WWE နပန်းပွဲတွေဆိုတာ ကျွန်တော်တို့ ငယ်ဘဝကို အချိန်အတော်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ Entertainment တစ်ခုပါပဲ။ ဒီနပန်းပွဲတွေကို ငယ်ငယ်တုန်းကတော့ တစ်ကယ် ထိုးသတ်နေတယ်လို့ ထင်ခဲ့ပေမယ့် အသက်အရွယ်တစ်ခု ရောက်လာတဲ့အချိန်ကျတော့မှ ဒါတွေဟာ တစ်ကယ်ထိုးသတ်နေတာ မဟုတ်ပဲနဲ့ Entertainment ရောထွေးနေတယ်ဆိုတာ သိလိုက်ရတာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/B-kQ0dJnCNB/
အခုလည်း ဒီ WWE လောကက နာမည်ကြီး နပန်းမယ်တစ်ဦးဖြစ်တဲ့ Charlotte Flair ကိုတော့ WWE ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ မကြာသေးခင်အချိန်ကလည်း Charlotte ဟာ WWE ပွဲစဉ်တစ်ခုမှာ နပန်းမယ် Nia Jax ကြောင့် တော်တော်ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ အဲဒီပွဲစဉ်ပြီးတဲ့နောက် Charlotte ဟာ WWE နပန်းလောကကနေ အနားယူရတတော့မှာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို အနားယူရတဲ့ အကြောင်းအရင်းကတော့ ၂၀၁၈ ခုနှစ်ကတည်းက သူမရဲ့ ရင်သားမှာ ထည့်ထားတဲ့ ဆီလီကွန်ဟာ နေရာမကျဖြစ်နေပြီ နပန်းဆက်ထိုးရင် အန္တရာယ်ရှိတာကြောင့် ဒီရင်သားကိစ္စကို အရင်ဆုံးဖြေရှင်းရမှာဖြစ်ကြောင်း Digital Spy သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
https://www.instagram.com/p/CCWWvs6MJf6/
ဒါ့အပြင် Charlotte ဟာ သူမရဲ့ Twitter အကောင့်ကနေပြီး သူလက်ရှိခံစားနေရတဲ့ ဝေဒနာကိုလည်း ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းတော့လဲ ဒီလိုဖြစ်နေရင် ဆက်မထိုးပဲ ဒီကိစ္စကို အရင်ဆုံး ဖြေရှင်းသင့်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ WWE မှာ ထိုးနေရင်း ပြိုင်ဖက်က အမှတ်တမဲ့ ရင်သားကို ထိုးလိုက်မိရင် ဆီလီကွန် ကွဲထွက်သွားပြီး အသက် အန္တရာယ်တောင် စိုးရိမ်ရတဲ့ အနေအထားပါ။
My air conditioning is broken, and we have a little free time. These tweets may be spaced out a bit, but we’re going to talk time off, plastic surgery and boobs.
— Charlotte Flair (@MsCharlotteWWE) July 12, 2020
“ကျွန်မကတော့ WWE ကနေ မထွက်သွားချင်ပါဘူး။ ကျွန်မ သံယောဇဉ်အရမ်း ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ထွက်သွားမှရမယ့် အခြေအနေမို့လို့ပါပဲ။ အရင်ဆုံး ကျွန်မရင်သားကို ခွဲစိတ်မှုပြန်လုပ်ပြီး ဆီလီကွန်ကို နေရာမှန်ရောက်အောင် ပြန်ထားရပါမယ်။ အဲဒီနောက် အသားကျအောင် အိမ်မှာပဲ အချိန်တော်တော်ကြာ အနားယူရပါမယ်။ အဲဒီနောက်တော့ WWE လောကကို ပြန်လာနိုင်အောင် ကျွန်မကြိုးစားမှာပါ” လို့ Charlotte က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw