ပရိသတ်တွေကို ပေးထားတဲ့ ကတိတည်ခဲ့တဲ့ ချမ်းမြေ့မောင်ချို

မြန်မာနိုင်ငံရဲ့ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေသူလေး ချမ်းမြေ့မောင်ချိုကတော့ အသက်ငယ်အရွယ်အရ ငယ်သေးပေမဲ့လည်း သူမရဲ့ ပညာပြည့်ဝနေတဲ့ သီချင်းဆိုစွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တဟုန်တိုး ရရှိနေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ယခုအပတ်ရဲ့ ကြာဿပတေးနေ့ ယှဉ်ပြိုင်ဖျော်ဖြေမှုအပြီးမှာ ပရိသတ်တွေအတွက် သူမပေးထားတဲ့ ကတိတည်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ချမ်းမြေ့မောင်ချိုကတော့ “မောင်ချိုကတိတည်တယ်နော် စာသားမမေ့ဘူး ဟီးဟီး အားပေးခဲ့ကြတဲ့တဦးချင်းဆီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်လို့ ” လို့ရေးပြီး ပရိသတ်တွေအတွက် သူမကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အကြောင်းကို ပြောပြထားတာဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ ပြီးခဲ့တဲ့ ယှဉ်ပြိုင်ဖျော်ဖြေမှုတစ်ခုမှာ ယှဉ်ပြိုင်နေရင်း သီချင်းစာသားမေ့သွားခဲ့တဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ပရိသတ်တွေအတွက် ကြိုးစားယှဉ်ပြိုင်ခဲ့တဲ့ မောင်ချိုလေးကို အားပေးဝန်းရံပေးလိုက်ပါဦးနော်။ မောင်ချိုလေးရဲ့ နံပါတ် (၁၁) ကိုလည်း vote ပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

READ
စပွန်ဆာနဲ့ ရိုက်ထားတဲ့ဗီဒီယိုဆိုပြီး အွန်လိုင်းမှာပျံ့နေတဲ့အပေါ် ပတ်ထရစ်ရှာဖြေရှင်း

SOurce: Chan Myae Mg Cho, Myanmar Idol

SHARE