ကံကြမ္မာပြောင်းလဲလိုသူတွေအတွက် ထိုင်းမှာခေတ်စားနေတဲ့ လက္ခဏာတက်တူး

facebook/PleMahaheng

ထိုင်းနိုင်ငံမှာ လက္ခဏာဖတ်တာဟာ တော်တော်ပေါ်ပြူလာဖြစ်ပါတယ်။ ဒါကြောင့် စွန့်ဦးတီထွင်သူတစ်ယောက်ဆိုရင် လူတွေရဲ့ကြမ္မာလမ်းကြောင်းကိုပြောင်းလဲပေးနိုင်တဲ့ လက္ခဏာတက်တူးထိုးတဲ့အလုပ်ကို လုပ်ကိုင်နေခဲ့ကြောင်း odditycentral သတင်းအရသိရပါတယ်။

facebook/PleMahaheng

တကယ်လို့ စာဖတ်သူသာ ဗေဒင်လက္ခဏာကိုယုံကြည်သူဆိုရင်တော့ ကိုယ့်ရဲ့လက္ခဏာလမ်းကြောင်းတွေကို အကောင်းဘက်ဆီပြောင်းလဲပစ်ဖို့  တက်တူးထိုးလို့ရနေပါပြီ။ ထိုင်းနိုင်ငံ နွမ်သာဘူရီမှာတော့ လက္ခဏာရေးတဲ့တက်တူးဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲ့ဒီမှာဆိုရင် အသက်လမ်းကြောင်းပြောင်းချင်လား၊ ဒါမှမဟုတ် နှလုံးလမ်းကြောင်းလား၊ ကံလမ်းကြောင်းလား စသဖြင့် ကိုယ်ပြောင်းချင်တဲ့လမ်းကြောင်းပုံစံကို တက်တူးနဲ့ပြောင်းလဲလို့ရပါတယ်။

တက်တူးဆိုင်မှာ လက္ခဏာဖတ်ပညာရှင်တွေလည်း ရှိပါတယ်။ သူတို့က သင်ပိုပြီး ကံကောင်းလာအောင်၊ အဆင်ပြေလာအောင် ဘယ်လမ်းကြောင်းကတော့ တက်တူးထိုးဖို့လိုအပ်နေလဲဆိုတာ ပြောပြပေးမှာဖြစ်ပါတယ်။

facebook/PleMahaheng

တက်တူးဆိုင်ကိုတည်ထောင်တဲ့သူကတော့ အာဂျန်းပလီဆိုသူ အမျိုးသမီးလို့သိရပါတယ်။ သူ့ဆိုင်ကိုလာအားပေးတဲ့ဖောက်သည်တွေတော့ သူမကို ပရော်ဖက်ဆာပလီလို့ခေါ်ပါတယ်။ ပရော်ဖက်ဆာလီက သူမဟာ မျက်ခုံးမွှေးတက်တူးထိုးပေးရာကနေ အလှအပတက်တူးထိုးတဲ့ဘက်ကိုရောက်လာခဲ့တယ်လို့ Sanook သတင်းဌာနနဲ့ အင်တာဗျူးမှာဖြေထားပါတယ်။ ဒါပေမဲ့ သူမဟာ ရှေ့ဖြစ်ဟောနဲ့ အင်္ဂါရုပ်ဖတ်အတတ်ပညာကိုပါ သင်ယူပြီးတဲ့နောက် လက္ခဏာတက်တူးထိုးဖို့ အိုင်ဒီယာရလာတာ ဖြစ်ပါတယ်။

READ
လက်ထပ်ပွဲစီစဉ်ပြီး ပျက်ပြယ်ခဲ့လို့ ကုန်ကျစားရိတ်တွေအတွက် တရားစွဲခဲ့တဲ့ အမျိုးသား

ပလီကတော့ လက္ခဏာလမ်းကြောင်းတွေကို တက်တူးနဲ့ပြုပြင်ခြင်းဟာ ဘဝအပေါ်အကျိုးသက်ရောက်မှုရှိတယ်ဆိုပါတယ်။ သူမကိုယ်သူမလည်း လက္ခဏာလမ်းကြောင်းတွေကို တက်တူးနဲ့ပြင်ပြီးတဲ့နောက် စီးပွားရေးအရမ်းအောင်မြင်လာခဲ့ကြောင်း ပြောပြပါတယ်။ သူမတက်တူးထိုးပေးခဲ့တဲ့ ဖိနပ်ဆိုင်ပိုင်ရှင်ဟာလည်း တက်တူးနဲ့ လက္ခဏာပြောင်းပြီးတဲ့နောက် စတိုးဆိုင်က ဖိနပ်တွေအကုန်ရောင်းချနိုင်ခဲ့ကြောင်းနဲ့ နောက်ထပ်ဥပမာတွေလည်း ရှိသေးကြောင်းပလီက ဆိုပါတယ်။ အခုဆိုရင်တော့ ပလီဟာ လက္ခဏာတက်တူးထိုးတဲ့အလုပ်နဲ့ တော်တော်စီးပွားဖြစ်နေပြီး  ဖောက်သည်တွေတစ်နေ့တစ်ခြားတိုးပွားလာနေကြောင်းလည်း သိရပါတယ်။

facebook/PleMahaheng

လင်းလင်း

SHARE