ကားထဲမှာ ဖုန်းအားမသွင်းသင့်တဲ့အကြောင်း သတိပြုရန်အချက်

unsplash/Andreas Haslinger

လူတိုင်းက ဖုန်းအားကုန်ခါနီးအချိန်တွေဆို နည်းနည်းတော့ ရှော့ခ်ရသွားတတ်ပါတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာစိမ်းတစ်ခုကို သွားနေတုန်း၊ မီးပွိုင့်မိနေတုန်း အချိန်တွေဆို ဖုန်းအားကုန်တော့မယ်လို့ သိလိုက်တာနဲ့ ချက်ခြင်းပဲ ဖုန်းကေဘယ်လ်ကြိုးကို ယူပြီး ကားထဲမှာ အားသွင်းလိုက်တာပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက ကားထဲမှာ ဖုန်းဘက်ထရီသွင်းတာဟာ ဖုန်းဘက်ထရီတင်မကဘူး၊ ကားဘက်ထရီကိုပါ ပျက်စီးစေတယ်ဆိုတာ Time မဂ္ဂဇင်းမှာပါတဲ့ သတင်းတစ်ပုဒ်မှာ အခုလို တွေ့ရပါတယ်။

အကြောင်းရင်းက ကားဘက်ထရီကလာတဲ့ ဓာတ်အားဟာ အမြဲတမ်းတသမတ်တည်း ရှိနေတာ မဟုတ်ပါဘူး။ ကားဘက်ထရီတွေရဲ့ အဓိကရည်ရွယ်ချက်က ဖုန်းအားသွင်းဖို့ချည်းပဲ မဟုတ်ပါဘူး။ ဒါကြောင့် ကားဘက်ထရီကနေ ဖုန်းအားသွင်းတဲ့အခါ အိမ်မှာသွင်းသလောက် မြန်မြန်ဆန်ဆန် အားမပြည့်နိုင်တာပဲ ဖြစ်ပါတယ်။

unsplash/Steve Johnson

ကားထဲမှာ ဖုန်းအားသွင်းတဲ့အခါ ကားဘက်ထရီရဲ့အရည်အသွေးတွေကို ကျဆင်းသွားစေပါတယ်။ ကားဘက်ထရီဟာ ကားရှေ့မီးလုံးတွေ၊ အဲကွန်းနဲ့ ရေဒီယိုတွေအတွက် အသုံးပြုရတာပါ။ ကားထဲက ဘက်ထရီဟာ ကားတွင်းက အရာအားလုံးကို စွမ်းအင်မျှပေးနေရတဲ့အပြင် ဖုန်းကိုပါ အားပေးနေရတာ များလာတဲ့အခါ ကားဘက်ထရီရဲ့စွမ်းအင်အရင်းအမြစ်ဟာ လျင်မြန်စွာ ကုန်ခမ်းသွားနိုင်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကော်ပီပန်းချီကားဖြစ်သွားခဲ့တဲ့ Prado Mona Lisa

တကယ်လို့များ စာဖတ်သူအနေနဲ့ ကိုယ့်ကားဘက်ထရီက တော်တော်လေး ဟောင်းနေပြီဆိုရင် ခရီးသွားတဲ့အခါ သတိပြုသင့်ပါတယ်။ ဖုန်းအားသွင်းတဲ့အခါ ဘက်ထရီက အလျင်အမြန်ကုန်ခမ်းနိုင်တဲ့အတွက် နောက်ပိုင်း ယာဉ်မောင်းအဖို့ ဒုက္ခတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ ခရီးတစ်ခုထွက်မယ်ဆိုရင် မိမိဖုန်းကို အိမ်ကနေ အားအပြည့်သွင်းသွားတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကားထဲရောက်မှ အားသွင်းမယ်ဆိုလည်း ပါဝါဘန့်ခ်တစ်လုံးလောက်ပဲ ဖြစ်ဖြစ် ဆောင်ထားဖို့ သင့်ပါတယ်။ နို့မဟုတ်ရင်တော့ ကားဘက်ထရီမှာ ဘက်ထရီအားကုန်တဲ့အခါ ပြင်ဆင်ရမယ့် ၀န်ဆောင်မှုစရိတ်ဟာ အဆမတန်ပေးနေရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE