Single ဖြစ်နေတာကြာပြီမို့ လာကြိုက်ကြပါဦးလို့ ပြောနေတဲ့ မမ Charlize Theron

Charlize Theron ဟာ Mad Max တို့ Hancock တို့ Snow White and the Huntsman တို့လို လူသိများပြီး ကမ္ဘာကျော်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင်းဟောလိဝုဒ်မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Snow White and the Huntsman, Hancock, Mad Max

အော်စကာဆုရရှိထားသူတစ်ယောက်လည်းဖြစ်ပြီး အသက် ၄၃ နှစ်ရှိနေုပြီး ကလေးနှစ်ယောက်မိခင်ဖြစ်တာတောင်မှပဲ အခုအချိန်အထိ လှပပျိုမြစ်ဆဲ၊ သွက်လက်ဆဲပါပဲ။ သူမရဲ့သရုပ်ဆောင်အရည်အချင်းတွေကြောင့်အပြင် လှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြောင့် အမျိုးသားပရိတ်သတ်တွေရဲ့ ဝန်းရံခြင်းကကို ခံနေရသူတစ်ဦးပါ။

၂၀၁၉ ခုနှစ်မှာတော့ Long Shot ဆိုတဲ့ romantic ရုပ်ရှင်ကားကို Seth Rogen နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။ Long Shot ရဲ့ ရုပ်ရှင်အစမ်းပြမိတ်ဆက်ပွဲအခမ်းအနားမှာတော့ Charlize Theron ဟာ သူမရဲ့ ဘယ်သူမှမထင်ထားတဲ့ အချစ်ရေးအခြေအနေတစ်ရပ်ကို အင်တာဗျူးတစ်ခုမှာ ချပြခဲ့ပါတယ်။

READ
Iron Man ဇာတ်ကောင် ပို့စ်နဲ့ အင်စတာပေါ်မှာတွေ့ရပြန်တဲ့ Robert Downey Jr.
Instagram

အမြင်မှာဆွဲဆောင်မှုရှိပြီး နာမည်ကျော်မင်းသမီးတစ်လက်၊ ထက်ထက်မြက်မြက်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် ပိုးကြပမ်းကြတဲ့အမျိုးသားတွေ သိပ်ကိုများမှာပဲလို့ ထင်မိကြမှာပါ။ သို့ပေမယ့် Charlize Theron ရဲ့ စကားအရတော့ သူမကို လာကြိုက်မယ့်လူဟာ ၁၀ နှစ်အတွင်းတစ်ယောက်မှ မရှိခဲ့တာကြောင့် တစ်ကိုယ်တည်းဖြစ်နေကာ ချိန်းတွေ့မယ့်လူတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

(၁၀) နှစ်အတွင်း ဒိတ်လုပ်စရာလူတောင်မရှိတဲ့ဘဝမို့ ကလေးနှစ်ယောက်ရယ်၊ သူမရဲ့အနုပညာအလုပ်တွေရယ်နဲ့ပဲ အချိန်ကုန်နေခဲ့တာပါ။ Charlize Theron အနေနဲ့ ၂၀၁၄ ခုနှစ်တုန်းက Sean Penn နဲ့ စေ့စပ်ခဲ့ပြီး ၂၀၁၅ မှာတော့ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုပြီး ပြတ်စဲခဲ့ကြပေမယ့် တွဲခဲ့တဲ့အချိန်အတွင်းလည်း သူ့ကိုယ်သူ ချစ်သူရှိတယ်လို့မခံစားခဲ့ရဘဲ Single တစ်ယောက်လို့သာ ခံစားနေခဲ့ရပါတယ်တဲ့။

CHRIS PIZZELLO_INVISION_AP

မမ Charlize Theron ရဲ့အထီးကျန်နေတဲ့ single ဘဝလေးကနေ လွတ်ကျွတ်အောင် ဒိတ်လုပ်ဖို့တောင်းဆိုတဲ့လူပေါ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

READ
ဖွင့်ပွဲတစ်ခုကို အတူတူတက်ခဲ့တဲ့ မိုးမြင့်သဇင်နဲ့ နွယ်နွယ်ထွန်းတို့ ညီအစ်မနှစ်ယောက်
Instgarm

Source: Huff Post

Penny

SHARE