Bသွေးလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်များ

သွေးအမျိုးအစားတွေ အများကြီးထဲကမှ ဘီသွေးလေးတွေဟာ ခံစားလွယ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ လွတ်လပ်မှုကို မြတ်နိုးကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့လေးတွေကို ချစ်မိရင် ဒီအချက်လေးတွေကို မဖြစ်မနေသိထားဖို့ လိုအပ်ပါတယ်။

(၁) စိတ်ထိခိုက်လွယ်တယ်

ဘီသွေးလေးတွေဟာ အရမ်းကို စိတ်ထိခိုက်လွယ်ပါတယ်။ သူတို့အားနည်းချက်တွေကို သူများတွေထက် ပိုတောင်မြင်တတ်ကြပါသေးတယ်။ ဒါကြောင့် တတ်နိုင်သမျှ သူတို့အားနည်းချက်တွေနဲ့ စနောက်တာတွေ မလုပ်မိဖို့ အထူးသတိပြုရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အဲဒါကြီးကိုပဲ တစ်ချိန်လုံးစဉ်းစားပြီး စိတ်အားငယ်တတ်ကြပါတယ်။ နောက်ပြီး သေးငယ်တဲ့ အရာလေးတွေကအစ အကြီးကြီးခံစားနေတတ်သူတွေပါ။

(၂) အရှက်ကြီးတယ်

ဘီသွေးလေးတွေဟာ အရမ်းကို အရှက်ကြီးပါတယ်။ ဒါပေမယ့် သူတို့ဟာ လုံးဝ ရဲရင့်ပြီး အကြောက်အလန့်မရှိတဲ့ ပုံစံကို ဖမ်းထားတတ်ကြပါတယ်။ ဒါပေမယ့် သွေးတွေထဲမှာ သူတို့ကို အရှက်တတ်ဆုံးပါ။ လူရှေ့သူရှေ့ထွက်ပြီး စကားပြောရတာ၊ သီချင်းဆိုရတာ၊ အလှပြရတာမျိုးအရမ်းကို ရှက်တတ်ကြပါတယ်။

READ
အကြိမ်ကြိမ်ကျရှုံးနေလို့ ဘဝကို လက်လျှော့လိုက်ချင်ပြီလား…

(၃) ချုပ်ချယ်တာမကြိုက်ဘူး

ဘီသွေးလေးတွေဟာ ချုပ်ချယ်တာကို လုံးဝမကြိုက်ကြပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက လွတ်လပ်မှုကို အထူးကြိုက်ပြီး ထိန်းချုပ်ရခက်တဲ့ သွေးမျိုးဖြစ်နေလို့ပါ။ သူတို့ကို ချုပ်ချယ်တဲ့သူတွေ၊ သူတို့ကို ဘောင်တွေစည်းတွေနဲ့ ကန့်သတ်တဲ့ နေရာမျိုးတွေမှာ လုံးဝကို မနေချင်ကြပါဘူး။ ဒါကြောင့် သူတို့လေးတွေကိုချုပ်ချယ်တာမျိုးတွေ သွားမလုပ်ပါနဲ့။

(၄) လမ်းသစ်ဖောက်ချင်တယ်

သူတို့ဟာ ဘယ်တော့မှ လမ်းဟောင်းလိုက်ရတာကို မနှစ်သက်ကြပါဘူး။ သူများခင်းပြီးသားလမ်းကို အဆင်သင့်နင်းလျှောက်ချင်တဲ့ သူတွေ မဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအတိုင်းလည်း အမြဲလိုက်တတ်တဲ့သူတွေ မဟုတ်သလို တစ်ခါတလေ ခေတ်နောက်ကျနေတာ၊ ခေတ်ရှေ့ပြေးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အကြောင်းကတော့ သူတို့စိတ်ထဲမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်ကိုပဲ အဓိကထားလို့ဖြစ်ပါတယ်။

(၅) အငြိုးအတေးမထားတတ်ဘူး

ဘီသွေးလေးတွေက တကယ့်ကိုဖြူစင်ကြပါတယ်။ သူတို့စိတ်ထဲမှာ ဘာကိုမှ ထိန်ချန်မထားတတ်ပါဘူး။ စိတ်ဆိုးစရာရှိလည်း ဒဲ့ပဲစိတ်ဆိုးတတ်ကြသလို၊ စိတ်ပြေတာလည်း အရမ်းကို မြန်ပါတယ်။ ဒါကြောင့် သူတို့မှာ အငြိုးအတေးတွေမရှိပါဘူး။ သူတို့ဟာ သူတို့ကိုနာကျင်စေတဲ့သူတွေကို ငြိုးလိုက်ချင်ပေမယ့် စိတ်ထဲကနေ အလိုလို ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ပါတယ်။

READ
စိတ်လှုပ်ရှားပူပန်ခြင်းကို  (၁၂)ရာသီဂြိုလ်ခွင်အလိုက် ဘယ်လိုကိုင်တွယ်နိုင်မလဲ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE