မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတဲ့ မှုခင်းသတင်းထောက် အမျိုးသား

[email protected]

မှုခင်းသတင်းထောက်ဆိုတာကတော့ များသောအားဖြင့် မှုခင်းသတင်းတွေကို ပြည်သူလူထုအား ပညာပေးတင်ဆက်ရတဲ့ သတင်းထောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ သတင်းထောက်တွေဆိုတာ ပြည်သူတွေရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ သတင်းထောက်ကတော့ မှုခင်းသတင်းထောက်တစ်ဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ မှုခင်းသတင်းထောက် အမျိုးသားဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

View this post on Instagram

 

A post shared by Peter Fegan (@feegsy)

သတင်းထောက်ကတော့ Channel 7 ရုပ်သံလိုင်းမှ မှုခင်းသတင်းထောက်တစ်ဦးဖြစ်သူ Peter Fegan လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ Peter ဟာ အခုဆိုရင်တော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတစ်ခုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ သတင်းဖောက်ပဲ ဖြစ်ပါတယ်။ Peter ဟာ ခရစ်စမတ်ပါတီတစ်ခုအပြန်မှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခြင်းကို ခံခဲ့ရပြီး ဘိန်းဖြူ ၂ ထုပ်ကို လက်ဝယ်တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အဖမ်းခံခဲ့ရပြီး နောက်မှာတော့ Peter ဟာ သူ့ရဲ့ သတင်းထောက်အလုပ်က ထွက်ခဲ့သလို သူကိုယ်တိုင်လည်း မူးယစ်ဆေးဝါးကို သုံးစွဲခဲ့မိကြောင်း ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးပြီး ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

READ
အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ မြန်မာငွေ သိန်း(၁၄၀)တန် LV စွန်

 

“ကျွန်တော့်ရဲ့ အမှားအတွက်တော့ ကျွန်တော်ကောင်းကောင်းကြီး နောင်တရနေပါပြီ။ ဒီကိစ္စတွေကြောင့်ပဲ ကျွန်တော်မြတ်နိုးတဲ့ သတင်းထောက်အလုပ်ကို ဆုံးရှုံးခဲ့ရပြီး ကျွန်တော့်ဘဝဟာ တော်တော်လေးကို ဆိုးဝါးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်အတွက် တော်တော်လေးကို ရှက်မိပါတယ်။ အဲဒီနေ့တစ်ညမှာပဲ ကျွန်တော်သုံးခဲ့မိတာပါ။ ကျွန်တော့်ရဲ့ ကိစ္စကြောင့် အရှက်ရခဲ့တဲ့ မိဘတွေနဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးကိုလည်း ကျွန်တော်တစ်ကယ်တောင်းပန်ချင်ပါတယ်။ တစ်ကယ်ကိုလည်း စိတ်ထဲမှာ နောင်တရနေမိပါပြီ”လို့ Peter က NCA News Wire သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
(၂၀၂၈)အိုလံပစ်ပြိုင်ပွဲမှာ MMA ကစားနည်း ပါဝင်အောင်ကြိုးစားမယ်လို့ ဖွင့်ဟခဲ့တဲ့ Khabib

 

 

View this post on Instagram

 

A post shared by Peter Fegan (@feegsy)

Pyi Hein Kyaw

SHARE