WWE ကသာ ကမ်းလှမ်းလာခဲ့ရင် နပန်းကြိုးဝိုင်းထဲဝင်ဖို့ စဉ်းစားမယ်ဆိုတဲ့ Charlize Theron

[email protected] charlizeafrica [email protected] beckylynchwwe

Hollywood ရဲ့ နာမည်ကြီး မင်းသမီး Charlize Theron ကိုတော့ ရုပ်ရှင်ပရိသတ်တော်တော်များများ သိကြပြီးဖြစ်မှာပါ။ Charlize ဟာHancock, The Italian Job, A Million Ways to Die in the West, Mighty Joe Young အစရှိတဲ့ Hollywood ရဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ ကျော်ကြားခဲ့တဲ့အပြင် Oscar ဆုရှင် မင်းသမီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုလည်း မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ Charlize ဟာ WWE ရဲ့ နာမည်ကြီး အမျိုးသမီးချန်ပီယံနပန်းသမားတစ်ဦးဖြစ်တဲ့ Becky Lynch နဲ့ အချိန်နေရာမရွေးပဲ ထိုးနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း Yahoo sports သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက Charlize ဟာ မကြာခင်ထွက်ရှိတော့မယ့် သူ့ရဲ့ရုပ်ရှင်ဇတ်ကားအသစ်ဖြစ်တဲ့ The Old Guard လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားအသစ် ပရိုမိုးရှင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ WWE က နပန်းသမားတစ်ဦးဖြစ်တဲ့ Kofi Kingston လည်း ပါဝင်တာကြောင့် အဆိုပါရုပ်ရှင်ပရိုမိုးရှင်းပွဲကို Kofi ကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။

Kofi ဟာ အဲဒီရုပ်ရှင်ပရိုမိုးရှင်းပွဲက အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ WWE အမျိုးသမီးနပန်းချန်ပီယံ Becky Lynch နဲ့ Charlize တို့ ထိုးသတ်တာကို တွေ့မြင်ဖူးချင်ကြောင်း စနောက်ပြောဆိုခဲ့တဲ့အပေါ်မှာ Charlize ကတော့ ရုပ်တည်ကြီးနဲ့ အချိန်နေရာမရွေး Becky နဲ့ ထိုးသတ်နိုင်ကြောင်း၊ သူကိုယ်တိုင်လည်း ဒီလိုမျိုးပွဲကို စိတ်ဝင်စားကြောင်း ချက်ချင်းတုန့်ပြန်ခဲ့ပါတယ်။

View this post on Instagram

I called it. I did it.

A post shared by The Man (@beckylynchwwe) on

“ကျိန်းသေတာကတော့ ကျွန်မတော်တော် အဆော်ခံရမှာပါပဲ။ ဒါပေမယ့် Becky ကိုတော့ မကြောက်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ဒီလိုမျိုးထိုးသတ်ဖို့ကို စိတ်ဝင်စားပါတယ်။ WWE က တာဝန်ရှိတဲ့လူတွေကို ဒီပွဲစီစဉ်ပေးခဲ့ရင် ကောင်းမယ်လို့တောင် ကျွန်မပြောထား ပြီးပါပြီ။ သူတို့ဖက်ကတော့ ဘာမှ အကြောင်းမပြန်လာသေးပါဘူး။ ထိုးဖြစ်ခဲ့ရင်တော့ တော်တော်ပျော်ဖို့ကောင်းမှာပါပဲ” လို့ Charlize က ပြောကြားခဲ့ပါတယ်။

READ
မတ်မတ် ကို သိပ်မကြည့်နဲ့ ရူးသွားမှာ စိုးလို့ ဆိုတဲ့ ပိုပို

Pyi Hein Kyaw

SHARE