Tiktok အသုံးပြုသူတိုင်း Charli D’Amelio ကို သိကြမှာပါပဲ။ Tiktok ရဲ့ follower အများဆုံးသော user တစ်ဦးဖြစ်သလို Tiktok ကနေလည်း ဝင်ငွေအများဆုံးရနေတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ဦးပါ။ အခု Tiktok ကို US ကနေ ban လိုက်ပြီးနောက်ပိုင်းမှာတော့ Charli တစ်ယောက် Instagram နဲ့ YouTube ကို အားကိုးလာခဲ့ပါတယ်။
YouTube မှာ ပုံမှန် vlog လေးတွေတင်ရင်းနဲ့ YouTuber တစ်ဦးအဖြစ် ရပ်တည်နေရင်းနဲ့မှ ရုတ်တရက်ဆိုသလိုပဲ ဗီဒီယိုတစ်ခုကြောင့် ပရိတ်သတ်ပေါင်း ၃ သိန်းလောက် ဆုံးရှုံးခဲ့ရပါတယ်။ ဒီမတိုင်ခင်တုန်းက Charli ဟာ YouTube မှာ subscriber ပေါင်း ၇ သိန်းတောင်ရှိနေခဲ့ပါပြီ။ ဒါဟာလည်း ၃ ရက်အတွင်းမှာ subscriber တွေဆောင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း နာရီပိုင်းအတွင်းမှာပဲ ၅ သိန်းတောင် ဆုံးရှုံးသွားခဲ့တာပါ။

အဲဒီဗီဒီယိုကတော့ Charli အနေနဲ့ မိသားစုညစာစားပွဲလေးအကြောင်းကို ဗီဒီယိုရိုက်ပြီး တင်ခဲ့တာပါ။ Charli ရဲ့ အဖေနဲ့အမေရယ်၊ အစ်မဖြစ်သူရယ်အပြင်ကိုမှ ဧည့်သည်အဖြစ် အခင်ဆုံးသူငယ်ချင်း James Charles ပါပါနေခဲ့ပါတယ်။ ညစာကို စားဖိုမှူးတစ်ဦးကို ချက်စေခဲ့ပြီးတော့ စားခဲ့ကြတာပါ။ အဲဒီမှာ စားဖိုမှူးကနေပြီး ထူးထူးဆန်းဆန်းခရုဟင်းကိုချက်ပြုတ်ပေးခဲ့ပါတယ်။
ပြဿနာက ခရုဟင်းကနေစတာပါပဲ။ အကုန်လုံးက ခရုဟင်းကိုစားခဲ့ပေမယ့်လို့ Charli ရဲ့ အစ်မဖြစ်သူကတော့ ခရုဟင်းကို မြည်းကြည့်ရင်းနဲ့မှ ဘာကြီးလဲမသိဘူးဆိုပြီးတော့ စားပွဲပေါ်ကိုအန်ထုတ်ခဲ့ပါတယ်တဲ့။ ဒါကိုပရိတ်သတ်တွေကနေပြီးတော့ သူများရှိနေတာကို မဖွယ်မရာလုပ်တယ်ဆိုကာ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကို Charli ရဲ့မိဘနှစ်ပါးရော၊ Charli ကိုယ်တိုင်ကရော ဘာမှဝင်ပြောခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်လည်း ပရိတ်သတ်တွေက ပိုပြီးတော့ ဒေါသထွက်ခဲ့ကြတာပါ။



James Charles ကတောင် ဝင်ဟန့်ခဲ့ပါတယ်တဲ့လေ။ နောက်တစ်ခုကတော့ Charli ကိုယ်တိုင်ပြောခဲ့တဲ့စကားကြောင့်ပါ။ သူ့အနေနဲ့ Tiktok ကို ban လိုက်တာ သဘောမကျကြောင်းနဲ့ Tiktok မှာ follower သန်း ၁၀၀ မပြည့်ခဲ့တာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတယ်ဆိုပြီး ထုတ်ပြောလာခဲ့တာပါ။ တကယ်တမ်း Charli ဟာ Tiktok မှာ ပြိုင်ဖက်မရှိ follower များနေတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် အခုလိုပြောတာဟာ တော်တော်လေးကို အပိုလုပ်လွန်းရာကျနေခဲ့ပါတယ်။


ထပ်ပြီး James Charles ကနေပဲ Charli ကို Tiktok မှာ follower အများဆုံးဖြစ်နေတာကို ဘာတွေထပ်လိုချင်နေသေးတာလဲဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒီလိုမျိုး Charli တို့မိသားစုကို အချိုးမပြေဘူးလို့ဆိုပြီးတော့ ပရိတ်သတ်တွေက ထင်ကြေးပေးနေခဲ့ကြပြီးတော့ Charli ရဲ့ YouTube channel ကိုလည်း အားလုံး unsubscribe တွေ လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုတော့ Charli တစ်ယောက် ငိုပွဲစင်နေခဲ့ပါပြီ။ ပြဿနာဖြစ်စေခဲ့တဲ့ ဗီဒီယိုကိုလည်း ဖျက်ခဲ့ပါတယ်တဲ့။
View this post on Instagram
Charli ရဲ့ အစ်မ Dixie ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းပြပေးထားပါတယ်။
@dixiedamelio-video…anyways, not posting this for any other reason than to share the truth of something that was ridiculously blown out of proportion…♬ original sound – Dixie D’Amelio
penny