James Bond အဖြစ် သရုပ်ဆောင်ချင်ကြောင်း ဖွင့်ပြောလာခဲ့တဲ့ Charlie Hunnam

[email protected] charliiehunnam

James Bond ဇာတ်ရုပ်ဆိုတာ တော်ရုံတန်ရုံ မင်းသားတစ်ယောက် ဝင်သရုပ်ဆောင်လို့ရတဲ့ ဇာတ်ကောာင်ပုံစံမျိုး မဟုတ်ပါဘူး။ ပရိသတ်တော်တော်များများ လက်ခံပြီး သရုပ်ဆောင်အရည်အချင်း ပြည့်စုံတဲ့ မင်းသားတစ်ယောက်မှသာ Jame Bond ဇာတ်ကောင်နေရာကို အိပ်မက်မက်ခွင့်ရှိတာ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ Hollywood ရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Charlie Hunnam ဟာ James Bond နေရာမှာ သရုပ်ဆောင်ချင်ောကာင်း၊ သူ့အနေနဲ့လည်း James Bond နေရာနဲ့ လိုက်ဖက်မှုရှိတယ်လို့ ၁၀၀ ရာခိုင်နှုန်း သူ့ကိုယ်သူ အပြည့်အဝယုံကြည်မိကြောင်း ဖွင့်ပြောခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

📸New pictures of Charlie Hunnam in California’s Angeles Mountains yesterday (Via just Jared) . #charliehunnam

A post shared by Charlie Hunnam (@charliiehunnam) on

James Bond ဇာတ်ရုပ်ကို စတင်အသက်သွင်းခဲ့တဲ့ မင်းသားကြီးကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ သေဆုံးခဲ့တဲ့ ပထမဦးဆုံး James Bond မင်းသားကြီး Sean Connery ပဲ ဖြစ်ပါတယ်။ Sean Connery ပြီးတဲ့ နောက်မှာတော့ David Niven, George Lazenby, Roger Moore, Timothy Dalton, Pierce Brosnan တို့က သရုက်ဆောင်ခဲ့ပြီး နောက်ဆုံးလက်ရှိအချိန်အထိ သရုပ်ဆောင်နေတဲ့ မင်းသားကြီးကတော့ Daniel Craig ပဲ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ့် Daniel Craig ရဲ့ No Time To Die လို့ အမည်ရတဲ့ James Bond ဇာတ်ကားကတော့ Daniel Craig ရဲ့ နောက်ဆုံးသော James Bond ဇာတ်ကားဖြစ်ပြီး Daniel Craig တစ်ယောက် James Bond ဇာတ်ကောင်အဖြစ်ကနေ အနားယူသွားတော့မှာ ဖြစ်ပါတယ်။

READ
ဓါတ်ပုံ အသစ်လေးတွေ တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

James Bond ဇာတ်ကား producer တွေဖက်ကနေပြီးတော့ Daniel Craig ပြီးရင် သရုပ်ဆောင်မယ့် James Bond မင်းသားအသစ်ကိုတော့ လက်ရှိအချိန်အထိ ရွေးချယ်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ “ကျွန်တော်ကတော့ James Bond ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်ခဲ့တာ James Bond ဇာတ်ကားတွေ စကြည့်ကတည်းကပါပဲ။ ပြီးတော့ အရှေ့က James Bond နေရာမှာ သရုပ်ဆောင်တဲ့ James Bond မင်းသားတော်တော်များများလို ကျွန်တော်တစ်ကယ်အားကျရပါတယ်။

ပထမဆုံး James Bond မင်းသားကြီး Sean Coonery သေဆုံးသွားတဲ့ အချိန်တုန်းကလည်း တော်တော်လေး စိတ်မကောင်း ဖြစ်ရပါတယ်။ လက်ရှိ James Bond သရုပ်ဆောင် Daniel Craig ပြီးရင် James Bond ဇာတ်ကောင်နေရာက လစ်ဟင်းနေတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အင်္ဂလိပ်လူမျိုးတစ်ယောက်ဆိုတော့ အဲဒီလစ်လပ်နေတဲ့ James Bond နေရာမှာ သရုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါတယ်”လို့ Charlie Hunnam က ပြောကြားခဲ့ပါတယ်။ Charlie Hunnam ဟာ King Arthur: Legend of Sword, The Gentlemen, Pacific Rim, Green Street, Deadfall အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ နာမည်ရရှိခဲ့တဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။

READ
အမိုက်စားတော်ကီတွေနဲ့ နန်းဆု ကြွေအောင် လုပ်နေသူ ဘယ်သူဆိုတာ အားလုံး သိချင်နေကြ

 

 

View this post on Instagram

 

Happy Monday everyone! Have a great week 😉 . #charliehunnam

A post shared by Charlie Hunnam (@charliiehunnam) on

Pyi Hein Kyaw

SHARE