Steven Seagal ကြီးကို ဖိုက်တင်မကျွမ်းတဲ့ ဝိတ်ပေါကြီးလို့ ဝေဖန်ခဲ့တဲ့ Charlize Theron

Instagram/Charlize Theron_StevenSegal

Steven Seagal နဲ့ Charlize Theron ဆိုတာ လူတိုင်းသိကြတဲ့ ဟောလိဝုဒ်က ဝါရင့်မင်းသားနဲ့မင်းသမီးတွေပါ။ နောက်ပိုင်းနှစ်တွေမှာ Atomic Blonde, The Fate of the Furious, Mad Max: Fury Road တို့လိုမျိုး အက်ရှင်ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Charlize Theron ဟာ The Howard Stern Show နဲ့ အွန်လိုင်း အင်တာဗျူးတစ်ခုမှာ မင်းသား Steven Seagal ရဲ့အကြောင်း အခုလိုပဲပြောလာခဲ့ပါတယ်တဲ့။

Fox News ရဲ့ဖော်ပြချက်အရ Charlize Theron ဟာ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမအနေနဲ့ Steven Seagal ရဲ့ ဖိုက်တင်အခန်းတွေကို အွန်လိုင်းပေါ်မှာ ကြည့်,ကြည့်ဖြစ်နေပါတယ်တဲ့။ ကြည့်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူမဟာ အက်ရှင်ကားတွေ အရိုက်များလာတဲ့အတွက် ဖိုက်တင်ချတာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ အက်ရှင်မင်းသား၊ မင်းသမီးတွေရဲ့ ရုပ်ရှင်ကားတွေကို ကြည့်ပြီး လေ့လာနေတာလည်း ဖြစ်ပါတယ်။

READ
ရင်တွေခုန်လိုက်တာဗျာ တော်တော်လှတယ်လို့ ဆိုလာတဲ့ တိုင်ရွန်

ဒီလိုဗီဒီယိုတွေကြည့်တိုင်း Steven Seagal ကို ကြည့်ရတာ ဝဝဖိုင့်ဖိုင့်ကြီးနဲ့ ဖိုက်တင်ချတဲ့ အကွက်တွေကလည်း ဘယ်လိုကြီးတွေမှန်း မသိဘူးဆိုပြီး ပေါ်တင်ကိုပြောခဲ့ပါတယ်။ အထူးသဖြင့် Steven Seagal ရဲ့ ခန္ဓာကိုယ်ဟာ အရင်ကလို မဟုတ်ပဲ ၀ဖိုင့်ဖိုင့်ကြီး ဖြစ်နေပြီး မလှုပ်မရှား မတ်တပ်ရပ် ဖိုက်တင်ချနေတာ ဘယ်လိုမှ သဘာဝ မကျဘူးဆိုပြီး ဝေဖန်ခဲ့တာပါ။

နောက်ပြီး Charlize Theron ဟာ ထပ်ပြီး Steven Seagal အကြောင်း အခုလိုပဲထပ်ပြောခဲ့ပါတယ်။ Steven Seagal ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့်လည်း ဘယ်သူနဲ့မှလည်းမတည့်ကြောင်း၊ အရမ်းစကားပြောရခက်ပြီး ဗုကလန့်ဆန်ကာ အမျိုးသမီးတွေအပေါ်မှာလည်း အရမ်းရင့်သီးတယ်လို့ ပြောကြပါတယ်။

View this post on Instagram

Thank you @bulavina for the photo session!

A post shared by Steven Seagal (@seagalofficial) on

မင်းသားကြီး Steven Seagal နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကတော့ (၂၀၁၉)ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ General Commander နဲ့ Beyond the Law တို့ပဲ ဖြစ်ပြီး (၂၀၂၀)ခုနှစ်ထဲမှာ ရုပ်ရှင်ကားသစ် ရိုက်ကူးထားခြင်း မရှိသေးပါဘူး။ မင်းသမီး Charlize Theron နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ (၂၀၁၉)ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒရာမာရုပ်ရှင် Bombshell ပဲ ဖြစ်ပါတယ်။ (၂၀၂၀)ခုနှစ်ထဲမှာတော့ သူမကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင် The Old Guard  ထွက်ရှိလာတော့မှာ ဖြစ်ပြီး (၂၀၂၁)ခုနှစ်မှာ ထွက်ရှိမယ့် F9 ရုပ်ရှင်မှာလည်း ဗီလိန် Cipher နေရာကနေ သရုပ်ဆောင်ထားပါတယ်။

READ
ပရိသတ်တွေအတွက် ပုံအလန်းလေးတွေ တင်လိုက်တဲ့ ရွှေစင်

Penny

SHARE