ဘယ်သောအခါမှ ယောက်ျားယူဖို့ အစီအစဉ်မရှိကြောင်း ဖွင့်ပြောခဲ့တဲ့ Charlize Theron

[email protected]

အမေရိကန် နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Charlize Theron ကိုတော့ တော်တော်များများ သိကြမှာပါ။ Bombshell, Mad Max, Monster, Atomic Blonde, Snow White and the Hunts Man အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီးတစ်ယောက်ဆိုလဲ မမှားပါဘူး။ အခုလည်း အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ Charlize က သူမဘဝမှာ ယောကျာ်းယူဖို့ တစ်ခါမှ မစဉ်းစားခဲ့တဲ့အပြင် ဘယ်သောအခါမှလည်း ယောကျာ်းယူမှာ မဟုတ်ကြောင်းဖွင့်ပြောခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B3SpuN2h_h6/

ပြီးခဲ့တဲ့ ဇွန်လအလယ်လောက်တုန်းက Netflix က ထုတ်လွှင့်မယ့် Charlize ရဲ့ The Old Guard ဇာတ်ကား မိတ်ဆက်ပွဲမှာ လူမြင်ကွင်းထဲကို Charlize တစ်ယောက် ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း Insider သတင်းဌာနက တစ်ချိန်က သူမနဲ့တွဲပြီး စေ့စပ်ခဲ့ဖူးတဲ့ Charlize ရဲ့ ရည်းစားဟောင်းဖြစ်သူ Sean Penn နဲ့ ဇာတ်လမ်းကို မေးမြန်းခဲ့ပါတယ်။

READ
အဖြူရောင်လေးကို အားပေးလို့ ကျေးဇူးတင်တယ်ဆိုတဲ့ ပိုပို

https://www.instagram.com/p/B76SO4jhpNz/

Charlize နဲ့ Sean ဟာ တစ်ချိန်က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခဲ့ကြသလို နှစ်ဦးသဘောတူ စေ့စပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်လောက်ကတည်းက လူမြင်ကွင်းမှာ တရားဝင်တွဲခဲ့ကြကာ စေ့စပ်ပြီး သိပ်မကြာခင် ၂၀၁၅ လောက်မှာပဲ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပါတယ်။

View this post on Instagram

#BAFTAs 💜

A post shared by Charlize Theron (@charlizeafrica) on

“အဲဒီအချိန်တုန်းကတည်းက ဘာစိတ်မှ မရှိပဲ တွဲခဲ့တာပါ။ ကျွန်မစိတ်ကူးထဲမှာ Sean နဲ့ လက်ထပ်ဖို့လည်း စိတ်ကူးတောင် မရှိပါဘူး။ ကျွန်မတို့ဒိတ်တယ်၊ တွဲတယ်၊ လျှောက်သွားကြတယ်၊ ပျော်စရာတွေ ဖန်တီးတယ်၊ ဒီလောက်ပါပဲ။ သူမှမဟုတ်ပါဘူး တခြားယောက်ျားလေးတွေဆိုရင်လည်း တွဲရုံပဲတွဲမှာပါ။ လက်ထပ်ဖို့အစီအစဉ်ကတော့ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။ ကျွန်မစိတ်ကူးထဲမှာ ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ကိစ္စက ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒီအရွယ်ကြီးရောက်မှလည်း အချစ်ကိစ္စအတွက် ခံစားနေမယ်ဆိုရင် ဟာသဆန်လွန်းပါတယ်” လို့ Charlize က ပြောကြားခဲ့ပါတယ်။

READ
မိန်းကလေးပရိသတ်တွေ ကြွေနေတဲ့ အ၀င်းရဲ့ အကြောင်း

Pyi Hein Kyaw

SHARE