ပထမဆုံးDateမှာ ကောင်မလေးအထင်ကြီးအောင်လုပ်နည်းများ

ကောင်မလေးနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ကောင်မလေးဘက်က သဘောကျသွားအောင် ဘယ်လိုလုပ်ရမလဲ သိချင်
နေတဲ့ အမျိုးသား ပရိသတ်ကြီး ရှိမယ်ထင်ပါတယ်။ ဒီတော့ အောက်ဖော်ပြပါအချက်တွေကို လိုက်နာကျင့်သုံးလိုက်တာနဲ့
ကောင်မလေးရဲ့ သဘောကျမှုခံရဖို့ သေချာသလောက်ဖြစ်နေပြီဆိုတာ Shwemom က အကြံပြုပါရစေ။

(၁) မပျင်းရိပါစေနဲ့

စကားဝိုင်းကို သင်က ဦးဆောင်ရမှာက သင်ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဦးဆောင်ရမယ့် စကားဝိုင်းမှာ သူလည်း မပျင်း
အောင်၊ သင်လည်း မညည်းငွေ့အောင် ကြံဖန် ပြောတတ်ဖို့ လိုပါတယ်။ ကိုယ်ရည်ချည်းပဲ ထိုင်သွေးနေမိရင်လည်း အ
ဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ ဟာသလေးတွေ ညှပ်ညှ်ပြောပေးတာ ထိရောက်စေပါတယ်။

(၂) ကိုယ့်အကြောင်း သူ့အကြောင်း မျှပါစေ

သင့်ရဲ့ စကားပြောပညာပါမှုအပေါ်မူတည်ပြီး သူ့အကြောင်း ဘာဆိုတာ သင် သိတန်သလောက် သိရမှာပါ။ ဒီတော့ စ
ကားပြောတဲ့အခါ မလိုအပ်ဘဲ ၀ါကျအရှည်ကြီး မပြောပါနဲ့။ သူ့ကိုလည်း လိုလိုလားလား စကားပြောလာအောင် လမ်းဖွင့်
ပေးပါ။

(၃) အများကြီးမသောက်ပါနဲ့

တစ်ချို့မိန်းကလေးတွေက ဆိုရှယ်ကျပြီးသားဖြစ်ပါတယ်။ ပထမဆုံး date တဲ့နေ့မှာတောင် ဘီယာဆိုင်၊ စားသောက်ဆိုင်
လိုနေရာမျိုးလည်း အဆင်ပြေတတ်ကြပါတယ်။ ဒီတော့ သင် အဲဒိလို အမျိုးသမီးနဲ့ တွေ့တဲ့အခါ ခေါင်းမဖော်နိုင်အောင် မ
သောက်ပါနဲ့။ သူက သင့်ကို ထမ်းပြန်မယ့်သူ မဟုတ်ပါဘူး။ ကြည့်ကောင်းရုံလေးပေါ့။

READ
သင့်ကောင်မလေးရှေ့မှာ မလုပ်သင့်တဲ့အပြုအမူတွေ

(၄) ကိုယ်ဘာလဲဆိုတာ သူ သိပါစေ

ကိုယ်ဘာလဲဆိုတာ အရှိအတိုင်းကို သူ သိဖို့ လိုအပ်ပါတယ်။ ဘာမှ အပိုဆာလာ မပြောပါနဲ့။ လူပေါကြီးဖြစ်တတ်ပါတယ်။
ဒီလိုပဲ သူ ဘာလဲဆိုတာကို သိအောင်ကြိုးစားရပါမယ်။

(၅) ပေါ့ပေါ့ပါးပါး မေးခွန်းမျိုး ပြန်မေးပါ

သူ ပျင်းနေမှာစိုးရင် ပေါ့ပေါ့ပါးပါး မေးခွန်းလေးတွေ အရေးပေါ်မေးတတ်ရပါတယ်။ အလုပ်လုပ်ရတာ အဆင်ပြေလား၊
ဘယ်လို ဂီတကို နားထောင်ဖြစ်သလဲ၊ အားကစားလုပ်ရတာ ၀ါသနာပါလား-စသည့် သူ ဖြေလို့ကောင်းမယ့် မေးခွန်း
လေးတွေကို မေးပေးပါ။

(၆) ယုံကြည်မှုရှိပါ

ဘယ်အလုပ်ပဲ လုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူက တစ်ပန်းသာပါတယ်။ ဒီတော့ ကောင်မလေးကို မူအားဖြင့် သဘောကျပြီဆိုရင် ကိုယ့်ကိုယ် ပြန်ပြီးစိတ်ဝင်စားလာစေရမယ်ဆိုတဲ့ သဘောမျိုး ထားပါ။ ဒါမှ သင် ရဲဝံ့မှာ။

READ
ပထမဆုံးDateမှာ ကောင်မလေးကိုဘာတွေပြောရမလဲ

(၇) ကုန်ကျစာရိတ်နဲ့ပတ်သက်ပြီး

နိုင်ငံခြားမှာတော့ ကိုယ်စားတာ ကိုယ့်ဘာသာ ကိုယ်ရှင်းတာ သိပ်ကိစ္စမရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း စာနာတတ်တဲ့ မိန်း
ကလေးတွေဟာ စာရိတ်တစ်ဝက် စိုက်ထုတ်လေ့ရှိပါတယ်။ အထူးသဖြင့် သင့်ပုံစံက သင့်ရဲ့ဘဏ္ဍာရေးအခြေအနေအား
နည်းကြောင်း သိသာစေတဲ့ အခါမျိုးမှာပေါ့။ ဒီလိုအချိန်မျိုးကျတော့ အတင်းကြီး လုမရှင်းပါနဲ့။ အဲ အခြေအနေက ပြောင်း
ြုပန် ကောင်မလေးက မပြည့်မစုံပုံစံလေးဆိုရင် ကြည်ကြည်ဖြူဖြူ ရှင်းပေးပါ။

(၈) ရင်းနီးစွာ နှုတ်ခွန်းဆက်ပါ

စကားလက်ဆုံပြောပြီးလို့ အိမ်ကို ပြန်တဲ့အခါမှာလည်း နောက်လည်း အခါအခွင့်သင့်ရင် စကားလက်စုံပြောချင်ပါသေး
တယ်-ဆိုတာမျိုး ဂရုစိုက်ပြန်နော် … လိုက်ပို့ဖို့ လိုသေးလား … အကူအညီလိုရင်လည်း အားမနာပါနဲ့-စတဲ့ ယဉ်ကျေး
ပြီး နောက်တစ်ခါတွေ့ရအောင်လို့ အဓိပ္ပါယ်သက်ရောက်စေတဲ့ စကားလုံးတွေကို သုံးပြီး နှုတ်ဆက်ပါ။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

SHARE