သမီးချောလေးမြမိုးဂင်္ဂါနဲ့အတူ မဂ္ဂဇင်းကာဗာဓာတ်ပုံရိုက်ကူးခဲ့တဲ့ ချမ်းချမ်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။  ချမ်းချမ်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ သမီးလေး မြမိုးဂင်္ဂါနဲ့ သူမရဲ့ ပုံရိပ်တွေကို မျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာလည်း သူမရဲ့ သမီးလေးနဲ့အတူ မဂ္ဂဇင်းတစ်ခုအတွက် ကာဗာဓါတ်ပုံ ရိုက်ကုးပေးခဲ့ပါသေးတယ်။ ချမ်းချမ်းတို့သားအမိကတော့ Crown magazine အတွက် ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

ကမ်းခြေဖက်ရှင်လေးကို ဆင်တူဝတ်ဆင်ထားတဲ့ ချမ်းချမ်းတို့ သားအမိကတော့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။ ချမ်းချမ်းရဲ့ ချစ်ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source: Mimi Khine Hello

SHARE