပါတယ်။ (၂၀၀၆)ခုနှစ်က အင်တာဗျူးတစ်ခုမှာ အသက်(၉၀)ရှိပြီဖြစ်တဲ့ အဲ့ဒီမြို့ရဲ့မြို့တော်ဝန်က ဒါဟာကျုပ်ပိုင်ဆိုင်တဲ့တစ်ခုတည်းသောအိမ်ဖြစ်တယ်။ကျွန်တော်ရဲ့အိမ်လေးကို ထိန်းသိမ်းသွားချင်တယ်လို့ဆိုပါတယ်။

Centraliaမှာ ဒီနေ့အထိဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတာကို ကြည့်ကြည့်ရအောင်။

Satelliteကနေတွေ့ရတဲ့ပုံမှာတော့ လက်ရှိမြို့အတွင်းအဆောက်အအုံတွေမရှိသလောက်နီးပါးဖြစ်နေပါပြီ။

လက်ရှိမှာတော့ မြို့က တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြို့ပျက်ကြီးလိုဖြစ်နေပါတယ်။ မြို့ရဲ့အဓိကမိန်းလမ်းမကြီး Locust Avenueကို (၁၉၈၃)ခုနှစ်အောက်တိုဘာလကရိုက်ထားတဲ့ ပုံနဲ့ (၂၀၀၀)ခုနှစ်၊ဇွန်လကပုံကို ယှဉ်ပြထားတာပါ။ အခုထိ လမ်းရဲ့အက်ကြောင်းတွေကြားကနေမီးခိုးတွေထွက်နေတာပါ။အခုလိုဖြစ်နေတာဟာ မီးစလောင်ပြီးကတည်းကဆို (၅၇)နှစ်ရှိပြီဖြစ်ပြီး၊ နောက်ထပ်အနည်းဆုံးနှစ်(၁၀၀)အထိ ဆက်လောင်နေအုံးမယ်လို့ခန့်မှန်းထားကြပါတယ်။

READ
ကျောင်းသားများ ၀ါးတံတားကိုဖြတ်ကူးနေခိုက် ရေစီးပြင်းထန်ပြီး တံတားပြိုပျက်မှုဖြစ်ပွား

မီးလောင်ပြီးနောက်နှစ်များစွာကြာပူပူလောင်လောင်ထဲနေနေရတဲ့ ဒေသခံတွေက ပြည်နယ်နဲ့အစိုးရအဖွဲ့ကို ပူးပေါင်းမီးငြှိမ်းသတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

 

 (၁၉၈၀)ခုနှစ်အကျော်မှာ မြို့ကိုရွေ့ပြောင်းဖို့အစိုးရကဆုံးဖြတ်ခဲ့ပြီး၊ အဆောက်အအုံ့အများစုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ဒေသခံတွေက သူတို့မြို့မှာပဲ ခက်ခက်ခဲခဲဒုက္ခခံနေရစ်ခဲ့ကြပါတယ်။ 

READ
လူစီးမိုးပျံပူဖောင်းအကြီးကြီး ပျက်ကျသွားတာကိုမြင်ဖူးလား

 

Khaing

 

SHARE