သမီးလေးမွေးဖွားလိုက်တဲ့ မင်းသမီး ချောရတနာ

ရုပ်ရှင်ချစ်ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့၊ ပေါချောလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ မတ်လ ၁၂ရက်နေ့က ဝိတိုရိယဆေးရုံမှာ သူမရဲ့ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို မွေးဖွားလိုက်ပါပြီ။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ပဲ ပရိသတ်တွေ အထိအတွေ့မရှိတော့တာတော့ တောတော်လးလည်း ကြာပြီ ဖြစ်ပါတယ်။

ချောရတနာ သမီးကလေးမွေးဖွားတဲ့အကြောင်းကိုတော့ သူရဲ့ ညီမဖြစ်တဲ့ မော်ဒယ် သန္တာဗိုလ်က သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “ကဲ.. တူလေးပြီးတော့ တူမလေး”လို့ရေးပြီး ချောရတနာရဲ့ ဓါတ်ပုံကို တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ချောရတနာကို အနုပညာအလုပ်တွေ ပြန်လုပ်ဖို့လည်း မျှော်လင့်နေကြပါတယ်။ ချောရတနာကတော့ “ဥ”ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆုကို ရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

Source: Thandar Bo

SHARE