ဖက်ရှင်ရှိုးပွဲမှာ ဟာသလုပ်ဖို့ကြိုးစားသူကို စင်ပေါ်ကဆွဲချခဲ့တဲ့ Gigi hadid

Instagram /FashionOne

ပဲရစ်ဖက်ရှင် Weekမှာ ပြုလုပ်တဲ့နာမည်ကြီးဖက်ရှင် Chanel ကပြုလုပ်တဲ့ နွေဦးရာသီ (၂၀၂၀)ရှိုးပွဲမှာ ဘယ်သူမှထင်မှတ်မထားတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ပြင်သစ်ဟာသ youtuberတစ်ဦးဖြစ်တဲ့ Marie Benoliel ဟာရှိုးပွဲထဲကိုရုတ်တရက်ရောက်ချလာပြီး မော်ဒယ်တွေနဲ့အတူ စင်မြင့်ပေါ်မှာ မဆီမဆိုင် လမ်းဝင်လျှောက်ခဲ့တဲ့အဖြစ်ပါ။

ထောင်ထောင်မောင်းမောင်း မော်ဒယ်တွေကြား ၀င်လျှောက်နေတဲ့ သူမကိုကြည့်ပြီး စင်အောက်က ပရိတ်သတ်တွေက အံ့အားသင့်ခဲ့ကြရပါသေးတယ်။

ဒါပေမယ့် နာမည်ကျော် စူပါမော်ဒယ် Gigi Hadidက ပွဲကို ဘာအနှောင့်အယှက်မှ မဖြစ်အောင် ၀င်ထိန်းခဲ့တာမို့ ပွဲကတော့ အဆင်ပြေပြေလေး ပြီးသွားခဲ့ပါတယ်။

Hadid က Benolielအနားကိုကပ်သွားပြီး စကားပြောဆိုကာ စင်ပေါ်ကနေ ခေါ်ထုတ်သွားခဲ့ပုံကို Dazzed Fashion ရဲ့အင်စတာဂရမ် ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။

Marie Benoliel ဟာ အစောင့်တွေကိုရှောင်တိမ်းပြီး စင်ပေါ်တက်လာခဲ့တာပါ။

သူမစင်ပေါ်ကို ဘယ်လိုဝင်ခွင့်ရခဲ့တယ်ဆိုတာနဲ့ Hadidကက သူမကို စင်ပေါ်ကခေါ်သွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြတယ်ဆိုတာတော့ မသိရပါဘူး။

Chanel လိုနာမည်ကြီးရှိုးမှာ မိနစ်အနည်းငယ်လောက် ပါဝင်ချင်လို့ အခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး ဟာသyoutuber တစ်ဦးဖြစ်တဲ့အတွက်လည်း ဟာသဆန်ဆန်ပြကွက်လုပ်ချင်တာလည်းပါပါတယ်။ ကျွန်မလုပ်ရပ်ဟာ လူတစ်ချို့ကို စိတ်အနှောင့်အယှက် ဖြစ်သွားစေတယ်ဆိုတာ နားလည်ပါတယ်လို့ Benolielကဆိုခဲ့ပါတယ်။

ပဲရစ်ဖက်ရှင် Weekအတွင်း Chanel ရှိုးရဲ့ လျှောက်လမ်းပေါ်အခုလို စတန့်လုပ်တာဟာ Benolielအတွက် ဒါက ဒုတိယအကြိမ်ဖြစ်သလို၊ ပြီးခဲ့တဲ့အပတ်ကလည်း ပြင်သစ်အမျိုးသမီး အတွင်းခံဘရန်း Etamရှိုးမှာလည်း သတ္တုနဲ့လုပ်ထားတဲ့အတွင်းခံဝတ်ထားပြီး၊ ခေါင်းမှာလည်း Sleep mask တပ်ကာ လမ်းဝင်လျှောက်ခဲ့သေးတယ်လို့သိရပါတယ်။

Khaing

SHARE