Mask တပ်တာ ပုံစံမကျလို့ ဝေဖန်ခံနေရတဲ့ အွန်လိုင်း ဆယ်လီမမ

[email protected] charlyjordan

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲနေပြိး အတက်နိုင်ဆုံး အပြင်ကို လုံးဝမထွက်သင့်တဲ့ အခြေအနေပါ။ COVID 19 ကပ်ရောဂါဟာ စဖြစ်ခါစ အချိန်ကလောက် လူအသေအပျောက် မများတော့ပေမယ့် ရောဂါကာကွယ်ဆေးဟာ အခုအချိန်အထိ မပေါ်သေတာကြောင့် လူတိုင်း သတိထားရမယ့် အခြေအနေပါပဲ။ အခုလည်း နာမည်ကြီး Tiktok ဆယ်လီတစ်ယောက်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကိုဗစ်ကာလမှာ Rwanda နိုင်ငံကို ခရီးသွားခဲ့လို့ ဝေဖန်ခံခဲ့ရပြီး အခုလည်း Mask တပ်တာ ပုံစံမကျလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရကြောင်း NZ Hearld သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

သူမကတော့ Tiktok ဆယ်လီတစ်ဦးဖြစ်တဲ့ Charly Jordan လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Charly ဟာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ လကုန်ခါနီးမှာ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Rwanda နိုင်ငံသို့ ခရီးထွက်ခဲ့ပါတယ်။ အဲဒီနောက် Rwanda နိုင်ငံရောက်တဲ့အချိန်မှာ COVID 19 ရောဂါပိုးတွေ့ရှိလို့ဆိုပြီး quarantine ၄ ရက်နေခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Charly မှာ COVID 19 ရောဂါပိုးရှိတယ်ဆိုတာ မှားယွင်းစစ်ဆေးမိကြောင်း သိရှိခဲ့တဲ့ အတွက်ကြောင့် Charly ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

READ
မြေအောက်တိုက်ခန်းလေးထဲမှာ ဆယ်နှစ်ကြာလိင်ကျွန်ပြုခံခဲ့ရတဲ့အမျိုးသမီး

ပြီးတော့ Charly ဟာ Rwanda နိုင်ငံမှာ ရက်အနည်းငယ်သာလျှောက်လည်ခဲ့ပြီး အမေရိကန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေကိုလည်း COVID 19 ကာလအတွင်းမှာ ခရီးထွက်ခဲ့မိတဲ့အတွက်ကြောင့် သူမအနေနဲ့ မှားယွင်းခဲ့ကြောင်း ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် Charly ဟာ သူမ Instagram မှာ သူမတင်ခဲ့တဲ့ ပုံတစ်ချို့ကြောင့် ထပ်မံဝေဖန်ခံခဲ့ရပါတယ်။

[email protected] Jordan

ပုံထဲမှာ တွေ့ရတဲ့ အတိုင်း Charly ဟာ Rwanda နိုင်ငံက ကလေးတွေနဲ့ ဆော့ကစားပြီး ဓာတ်ပုံအတူတူရိုက်နေတဲ့အချိန်မှာ Mask လုံးဝမတပ်ခဲ့ပါဘူး။ ဒါပေမယ့် တောထဲကို လျှောက်သွားပြီး ဂေါ်ရီလာတွေနဲ့ တွေ့တဲ့အချိန်မှာတော့ Charly တစ်ယောက် Mask ကို တောက်လျှောက် တပ်ထားခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကလေးတွေနဲ့ တွေ့တဲ့အချိန်မှာ ဂရူတစိုက်နဲ့ Mask ကို တပ်ရမယ့်အစား မတပ်သင့်တဲ့အချိန်မှာ Mask ကို တောက်လျှောက်တပ်ထားခဲ့တဲ့ Charly ကို သူမရဲ့ ပရိသတ်တွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရပါတယ်။

 

 

View this post on Instagram

 

Silverback gorillas were put on the endangered species list in 2018 by the IUCN, these gorillas share 98% of our DNA! Watching these beautiful creatures coddle their babies and protect their own, I never thought I’d be able to experience this in my lifetime. We are so far removed from the real world, it’s important to remember we need to care for every living creature. It’s very rare to see a silverback gorilla, as the silver is a sign of maturity, not the species. And they were put on the endangered species list due to the damage of their habitat. @gorillatrekkinginbwindi gives back to helping support their habitat and the communities around Rwanda, Uganda, and the Congo helping with education and water supply! Thank you so much for the amazing experience and if you guys ever come out here make sure to check them out! It’s so rare to be this close to these beautiful animals and see so many of them! Check out the clip of the leader of the pack “Agashya” which means special. HUGE SILVERBACK

A post shared by ❀ CHARLY JORDAN ❀ (@charlyjordan) on

Pyi Hein Kyaw

SHARE